What's happening?

Swamp Thing (2019) မြန်မာစာတန်းထိုး: 1x10

Episode 10

Gold Channel ပရိတ်သတ်ကြီးကို အခုတစ်ခါတင်ဆက်ပေးမှာကတော့ မေလ ၃၁ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့
Swamp Thing ဆိုတဲ့ စီးရီးလေးဖြစ်ပါတယ်။ လက်ရှိ IMDB 9.2 ရထားတဲ့ စီးရီးကောင်းလေးတစ်ခုပါ။

ဒီစီးရီးဟာ DC Comics က ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Swamp Thing အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
Swamp Thing ဆိုတာကတော့ ရေအိုင်ကြီးထဲကနေ မွေးဖွားလာတဲ့ သစ်မြစ်တွေနဲ့ဖွဲ့စည်းထားတဲ့ လူပုံစံသတ္တဝါကြီးပါ။
စူပါဟီးရိုးဇာတ်လမ်းပုံစံမျိုးထက် Horror ဘက်သွားတဲ့ ဇာတ်လမ်းပါ။ Executive Producer တွေထဲမှာ
James Wan ပါတယ်ဆိုတော့ ကြည့်လို့ကောင်းမယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။

အပိုင်း(၁၀) ဇာတ်သိမ်းမှာတော့ Swamp Thing ဟာ သူ အဲလက် ဟော်လန်မဟုတ်မှန်းသိသွားရကနေ အစပြုထားပါတယ်။
ဂျေဆင် ဝုဒ်ဒရူးကလည်း ဇနီးသည်ပြန်ကောင်းလာဖို့ Swamp Thing ရဲ့ ဆဲလ်တွေကိုအသုံးပြုဖို့ ကြိုးစားလာသလို
အက်ဘီကလည်း အဲလက်ကိုဖမ်းတဲ့လူတွေအကြောင်းသိအောင် ကြိုးစားနေပါတယ်။ အယ်လာရီကလည်း Swamp Thing ကို
အသေဖမ်းဖို့ ဆုံးဖြတ်လိုက်သလို အေဗရီကလည်း သူ့အတွက်အမြတ်ကျန်အောင် ကြိုးပမ်းနေပါတယ်။

ဒန်နီရယ် မာရေ့စ်ကနေ တစ်ကယ်ထွက်သွားနိုင်ပါ့မလား၊ လူစီလီယာကကော အေဗရီကို ဘယ်လိုဖြေရှင်းမလဲ၊ Swamp Thing ကကော
သူ့ကိုလာသတ်တဲ့လူတွေကို ရင်ဆိုင်နိုင်ပါ့မလား စသဖြင့် ပိုပိုစိတ်ဝင်စားဖို့ကောင်းလာတဲ့ အပိုင်း (၁၀) ဇာတ်သိမ်းကို စိတ်ဝင်စားဖွယ်
ကြောက်မက်ဖွယ်ကောင်းအောင် ရိုက်ကူးထားပါတယ်။ Gold Channel ပရိတ်သတ်ကြီးလည်း ရှူစားတော်မူကြပါဦး …..

Credit Scene ပါပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ကြပါနော် …..

Translated & Review by Thetwai Maung
Encoded by mk
Quality – Web-DL
Size – 460MB / 130MB
IMDB – 9.1
Genres – Action, Adventure, Drama
Run Time – 60 mins

Aug. 02, 2019