
My Liberation Diary (나의 해방일지)
GCverses လေးတွေထဲမှာ မောင်နှမသုံးယောက်ရှိသူတွေများပါကြလား။ ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးက must watch ပါပဲနော်။
My Liberation Diary ဟာဆိုရင်တော့ ဆန်ဖိုရွာမှာနေထိုင်ကြတဲ့ မောင်နှမ သုံးယောက်နဲ့ သူစိမ်း တစ်ယောက်ရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဘဝအမောပြေ မိသားစုဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
ယွန်းချန်းဟီး (Lee Min Ki)ဟာ မိသားစုရဲ့ သားလတ်ဖြစ်ကာ မွေးရပ်မြေဆန်ဖိုရွာကနေ ထွက်သွားပြီး စိတ်လှုပ်ရှားစရာ လောကကြီးရဲ့အရသာကို ခံစားချင်နေသူပါ။ ဒါပေမဲ့လည်း ဘဝဟာထင်တိုင်းဖြစ်မလာတဲ့အခါ ဘဝအိပ်မက်တွေမရှိတော့ဘဲ ဘဝကို အဓိပ္ပာယ်မဲ့စွာ ကုန်ဆုံးရင်းနေထိုင်နေတာပေါ့။ ဒီအတွက်လည်း တခြားမိသားစုဝင်တွေဆီကလည်း အထင်သေးဆက်ဆံမှုတွေကို ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ယွန်းမီဂျောင် (Kim Ji Won)ကတော့ မောင်နှမသုံးယောက်မှာ ညီမထွေးလေးဖြစ်ပါတယ်။ သူဟာလည်း ငြီးငွေ့ဖွယ်ရာဘဝကြီးကနေ လွတ်မြောက်ချင်သူပါ။ Introvert တစ်ယောက်ဖြစ်တာနဲ့အညီ တချို့အရာတွေမှာ ရှက်ကြောက်တွန့်ဆုတ်တတ်သူလည်း ဖြစ်ပါတယ်။ အထီးကျန်နေတတ်ပြီး ဘဝရဲ့လိုအင်ဆန္ဒတွေလည်း မပြည့်နိုင်ဘူးလို့ ခံစားနေရသူပါ။ အစ်မကြီး ယွန်းဂီဂျောင် (Lee Ei)ကတော့ ဒေါသအိုးကြီးပါ။ မွေးရပ်မြေ ဆန်ဖိုရွာနဲ့ ဆိုးလ်မြို့ကို အလုပ်ကိစ္စ ကူးသန်းသွားလာရင်း တစ်နေ့တစ်နေ့ အချိန်ကုန်နေသူပေါ့။ သူကတော့ ဘဝမှာ မကျေနပ်ချက်တွေနဲ့ ပြည့်နှက်လို့နေပြီး အချစ်ကိုတွေ့ရှိချင်သူပါ။ ဒီလိုနဲ့ တစ်နေ့မှာ ဆန်ဖိုရွာကို မစ္စတာဂူ (Sen Seok Koo)လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ် သူစိမ်းတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူဟာ အမြဲတမ်း သောက်စားနေတတ်ပြီး ထွက်ပေါက်မရှိတဲ့ဘဝကြီးကနေ လွတ်မြောက်ချင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်ဖိုရွာကနေ ကိုယ်စီ လွတ်မြောက်ချင်နေကြတဲ့ ယွန်းမောင်နှမသုံးယောက်နဲ့ ဦးလေးကြီးဂူတို့ ဆုံတွေ့ကြပြီး လွတ်မြောက်ခြင်းဒိုင်ယာရီကို ဘယ်လိုရေးကြမလဲဆိုတာစိတ်ဝင်စားစရာ ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။ ကာရိုက်တာကိုယ်စီနဲ့ မောင်နှမသုံးယောက်ငြီးငွေ့စရာဘဝကြီးကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှုရမယ့် Liberation Diary Drama လေးကို အပတ်စဥ် စနေ တနင်္ဂနွေနေ့တိုင်း JTBC channel မှာပြသသွားမှာဖြစ်ပြီး Gold channel က ဘာသာပြန်တင်ဆက်ပေးမှာမို့ ရှုစားအားပေးကြပါဦး GCverses လေးတို့ရေ။
Reviewed by Elsa