
The Sopranos (1999)
===================
“မင်းတို့ ဘယ်လောက်ရင်းနှီးရင်းနှီး ငါဂရုမစိုက်ဘူး။ နောက်ဆုံးကျရင် မင်းရဲ့ မိတ်ဆွေတွေက မင်းကို စိတ်ပျက်အောင်လုပ်သွားကြမှာပဲ။
မိသားစု မင်းရဲ့ မိသားစုကိုပဲ မင်းမှီခိုလို့ရမှာ”
ဒီစကားကတော့ နယူးဂျာစီပြည်နယ်က အီတလီ-အမေရိကန် မာဖီးယားကြီး တိုနီ ဆိုပရာနိုက ပြောခဲ့တဲ့စကားပါ။
The Sporanos ကို ၁၉၉၉ ခုနှစ်မှာ စတင်ပြသခဲ့ပြီးတော့ Season ပေါင်း ၆ခု၊ အပိုင်းပေါင်း ၈၆ပိုင်းအထိကို ရိုက်ကူးခဲ့တာပါ။
The Sporanos ဟာဆိုရင် ၁၉၉၉ခုနှစ်ကနေ ၂၀၀၇ခုနှစ်အထိ ၇နှစ်ကြာရပ်တည်ခဲ့ပြီးတော့ ဒီ ၇နှစ်အတွင်းမှာလည်း ဆုတံဆိပ်ပေါင်းမြောက်များစွာကို ဆွတ်ခူးထားခဲ့တာပါ။ The Sopranos ကိုဆိုရင် နေရာတော်တော်များများမှာ အကောင်းဆုံး TvSeries လို့ သတ်မှတ်ထားခဲ့သလိုပဲ ဒီ TvSeries ကို အခြေခံပြီးတော့ Merchandise တွေလဲ အများကြီးဖြစ်လာခဲ့ပါတယ်။ ဒီ TvSeries မှာ ပတ်သတ်ခဲ့တဲ့ သူတွေအားလုံးကလည်း ဒီ TvSeries ကိုမှီခိုပြီးတော့ပဲ နေရာတစ်ခုကိုရောက်သွားကြတာများပါတယ်။ Rolling Stone ရဲ့ အကောင်းဆုံး TvSeries ၁၀၀ စာရင်းမှာ နံပါတ် ၁ နေရာကို ၂၀၁၆ ခုနှစ်မှာ တက်ချိတ်နိုင်ခဲ့ပါသေးတယ်။ ၂၀၁၈ မှာတော့ New Line Cinema ကနေမှာ The Sporanos ရဲ့ နောက်ခံကျောရိုးကိုဝယ်ယူခဲ့ပြီးတော့ The Many Saints of Newark ဆိုတဲ့ နာမည်နဲ့ Prequel တစ်ခုကို ရိုက်ကူးခဲ့ပါသေးတယ်။ အစကတော့ ဒီ စက်တင်ဘာမှာ ထုတ်ဖို့လုပ်ထားပေမဲ့ တစ်ကမ္ဘာလုံးရောဂါတွေဖြစ်နေတဲ့အတွက် နောက်နှစ် မတ်လကိုရွှေ့ခဲ့ကြပါတယ်။
ဒီ Series မှာတော့ ဆိုပရာနိုလို့ အမည်တွင်တဲ့ မာဖီးယားမိသားစုထဲက တိုနီဆိုပရာနိုဆိုတဲ့ လူတစ်ယောက်ရဲ့ မိသားစုနဲ့အလုပ်ကြားက စိတ်ရှုပ်စရာတွေကို အခက်အခဲတွေနဲ့ နှစ်ဖက်ကိုမျှအောင်ညှိယူနေရတဲ့ ဇာတ်လမ်းကို တွေ့မြင်ရမှာပါ။ မိသားစုအပူတွေက တစ်မျိုးအလုပ်မှာဂဂျီဂဂျောင်ကောင်တွေကတစ်မျိုးနဲ့ တိုနီဆိုပရာနိုတစ်ယောက် အမြဲခေါင်းခဲနေရမှာပါ။
TvSeries ဖြစ်တဲ့အတိုင်း ပြသနာများစွာကို ဒီလိုမာဖီးယားဂိုဏ်းစတားတစ်ယောက် ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ရုံးတွေအလုပ်တွေလဲ ပြန်ပိတ်မလိုတွေဖြစ်နေတော့ အိမ်မှာနေရင်း အကောင်းဆုံး TvSeries တစ်ခုကို မသိလိုက်ရမဖြစ်အောင် တင်ဆက်ပေးလိုက်ရပါတယ်။
Review by Aung Htoo Khaing
Translated by GC Translators Team
Encoded by Noah
Quality – Bluray
IMDB – 9.2
Genres – Crime, Drama
လင့် ပျက် နေ သည်
ဆက်တင်ပေးပါအုံး
Good
ရှာနေတာကြာပြီ ကျေးဇူး