Thousand Years For You

Thousand Years For You

Sep. 15, 2022
Your rating: 0
10 1 vote

Seasons and episodes

1Season 1 Sep. 15, 2022

Creator

Creator

Cast

Li Qin isYu Dengdeng
Yu Dengdeng
Chen Xijun isGu Beixi
Gu Beixi
Wu Mingjing isBai Shiqi
Bai Shiqi
Long Chang isPeng Dahai
Peng Dahai
Hei Zi isYu Tanzi
Yu Tanzi
Lai Yi isZhu Rong
Zhu Rong
Cao Xiyue isHei Shengnv
Hei Shengnv

Synopsis

ရှေးခေတ်ကားသီးသန့်ချည်း ကြည့်ရတာပျင်းလာပြီလား ဒီဘက်ခေတ်ဒရမ်မာတွေလည်း မကြည့်ချင်တော့ဘူးလား ဒါဆိုရင်တော့ Ancient နဲ့ Modern တွဲလျက်ကြည့်ရှုလို့ရနိုင်မဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို GC Chinese Team ကရွေးချယ်ပေးထားပါတယ်နော် ဒီတစ်ခါမှာတော့ GC Verse လေးတို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမဲ့ ‌နှစ်ခေတ်အပြိုင်ဇာတ်လမ်းတစ်မျိုးဖြစ်တဲ့ Thousand Years For You (အသင်္ချေတည်တဲ့ ချစ်နှောင်ကြိုး) ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲလေးကို သယ်ဆောင်လာပေးတော့မှာပါ ဒီဇာတ်ကားကို နာမည်ကျော်ဇာတ်လမ်းတွဲများဖြစ်သော The Untamed, The Legends, Chinese Paladin 5, No Boundary ဇာတ်ကားများကိုရိုက်ကူးခဲ့သူ ဟောင်ကောင်ဒါရိုက်တာ Steve Chengမှ ရိုက်ကူးထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်များအနေဖြင့် One and Only, Forever and Ever (ဇာတ်ကားများထဲမှ ကျိုးရှန်းချန်ဟု လူသိများသူ), The Blue Whisper, Under The Power ဇာတ်ကားတို့မှ ဇာတ်လိုက်မင်းသား Allen Ren (Ren Jialun) နှင့် Princess Agent, Joy of Life, The Wolf, The Song of Glory ဇာတ်ကားတို့ထဲမှ နာမည်ကျော်မင်းသမီး Li Qin တို့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အပြင် အခြားလူသိများကျော်ကြားသော သရုပ်ဆောင်များမှလည်း ဇာတ်ပို့၊ဇာတ်ရံများအနေဖြင့် ပါဝင်အားဖြည့်ပေးထားပါတယ် ဒီဇာတ်လမ်းလေးကတော့ နှစ်ပေါင်းထောင်နဲ့ချီကြာမှ တစ်ယောက်လောက်သာ ပေါ်ထွန်းနိုင်တဲ့ စစ်နတ်ဘုရားနဲ့ ထူးဆန်းပြီး ဖြောင့်မတ်တဲ့ မိန်းကလေးတို့ နှစ်ယောက်ကြားက ထူးခြားတဲ့ အချစ်‌ဇာတ်လမ်းလေးကို စိတ်ကူးယဉ် ပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ရုပ်ရည်သွင်ပြင်ချောမော ခန့်ညားသော်လည်း အပြင်ပန်းအရ မာကျော ခက်ထန်ပုံရပေမယ့် နူးညံ့ကြင်နာတတ်တဲ့ စိတ်နှလုံးသားပိုင်ရှင် စစ်နတ်ဘုရား လုယန်နဲ့ အတိတ်ဘဝတုန်းက စိတ်ဓာတ်ကြံ့ခိုင်တဲ့ နတ်ဘုရားမဖြစ်ပေမယ့် လက်ရှိဘဝမှာတော့ အလိုရမ္မက်ကြီးပြီး ထူးဆန်းတဲ့ အပြုအမူတွေ ပြုမူတတ်သော်လည်း ဖြောင့်မတ်မှန်ကန်တဲ့ တောပုန်းဓားပြခေါင်းဆောင် ယွီသန်းသန်းတို့ နှစ်ယောက် ထူးဆန်းစွာနဲ့ တွေ့ဆုံရာကနေ နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက ဖြစ်တည်လာခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဟာ ပေါ်ထွက်လာရပါတယ်။ ကံဆိုးမှုကို ရှောင်လွှဲဖို့အတွက် အမျိုးသားတစ်ယောက်နဲ့ မဖြစ်မနေ လက်ထပ်ရမယ်ဆိုတဲ့ ယွီသန်းသန်းတစ်ယောက် ဖူးစာရှင်ကို ရှာဖွေရင်း ထူးဆန်းတဲ့ လူတစ်ယောက်ဖြစ်သူ လုယန်နဲ့ တွေ့ဆုံခဲ့ရာကနေ ဘာတွေဆက်ဖြစ်လာမလဲ။ စစ်နတ်ဘုရားဖြစ်သူလုယန်နဲ့ အတိတ်ဘဝက ယွီသန်းသန်းတို့ရဲ့ ကံကြမ္မာရေစက်တွေဟာ နှစ်ပေါင်းထောင်ချီကြာမြင့်လာပြီး အခုဘဝထိ ရေစက်ကြမ္မာကြိုးတွေ တွယ်ရစ်လာပြီး လှပကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးပုံပြင်တစ်ပုဒ်ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ Thousand Years For You လို့အမည်ရတဲ့ Fantasy,romance ဇာတ်လမ်းတွဲလေးကို GC drama telegram channelနဲ့ website တွေမှာ အချိန်နဲ့တပြေးညီ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်

Reviewed by April Chyu and Fryemme

Translated by GC Chinese Team 2

Encoded by Lwin Naung

Thousand Years For You
Thousand Years For You
Original title 请君
First air date Sep. 15, 2022
Last air date Sep. 16, 2022
Seasons 1
Episodes 36
Average Duration 39 minutes

Similar titles

Curtain Call
It’s a Sin (2021 – )
First Love
Under the Skin
Call It Love
Night Has Come
The Silence of the Monster
My Demon
Thai Cave Rescue
The Sopranos (1999)
Good Bye My Princess
HIDE