What's happening?

Swamp Thing (2019) မြန်မာစာတန်းထိုး: 1x4

Episode 4

Gold Channel ပရိတ်သတ်ကြီးကို အခုတစ်ခါတင်ဆက်ပေးမှာကတော့ မေလ ၃၁ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့
Swamp Thing ဆိုတဲ့ စီးရီးလေးဖြစ်ပါတယ်။ လက်ရှိ IMDB 9.2 ရထားတဲ့ စီးရီးကောင်းလေးတစ်ခုပါ။

ဒီစီးရီးဟာ DC Comics က ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Swamp Thing အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
Swamp Thing ဆိုတာကတော့ ရေအိုင်ကြီးထဲကနေ မွေးဖွားလာတဲ့ သစ်မြစ်တွေနဲ့ဖွဲ့စည်းထားတဲ့ လူပုံစံသတ္တဝါကြီးပါ။
စူပါဟီးရိုးဇာတ်လမ်းပုံစံမျိုးထက် Horror ဘက်သွားတဲ့ ဇာတ်လမ်းပါ။ Executive Producer တွေထဲမှာ
James Wan ပါတယ်ဆိုတော့ ကြည့်လို့ကောင်းမယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။

အပိုင်း(၄) မှာတော့ သစ်ခိုးထုတ်ဖို့ကြိုးစားတဲ့ လူနှစ်ယောက်ကနေ စတင်ထားပါတယ်။ သူတို့ဆီကနေ ကူးသွားတဲ့အရာဟာ တစ်ယောက်ပြီးတစ်ယောက် ပျံ့နှံ့ကုန်တာပါ။ အက်ဘီတစ်ယောက် အဲလက်အတွက် တကယ်ရော ကူညီနိုင်ပါ့မလား၊ အေဗရီကရော ဘာတွေကိုထပ်ပြီး ကြံစည်ဦးမှာလဲ၊ ဒန်နီရယ်ရဲ့ကံကြမ္မာကကော ဘာလဲ၊ ပျံ့သွားတဲ့အရာကရော ရောဂါလား ကျိန်စာလား အစရှိသဖြင့် ပိုပိုဇာတ်အိမ်နက်နဲလာတဲ့ အပိုင်း (၄) ကို စိတ်ဝင်စားဖွယ် ကြောက်လန့်ဖွယ် ရိုက်ကူးထားပါတယ်။ Gold Channel ပရိတ်သတ်ကြီးလည်း ရှူစားတော်မူကြပါဦး …..

Jun. 21, 2019