What's happening?

Swamp Thing (2019) မြန်မာစာတန်းထိုး: 1x7

Episode 7

Gold Channel ပရိတ်သတ်ကြီးကို အခုတစ်ခါတင်ဆက်ပေးမှာကတော့ မေလ ၃၁ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့
Swamp Thing ဆိုတဲ့ စီးရီးလေးဖြစ်ပါတယ်။ လက်ရှိ IMDB 9.2 ရထားတဲ့ စီးရီးကောင်းလေးတစ်ခုပါ။

ဒီစီးရီးဟာ DC Comics က ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Swamp Thing အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
Swamp Thing ဆိုတာကတော့ ရေအိုင်ကြီးထဲကနေ မွေးဖွားလာတဲ့ သစ်မြစ်တွေနဲ့ဖွဲ့စည်းထားတဲ့ လူပုံစံသတ္တဝါကြီးပါ။
စူပါဟီးရိုးဇာတ်လမ်းပုံစံမျိုးထက် Horror ဘက်သွားတဲ့ ဇာတ်လမ်းပါ။ Executive Producer တွေထဲမှာ
James Wan ပါတယ်ဆိုတော့ ကြည့်လို့ကောင်းမယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။

အပိုင်း(၇) မှာတော့ အဲလက်တစ်ယောက် လူအသွင်ပြန်ရောက်သွားရာကနေ အစပြုထားပါတယ်။
အက်ဘီက အဲလက်ကို နဂိုလူသားပုံစံပြန်ရအောင် ကြိုးစားနေချိန်မှာ ဆန်းဒါးလန်းတွေကလည်း သူတို့လုပ်ငန်းကို
စပွန်ဆာရအောင်ကြိုးစားနေပါတယ်။ လူစီယာနာတို့သားအမိ အေဗရီရဲ့ကြိုးကိုင်မှုကို ဘယ်လိုအလွတ်ရုန်းကြမလဲ၊
မာရီယာရဲ့ လျို့ဝှက်အစီအစဉ်ကဘာလဲ၊ အိုင်ကြီးတစ်ဝိုက်မှာ အားပြိုင်နေကြတဲ့ မမြင်နိုင်တဲ့စွမ်းအင်တွေကဘာတွေလဲ
စသည်ဖြင့် ပိုပိုစိတ်ဝင်စားဖို့ကောင်းလာတဲ့ အပိုင်း (၇) ကို စိတ်ဝင်စားဖွယ် ကြောက်လန့်ဖွယ် ရိုက်ကူးထားပါတယ်။

Gold Channel ပရိတ်သတ်ကြီးလည်း ရှူစားတော်မူကြပါဦး …..

Translated & Review by Thetwai Maung
Encoded by mk
Quality – Web-DL
Size – 480MB / 110MB
IMDB – 8.8
Genres – Action, Adventure, Drama
Run Time – 60 mins

Jul. 12, 2019