Hello GCverseပရိသတ်ကြီးရေ
အခုတစ်ခေါက်တော့ ထိုင်းကားခပ်မိုက်မိုက်လေးနဲ့မိတ်ဆက်ပေးပါ့မယ်ရှင့်။ ဒီကားလေးကတော့ romance comedyအမျိုးအစားလေးပါ။ သရုပ်ဆောင်တွေကတော့ အားလုံးရဲ့အချစ်တော် ဒါဝိလေးနဲ့ P’ Pushတို့က
မင်းသား မင်းသမီးပေါ့နော်။ ဒါဆို မင်းသား မင်းသမီး ဘယ်လောက်ချောလဲ သိလောက်ပြီနော်။ မင်းသားမင်းသမီး ကြည့်ရတာနဲ့တင် တော်တော်တန်တဲ့ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဂန်းဟန်ဆိုတဲ့ကောင်မလေးက ငယ်ငယ်ကတည်းက အမေက ထားရစ်ခဲ့တာခံခဲ့ရသူပေါ့။ အမေဖြစ်သူက သူ့ဘဝကောင်းစားဖို့အတွက် သူဌေးတစ်ယောက်နောက်လိုက်သွားပြီး ယောကျ်ားနဲ့သမီးကို ထားရစ်ခဲ့တယ်။ အဲဒီစိတ်ကြောင့်ပဲ ဂန်းဟန်ရဲ့အဖေလည်း အရက်သမားဖြစ် နောက်ဆုံးတော့ ဆုံးပါးသွားခဲ့ရတယ်။ ဂန်းဟန်လည်း အမေကို စိတ်နာနေခဲ့တာပေါ့။ ဒီကြားထဲက ရည်းစားဖြစ်သူ ခွန်ဆာဆာတို့ဘက်ကလည်း သဘောမတူနိုင်ဘူးဆိုပြီး လွမ်းခဲခဲ့ရသေးတယ်။ နောက်ပိုင်း ဂန်းဟန်ရဲ့အမေက သူ့ကိုပြန်လာခေါ်တော့ ဂန်းဟန်တစ်ယောက်
ခွင့်မလွှတ်ပေးနိုင်ဘူးပေါ့။ အကြောင်းကြောင်းကြောင့် အမေ့ရဲ့နောက်ယောကျ်ား ကုမ္ပဏီမှာလည်း အလုပ်လုပ်ဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ လာပါပြီ ကိုယ်တွေရဲ့ မင်းသားချော P’Push။ ခွန်ရှီလာဆိုသူကတော့ ဂန်းဟန်အလုပ်လုပ်ရမဲ့ ကုမ္ပဏီက CEOတစ်ယောက်ပါ။
သူ့ရဲ့အကျင့်တစ်ခုရှိတယ် အဲဒါက အသန့်ကြိုက်တာပေါ့နော် ကြိုက်တာမှ ရှယ်ကိုကြိုက်တာ အထိမခံနိုင်အောင်ပဲ။ အသန့်ကြိုက်လွန်းတဲ့ကိုကိုတစ်ယောက် ဂန်းဟန်က ဘယ်လိုမွှေပြမလဲဆိုတာလေးတွေ ကြည့်ရှုရမှာပါ။
အဲဒီကြားထဲ မတည့်တဲ့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာတစ်ခုပေါက်ဖွားလာမလား ဘယ်ပုံဘယ်နည်းနဲ့ ပေါက်ဖွားလာမလဲ။ ပြီးတော့ ခွန်ဆာဆာကရော ဂန်းဟန်ကို ပြန်လိုက်ဦးမလား။ အကယ်၍ သုံးပွင့်ဆိုင်သာဖြစ်လာရင် ဂန်းဟန်တစ်ယောက် ဘယ်သူ့ကိုရွေးချယ်မှာလဲဆိုတာကို စောင့်ကြည့်ပေးကြပါဦးနော် ပရိသတ်ကြီးရေ။ ဒီတစ်ခါတော့ တကယ် comedy romanceပါ။
ဒါဝိလေးရဲ့ My ambulanceကားမှာတုန်းကတော့ comedy romanceကားဆိုပြီး ငိုထားရတာ။ အခုတော့ ရှယ်ပလန်နဲ့ romanceလေးတွေ ကြည့်ကြမယ်နော်။
Reviewed by Me Me