
Forbidden Marriage (금혼령, 조선 혼인 금지령) “ဘုရင်က အရူးပဲ”… ချစ်ရတဲ့အိမ်ရှေ့စံမိဖုရား ဆုံးပါးသွားလို့ တစ်တိုင်းပြည်လုံးကို လက်ထပ်ခွင့်မပြုတဲ့ဘုရင်ကို တိုင်းသူပြည်သားတွေရဲ့မှတ်ချက်ပါ။ ဂျိုဆွန်းဘုရင် Lee Heon (Kim Young-Dae)။ ချစ်ရသူကို ဆုံးရှုံးပြီး ငါကိုယ်တော်မှ ချစ်တီတူးခွင့်မရှိ တစ်ပြည်လုံး ဒီအတိုင်းနေဆိုတဲ့ဘုရင်ပေါ့။ ပြန်လည်ထိမ်းမြားခြင်းကို ငြင်းဆန်ပြီး သူ့ကိုယ်သူတင်မက တစ်တိုင်းပြည်လုံးကို သောကတွေပေးနေသူကြီးပါ။ Ye So-Rang (Park Ju-Hyun)ကတော့ လူလိမ်တစ်ယောက်ဖြစ်ပြီး ဂျိုဆွန်းရဲ့အပိရိဆုံး ကွက်ကျော်ဆရာမကြီးပါ။ အကျဥ်းထောင်မှာ အဖမ်းခံရာကနေ နတ်ရွာစံမိဖုရားရဲ့ဝိညာဥ်က နန်းတွင်းထဲမှာ ရှိကြောင်း ရွှီးရှောင်ဖြန်းရင်း ဘုရင်ကိုပါ တက်လိမ်ဖို့ အဖြစ်တွေဖန်လာပါတော့တယ်။ မိဖုရားကိုတွေးမိတိုင်း ဆောက်တည်ရာမရတဲ့မင်းကြီးအနေနဲ့ လူလိမ်မလေးရဲ့လှည့်ကွက်တွေအောက်မှာ ဘယ်လိုတွေမြောပါရင်း ဂယက်တွေရိုက်ကုန်မလဲ။ နန်းတွင်းကြီးတစ်ခုလုံး ဘယ်လိုတွေဗြောင်းဆန်ကုန်မလဲဆိုတာကို ရယ်ရင်းမောရင်း GC နဲ့အတူတူ ရှုစားလိုက်ရအောင်လားရှင်။
Translated by Winnie Ngoon & Phyo Thant