Love (ft. Marriage & Divorce)

Love (ft. Marriage & Divorce)

Jan. 23, 2021
Your rating: 0
8.6 9 votes

Seasons and episodes

1Season 1 Jan. 23, 2021
2Season 2 Jun. 12, 2021
3Season 3 Feb. 26, 2022

Creator

Creator

Cast

Sung Hoon isPan Sa-Hyun
Pan Sa-Hyun
Lee Ga-Ryeong isBu Hye-Ryeong
Bu Hye-Ryeong
Lee Tae-gon isShin Yoo-Shin
Shin Yoo-Shin
Park Joo-mi isSa Pi-Young
Sa Pi-Young
Jeon No-min isPark Hae-Ryun
Park Hae-Ryun
Jeon Soo-kyung isLee Shi-Eun
Lee Shi-Eun
Kim Eung-soo isPan Moon-Ho
Pan Moon-Ho
Kim Bo-Yeon isKim Dong-Mi
Kim Dong-Mi
Noh Joo-hyun isShin Ki-Rim
Shin Ki-Rim
Jeon Hye-Won isPark Hyang-Ki
Park Hyang-Ki

Synopsis

Love (ft. Marriage & Divorce)

ဒီတစ်ခေါက် GCမှတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းတွဲကတော့ အသက်30, 40 နဲ့ 50အရွယ် အမျိုးသမီးဇာတ်ဆောင်3ဦးရဲ့ ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ အိမ်ထောင်သည်ဘဝမှာရင်ဆိုင်ရတဲ့ဒုက္ခတွေကို လက်တွဲဖော်တွေနဲ့အတူ ဖြေရှင်းကြတဲ့အကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်

ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်များဟာ လက်ထပ်ပြီးသားစုံတွဲ3တွဲအနေနဲ့ပါဝင်သွားမှာပါ။
အိမ်‌ထောင်သက်3နှစ်ရှိပြီဖြစ်တဲ့ အသက်30အရွယ် ရေဒီယိုDJ “ဘူဟယ်ယောင်း”နဲ့ တရားသူကြီး “ဖန်ဆာဟွန်း”တို့အတွဲ

40အရွယ် ရေဒီယိုရှိုးထုတ်လုပ်ရေးဒါရိုက်တာ “ဆာဖီယောင်း”နဲ့ ဆေးရုံတစ်ခုမှာအလုပ်လုပ်တဲ့အပြင် ကိုယ်ပိုင်ဆေးခန်းလေးပါဖွင့်ထားတဲ့ ဆရာဝန်တစ်ယောက်ပေမယ့် Romanticဆန်တဲ့ “ရှင်းယူရှင်း”တို့အတွဲ

နှစ်30အိမ်ထောင်သက်နဲ့ အသက်50အရွယ် ရေဒီယိုအစီအစဉ်တစ်ခုရဲ့အဓိကစာရေးဆရာမ “လီရှီအွန်း”ဟာ အလုပ်နဲ့မိသားစုကြား အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပြီး ခင်ပွန်းဖြစ်သူ “ပတ်ဟယ်ရွန်း”က ဇနီးသည်ရဲ့အထောက်အပံ့နဲ့ တက္ကသိုလ်ဌာနမှုးဖြစ်လာသူပါ

အပိုင်း16ပိုင်းပါဝင်တဲ့ ဒီဇာတ်လမ်းတွဲကို Director Yoo Jung Joonရိုက်ကူးခဲ့ပြီး Netflixမှာ အပတ်စဉ် စနေ့၊ တနင်္ဂနွေညတိုင်းပြသမှာမို့ GCမှဘာသာပြန်တင်ဆက်ပေးမှာကိုလည်း စောင့်မျှော်အားပေးကြပါအုန်းရှင်။

Translated by Aye Thinzar Moe,Loon,Thae and Snowflake

 

Love (ft. Marriage & Divorce)
SEASON2

ဒီတစ်ခေါက်အတွက် GCမှအလှည့်ကျတာ ကတော့ Love (ft. Marriage & Divorce) SEASON 2!! ပဲဖြစ်ပါတယ်။

ချစ်ရသူနှစ်ဦးပေါင်းဖက်ပြီး အိမ်ထောင်တစ်ခုပြုဖို့ဆိုတာ ချစ်သူတိုင်းရဲ့အိမ်မက်ပါ။ဒါပေမယ့် အိမ်ထောင်ရေး ဆိုတဲ့ကာလမှာ တွေ့ကြုံရမယ့်အခက်အခဲတွေကတော့ မျှော်မှန်းထားတဲ့ ပျော်စရာအိမ်မက်မဟုတ်တော့ပါဘူး။

အဓိကဇာတ်ဆောင်တွေအနေနဲ့ SEASON 1ရဲ့ အဓိကစုံတွဲတွေဖြစ်တဲ့လက်ထပ်ပြီး စုံတွဲ3တွဲကပဲ SEASON 1 ရဲ့မပြီးပြတ်ကြသေးတဲ့ ပဋိပက္ခတွေကို ဆက်လက်သရုပ်ဆောင်ပြကြသွားဦးမှာပါ။

အိမ်‌ထောင်သက်3နှစ်ရှိပြီဖြစ်တဲ့ အသက်30အရွယ် ရေဒီယိုDJ “ဘူဟယ်ယောင်း”နဲ့ တရားသူကြီး “ဖန်ဆာဟွန်း”တို့အတွဲ၊ ဖန်ဆာဟွန်းနဲ့ဆုန်းဝန်း တို့အကြောင်း ပေါ်သွားတဲ့အခါ၊ဒီအတွဲရဲ့ season1 အပြီးဖန်ဆာဟွန်းရဲ့ ကွာရှင်းဖို့ဆုံးဖြတ်ချက်ကရော ဘယ်လိုဖြစ်လာမလဲ။
ဘူဟယ်ယောင်းကရော ခွင့်လွှတ်နိုင်ပါ့မလား

40အရွယ် ရေဒီယိုရှိုးထုတ်လုပ်ရေးဒါရိုက်တာ “ဆာဖီယောင်း”နဲ့ ဆေးရုံတစ်ခုမှာအလုပ်လုပ်တဲ့အပြင် ကိုယ်ပိုင်ဆေးခန်းလေးပါဖွင့်ထားတဲ့ ဆရာဝန်တစ်ယောက်ပေမယ့် Romanticဆန်တဲ့ “ရှင်းယူရှင်း”တို့အတွဲ၊ Season1 နောက်ဆုံးပိုင်းမှာ ဆာဖီယောင်းရဲ့ သံသယတွေ၊ ရှင်းယူရှင်းရဲ့ မိထွေး ဂင်ဒုံမီ‌ကရော ဘယ်လိုအကြံအစည်မျိုးလဲ

နှစ်30အိမ်ထောင်သက်နဲ့ အသက်50အရွယ် ရေဒီယိုအစီအစဉ်တစ်ခုရဲ့အဓိကစာရေးဆရာမ “လီရှီအွန်း”ဟာ အလုပ်နဲ့မိသားစုကြား အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပြီး ခင်ပွန်းဖြစ်သူ “ပတ်ဟယ်ရွန်း”က ဇနီးသည်ရဲ့အထောက်အပံ့နဲ့ တက္ကသိုလ်ဌာနမှုးဖြစ်လာသူပါ။ပတ်ဟယ်ရွန်းရဲ့ ငြီးငွေ့စပြုလာတဲ့အိမ်ထောင်ရေးကြား နမ်ဂါဘင်းနဲ့တွေ့လာတဲ့အခါ၊ကလေးတွေအတွက် အမြဲဦးစားပေးတဲ့ လီရှီအွန်းကရော ဘယ်လိုတွေဆုံးဖြတ်ချက်ချဖြစ်မလဲ။

ဒီလို ဒီလို မေးခွန်းပေါင်းများစွာကိုအပတ်စဉ် စနေ့၊ တနင်္ဂနွေညတိုင်းထုတ်လွှင့်ပြသမယ့် season 2 မှာ GCမှလည်း ဘာသာပြန်တင်ဆက်ပေးရင်း ဘာတွေများဇာတ်ရှိန်မြင့်လာဦးမလဲ ဆက်လက်ကြည့်ရှုကြပါဦးရှင့်

Translated by Chu,Kham,Phyo and Loon

Love (ft. Marriage & Divorce)
Original title 결혼작사 이혼작곡
First air date Jan. 23, 2021
Seasons 1
Episodes 16
Average Duration 60 minutes

Similar titles

Kill Heel
Snowdrop
Kiss Sixth Sense
Vikings: Valhalla
Something in the Rain
Doctor Lawyer
Story of Kunning Palace
Secret Garden
My Liberation Notes
Mumbai Diaries 26/11 (2021)
You are My Heartbeat
The One and Only