Curtain Call

Curtain Call

Oct. 31, 2022
Your rating: 0
8 1 vote

Seasons and episodes

1Season 1 Oct. 31, 2022

Creator

Creator

Cast

Ha Ji-won isPark Sae-yeon
Park Sae-yeon
Kang Ha-neul isYoo Jae-heon / Moon Sung
Yoo Jae-heon / Moon Sung
Goh Doo-shim isJa Geum-soon
Ja Geum-soon
Sung Dong-il isJung Sang-chul
Jung Sang-chul
Kwon Sang-woo isBae Dong-jae
Bae Dong-jae
Ji Seung-hyun isPark Se-joon
Park Se-joon
Noh Sang-hyun isRi Moon-sung
Ri Moon-sung
Jung Ji-so isSeo Yoon-hee
Seo Yoon-hee

Synopsis

Curtain Call / 커튼콜: 나무는 서서 죽는다 (2022)

အားလုံးစောင့်မျှော်နေကြတဲ့ မမ Ha Ji Won ရဲ့ ကားသစ်လေးဖြစ်တဲ့ Curtain call ကို Gcverse လေးတိုအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ Still cuts တွေမှာတည်းက မင်းသား Kang Ha-neul နဲ့ အတွဲညီမှုတွေ မြင်နေရပြီဖြစ်လို နှစ်ယောက်သားရဲ့ chemistry မိမှုကြီးကို တွေ့မြင်ရတော့မှာပါ။

ဇာတ်လမ်းလေးကတော့ ကိုရီးယားစစ်ပွဲကာလမှာ မိသားစုနှင့်ကွဲကွာပြီး တောင်ကိုရီးယားကို ထွက်ပြေးလွတ်မြောက်လာတဲ့ မြောက်ကိုရီးယားသူ Ja Geum Soon အကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။

ခင်ပွန်းသည်ရယ် သားလေးရယ်နှင့်ကွဲကွာပြီး ‌တောင်ကိုရီးယားကို တစ်ဦးရောက်ရှိလာတဲ့ Ja Geum Soon ဟာ မိသားစုနဲ့ပြန်ပေါင်းစည်းရဖိုအရေး ဟိုတယ်တစ်လုံးတည်ဆောက်ကာ ကြိုးစားခဲ့ပြီး လက်ရှိမှာတော့ Nakwon hotel chainရဲ့ ပိုင်ရှင်တစ်ဦးပါ။ သိုပေမဲ့ အသက်အရွယ်ရလာတဲ့ Ja Geum Soon ဟာ ဘဝဆုံးချိန်နီးကပ်လာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ မိသားစုနဲ့ ပြန်လည်မပေါင်းစည်းရသေးပါဘူး။ သူမရဲ့ သစ္စာခံလက်ထောက်ဖြစ်တဲ့ Jung Sang Cheol တစ်ယောက် ဒီဖြစ်ရပ်ကို ကြည့်မနေနိုင်တဲ့အဆုံးမှာတော့ Yoo Jae Heon ဆိုတဲ့ ဆင်းရဲနွမ်းပါးတဲ့ သာမန် ပြဇာတ်သရုပ်ဆောင်ကောင်လေးကို Ja Geum Soon ရဲ့ မြေး Im Moon Sung အဖြစ် သရုပ်ဆောင်ပေးဖို ကမ်းလှမ်းခဲ့ပါတော့တယ်။ Yoo Jae Heon ကလည်း သဘောတူပြီး မြောက်ကိုရီးယားကနေ ထွက်ပြေးခိုလှုသူအနေနဲ့ Ja Geum Soon ရဲ့ အိမ်ကိုရောက်ရှိလာပါတော့တယ်။ Park Se Yeon ကတော့လက်ရှိ အဘွားကြီးရဲ့ မြေးမဖြစ်ပြီး Nakwon လုပ်ငန်းစု မည်သူ့လက်အောက်ကိုမှ မပါသွားဖိုအရေး ကြိုးစားဦးဆောင်နေတဲ့ သူတစ်ယောက်ပါ။

ဒီလိုနဲ့ မြေးမလေး Park Se Yeon နဲ့ မြေးအတု Im Moon Sung တို တွေ့ကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ Im Moon Sung ဆိုတဲ့ မြေးကိုလည်း လူတစ်စုက မရှိ‌လာစေချင်တဲ့အခါမှာတော့ အဘွားကြီးရဲ့မြေးအယောင်ဆောင်ထားတဲ့ Yoo Jae Heon တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရဦးမှာလဲ။

လူချမ်းသာသူဌေးကြီးရဲ့ သား၊စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Bae Dong-je အနေနဲ့ မင်းသားကြီး Kwon Sang Woo က ပါဝင်အားဖြည့်ပေးထားတာဖြစ်လို Curtain Call ကို ကြည့်ရှုပေးကြပါလို အထူးမတိုက်တွန်းတော့ပါဘူးနော်။ ဒီကားလေးကိုတော့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါညတွေမှာ Gold Channel ကနေအကောင်းဆုံးတင်ဆက်ပေးသွားမှာမိုလို ဆက်ဆက် စောင့်မျှော်အားပေးကြပါဦးရှင်။

https://t.me/officialgoldchannel

Curtain Call
Original title 커튼콜: 나무는 서서 죽는다
First air date Oct. 31, 2022
Seasons 1
Episodes 16

Similar titles

Monstrous
Twenty Five Twenty One
Twinkling Watermelon
Dear Doctor
The Enemy Within
The Charming Stepmom (2019)
South Wind Knows
The Haunting of Bly Manor (2020)
My Forever Sunshine
Numbers
Everyone Loves Me
Stockstruck