First Love

First Love

Dec. 12, 2022
Your rating: 0
6 1 vote

Seasons and episodes

1Season 1 Dec. 12, 2022

Creator

Creator

Cast

Tian Xiwei isLu Wanwan
Lu Wanwan
Tian Xuning isMeng Xibai
Meng Xibai
Wang Qian isWang Xinyu
Wang Xinyu

Synopsis

တက္ကသိုလ်ကျောင်းသားဘဝရဲ့ ကြည်နူးဖွယ်ချစ်မေတ္တာတွေကို ခံစားရင်ခုန်ချင်ကြသူများအတွက် GC Chinese Team မှ သယ်ဆောင်လာပေးမဲ့ ဇာတ်ကားသစ်လေးကတော့ နှင်းမှုန်ခြယ်တဲ့ ချစ်တေးသံစဉ် (First Love) ဆိုတဲ့ အချစ်ဦးကို တမ်းတစေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်

ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသားလေးတွေရဲ့ ချစ်ကြည်နူးဖွယ် အချစ်ဦးဇာတ်လမ်းလေးကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကို Wait,My Youth ဇာတ်လမ်းတွဲအားဖန်တီးသူ ဒါရိုက်တာ Shen Qingyuan ရိုက်ကူးထားပြီး Your Sensibility My Destiny, One and Only ဇာတ်ကား၏ ကွမ်လင်မင်းသားနေရာမှ မင်းသားချော Wang Xingyue နှင့် Mr.Cupid in Love, Be My Cat နှင့် ပူပူနွေးနွေးပြီးဆုံးထားသောဇာတ်ကား New Life Begins များထဲမှ ချစ်စဖွယ်မင်းသမီးလေး Tian Xiwei တို့မှ အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်တင်ဆက်ထားကြသလို အခြားအနုပညာရှင်ပေါင်းများစွာမှလည်း ပံ့ပိုးကူညီအားဖြည့်ပေးထားကြပါတယ်

ဇာတ်လမ်းအညွှန်း

လူဝမ်ဝမ်ဟာ ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဖြစ်ပြီး သူ့ရဲ့ မှတ်ဉာဏ်အားနည်းမှုကြောင့် မကြာခဏစာမေးပွဲကျရှုံးရသူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ရန့်ချူးလို့‌ခေါ်တဲ့ တစ်ကျောင်းတည်းတူတူတက်နေတဲ့ ကျောင်းသားကို နှစ်ပေါင်းများစွာ တစ်ဖက်သတ် တိတ်တခိုးမြတ်နိုးနေသူလည်း ဖြစ်ပါတယ်။

တစ်ရက်မှာတော့ လူဝမ်ဝမ်တစ်ယောက် အရက်မူးပြီး သူသဘောကျရတဲ့ဉာဏ်ကြီးရှင် ရန့်ချူးကို ရအောင်လိုက်မယ် လို့ပြောမိရာကနေ သူတို့နှစ်ယောက်အကြောင်း ကောလဟာလဟာ တက္ကသိုလ်တစ်ခုလုံးမှာ နာမည်ကြီးလာရပါတယ်။ဒီလိုကောလဟာလတွေဟာ လူဝမ်ဝမ်စာလေ့လာတဲ့နေရာမှာပါ အနှောင့်အယှက်ဖြစ်လာတဲ့အခါမှာတော့ လူဝမ်ဝမ်နဲ့ ရန့်ချူးတို့နှစ်ယောက်သား နာမည်ပျက်ကို ရှင်းထုတ်နိုင်ရန် သူတို့နှစ်ယောက်ဟာ “နာမည်ပျက်ချေဖျက်ရေးအစီအစဉ်”ကိုအကောင်အထည်ဖော်ရန် စတင်လုပ်ဆောင်ပါတော့တယ်။

အစီအစဉ်ပထမအဆင့်အနေနဲ့  သူတို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့အားသာချက်ကို တစ်ယောက်ကရှာဖွေရင်း အချင်းချင်းဆက်ဆံရေးကောင်းမွန်လာရန် ကြိုးစားပါတော့တယ်။ ရန့်ချူးရဲ့ ညွှန်ပြပေးမှုတွေကြားကနေ လူဝမ်ဝမ်တစ်ယောက် သူ့ရဲ့ ဝါသနာနဲ့ စာလေ့လာမှုမှာ တိုးတက်လာပြီး အရည်အချင်းရှိတဲ့တဲ့ကျောင်းသူအဖြစ်ပြောင်းလဲလာတဲ့အချိန်မှာပဲ ရန့်ချူးဟာလည်း လူဝမ်ဝမ်ရဲ့လွှမ်းမိုးမှုအောက်မှာ သူ့ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးဟာ တစ်စတစ်စတိုးတက်လာပါတယ်။

ဒီလိုမျိုး ကြိုးစားရင်းကနေ သူတို့နှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေ အသက်ဝင်လာကြမလဲ၊ တစ်ယောက်ကို တစ်ယောက်ဖေးမရင်း ကိုယ့်ကိုယ်ကိုယ်ဘယ်လိုတိုးတက်အောင် ပြုပြင်ပြောင်းလဲကြမလဲ ၊ သူတို့ရဲ့အချစ်ရေးကရော အဆင်ပြေချောမွေ့ပါ့မလား ဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်ဖြင့် လူငယ်သဘာဝ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ First love (နှင်းမှုန်ခြယ်တဲ့ချစ်တေးသံစဉ်) အမည်ရ တရုတ်ရုပ်သံဇာတ်လမ်းတွဲလေးကို ဒီဇင်ဘာလ ၁၂ရက်နေ့ညကနေစတင်ပြီး GC drama telegram channelနဲ့ websiteတို့တွင် အချိန်နဲ့တပြေးညီ  တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် လက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်

Reviewed By April Chyu & Feyremme

Translated by GC Chinese Team

Encoded by WP

First Love
First Love
Original title 初次爱你
First air date Dec. 12, 2022
Last air date Dec. 12, 2022
Seasons 1
Episodes 24

Similar titles

Check Out
Military Prosecutor Doberman
In Cold Blood
The Last Kingdom (2015 – 2022)
Start-Up
My Man Is Cupid
Raised by Wolves (2020-2022)
Hit The Spot
Emily in Paris
Intern in my heart
Doctor Lawyer
Hu Tong