
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဝင်တဲ့ ၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံအတွက်လည်း ကောင်းမွန်တဲ့ ခုနှစ်တစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရဲ့ နေရာအနှံ့အပြားမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မွန်ဘိုင်းတောင်ပိုင်းရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ The Taj Mahal Palace နဲ့ Chhatrapati Shivaji Terminus တို့လို အထွတ်အမြတ်ထားရာနေရာတွေအပါဝင် နေရာပေါင်း ၈ နေရာမှာပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၄ ရက်တာ တိုက်ခိုက်ခံရမှုမှာ လူပေါင်း ၁၇၄ ယောက် သေဆုံးပြီး၊ ဒဏ်ရာရသူ ၃၀၀ ကျော်ရှိခဲ့ပါတယ်။
မွန်ဘိုင်းမြို့ကို တိုက်ခိုက်ခဲ့ကြတဲ့သူတွေကတော့ တခြားသူတွေတော့ မဟုတ်ပါဘူး။ အစ္စလာမ်အစွန်းရောက်အဖွဲ့တစ်ခုဖြစ်တဲ့ Lashkar-e-Taiba အဖွဲ့ရဲ့ အဖွဲ့ဝင် ၁၀ ယောက်ကပစ်ခတ်မှုတွေနဲ့ ဗုံးဖောက်ခွဲမှုတွေကို ဆောင်ရွက်ခဲ့တာပါ။ မွန်ဘိုင်းရဲတပ်ဖွဲ့က အဆိုပါအစွန်းရောက်အဖွဲ့ကို မနည်းတားဆီးခဲ့ရသလိုပဲ၊ ထိခိုက်ဒဏ်ရာရကြတဲ့ လူနာတွေကိုလည်း မွန်ဘိုင်းပြည်သူ့ဆေးရုံက စွမ်းစွမ်းတမံကယ်တင်ခဲ့ကြရတာပါ။
Munbai Diaries 26/11 ဆိုတဲ့ TvSeries လေးမှာတော့ အဆိုပါဖြစ်ရပ်ကြောင့် မွန်ဘိုင်းပြည်သူ့ဆေးရုံကြီးကိုရောက်လာကြတဲ့ လူနာတွေကို ဆရာဝန်တစ်ခုက ကယ်တင်ပေးကြမယ့်ပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဆိုပါဆရာဝန်တွေက ပြည်သူတွေတင်မကဘဲ၊ အကြမ်းဖက်သမားတွေကိုပါ လူသားချင်းစာနာပြီးတော့ ကုသပေးခဲ့ကြရတာကိုလည်းတွေ့မြင်ရမှာပါ။ ဆရာဝန်တွေရဲ့ မိသားစုဝင်တွေပါ တိုက်ခိုက်မှုမှာ ခံစားခဲ့ကြရပေမယ့် ဆရာဝန်တွေရဲ့ ကတိသစ္စာအတိုင်း ရန်သူကိုလည်း ရန်သူလို့မမြင်နိုင်ဘဲ ကုသပေးရတဲ့အပြင်၊ ရဲတပ်ဖွဲ့ရဲ့ အငြိုငြင်ကိုလည်း ထပ်မံပြီးခံရပါသေးတယ်။
အပိုင်းအနေနဲ့ကတော့ ၈ ပိုင်းရှိပြီးတော့ အခုလက်ရှိမှာတော့ IMDb rating 8/10 အထိရရှိထားတဲ့ Series လေးဖြစ်လို့တင်ဆက်ပေးလိုက်ရပါတယ်။ ဆေးပညာကားဖြစ်တဲ့အတွက် တစ်ချို့ဆေးပညာစကားလုံးတွေမှာ အမှားအယွင်းလေးတွေပါသွားရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ နောက်ပြီးတော့ ဒီတိုက်ခိုက်မှုဖြစ်စဥ်ရဲ့ နောက်ကွယ်ကကြိုးကိုင်သူကတော့ ပါကစ္စတန်အစိုးရကိုယ်တိုင်ပင်ဖြစ်ကြောင်းကို ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Nawaz Sharif က ၂၀၁၈ ခုနှစ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါသေးတယ်။
Review by Bruce
Translated by Bruce, Lynn Kha, Cherry Mon, Monn, Maymie Kyaw & Don
* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework
Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework
=======================
link သေနေပီ လုပ်ပေးပါအုံး