What's happening?

Swamp Thing (2019) မြန်မာစာတန်းထိုး: 1x1

Pilot

Gold Channel ပရိတ်သတ်ကြီးကို အခုတစ်ခါတင်ဆက်ပေးမှာကတော့ မေလ ၃၁ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့
Swamp Thing ဆိုတဲ့ စီးရီးလေးဖြစ်ပါတယ်။ လက်ရှိ IMDB 9.2 ရထားတဲ့ စီးရီးကောင်းလေးတစ်ခုပါ။

ဒီစီးရီးဟာ DC Comics က ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Swamp Thing အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
Swamp Thing ဆိုတာကတော့ ရေအိုင်ကြီးထဲကနေ မွေးဖွားလာတဲ့ သစ်မြစ်တွေနဲ့ဖွဲ့စည်းထားတဲ့ လူပုံစံသတ္တဝါကြီးပါ။
စူပါဟီးရိုးဇာတ်လမ်းပုံစံမျိုးထက် Horror ဘက်သွားတဲ့ ဇာတ်လမ်းပါ။ Executive Producer တွေထဲမှာ
James Wan ပါတယ်ဆိုတော့ ကြည့်လို့ကောင်းမယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။

အပိုင်း(၁) မှာတော့ အမေရိကန်၊ လူးဝစ်စ်ရားနား ပြည်နည်က ဘေယူ ရေအိုင်ကြီးအကြောင်းနဲ့ စတင်ထားတာပါ။
ရေအိုင်အနီး မာရေ့စ်မြို့မှာ မြို့ခံလူတွေ ကပ်ရောဂါကျရောက်လာလို့ မြို့ခံဆရာဝန်မလေး အက်ဘီ အာကိန်းတစ်ယောက်
ပြန်မလာချင်တဲ့မွေးရပ်ကို ပြန်လာခဲ့ရပါတယ်။ မြို့မျက်နှာဖုံး အေဗရီ ဆန်းဒါးလန်းဆီမှာ အလုပ်လုပ်ဖူးတဲ့
ဇီဝဗေဒပညာရှင် အဲလက် ဟော်လန်နဲ့ ဆုံတွေ့ခဲ့ရာကနေ၊ ရေအိုင်ကြီးအကြောင်းကို စိတ်ဝင်စားလာခဲ့ပါတယ်။
သူတို့နှစ်ယောက်ပေါင်းပြီး လျို့ဝှက်ချက်တွေဖော်ထုတ်ဖို့ကြိုးစားရင်း၊ မထင်မှတ်တာတွေ ဘယ်လိုဖြစ်လာသလဲဆိုတာကို
ရင်တထိတ်ထိတ်ဖြစ်အောင် ရိုက်ကူးထားတာမို့ Gold Channel ပရိတ်သတ်ကြီးလည်း ရှူစားတော်မူကြပါဦး …..

Translated & Review by Thetwai Maung
Encoded by mk
Quality – Web-DL
Size – 470MB / 170MB
IMDB – 9.2
Genres – Action, Drama, Fantasy
Run Time – 1 hr

Swamp Thing: 1×1
May. 31, 2019