What's happening?

Swamp Thing (2019) မြန်မာစာတန်းထိုး: 1x5

Episode 5

Swamp Thing S1 Ep5 (မြန်မာစာတန်းထိုး)

Gold Channel ပရိတ်သတ်ကြီးကို အခုတစ်ခါတင်ဆက်ပေးမှာကတော့ မေလ ၃၁ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့
Swamp Thing ဆိုတဲ့ စီးရီးလေးဖြစ်ပါတယ်။ လက်ရှိ IMDB 9.2 ရထားတဲ့ စီးရီးကောင်းလေးတစ်ခုပါ။

ဒီစီးရီးဟာ DC Comics က ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Swamp Thing အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
Swamp Thing ဆိုတာကတော့ ရေအိုင်ကြီးထဲကနေ မွေးဖွားလာတဲ့ သစ်မြစ်တွေနဲ့ဖွဲ့စည်းထားတဲ့ လူပုံစံသတ္တဝါကြီးပါ။
စူပါဟီးရိုးဇာတ်လမ်းပုံစံမျိုးထက် Horror ဘက်သွားတဲ့ ဇာတ်လမ်းပါ။ Executive Producer တွေထဲမှာ
James Wan ပါတယ်ဆိုတော့ ကြည့်လို့ကောင်းမယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။

အပိုင်း(၅) မှာတော့ ဆူစီတစ်ယောက် ဆန်းဒါးလန်းအိမ်မှာ ရောက်ရှိနေရာကနေ အစပြုထားပါတယ်။
လူစီယာနာနဲ့ အေဗရီရဲ့ ပတ်သက်မှုက မရိုးရှင်းသလို မာရီယာနဲ့ သူ့သမီးရှောနာတို့ရဲ့ ပတ်သက်မှုက သမရိုးကျမဟုတ်တော့ပါဘူး။
ဝုဒ်ဒရူးကလည်း အက်ဘီဆီက တစ်သျူးနမူနာစကို ရတဲ့နည်းနဲ့လိုချင်နေသလို၊ တစ်ဘက်မှာလည်း လဇ်ကို သူ့အကြောင်းမစုံစမ်းဖို့
အေဗရီက ခြိမ်းခြောက်လာပါတယ်။ ဒန်နီရယ်က ဘာလို့ မြို့ထဲကမထွက်နိုင်ရတာလဲ၊ အဲလက်ကို ကူညီမယ့်သူက ဘယ်သူလဲ၊

ရှောနာကကော ဘယ်လိုသေခဲ့ရတာလဲ၊ သားနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိမခံတဲ့ လူဝီယာနာတစ်ယောက် ဘယ်လိုအကျပ်ကိုင်ခံရမလဲ၊
ရှောနာရဲ့ဝိဉာဏ်ကကော အကောင်းလား အဆိုးလား စသည်ဖြင့် ပိုပိုခြောက်ချား စိတ်ဝင်စားဖို့ကောင်းလာတဲ့
အပိုင်း (၅) ကို စိတ်ဝင်စားဖွယ် ကြောက်လန့်ဖွယ် ရိုက်ကူးထားပါတယ်။ Gold Channel ပရိတ်သတ်ကြီးလည်း ရှူစားတော်မူကြပါဦး …..
ဒီ စီးရီးလေးကို ဘာသာပြန်ပြီး Review ရေးပေးထားတာကတော့ Thetwai Maung ဖြစ်ပါတယ် ။

Translated & Review by Thetwai Maung
Encoded by mk
Quality – Bluray
Size – 420MB / 110MB
IMDB – 9.1
Genres – Action, Adventure, Drama
Run Time – 1 Hr

Jun. 28, 2019