
တရုတ်သိုင်းကားများ ဝူရှများကို ကြိုက်နှစ်သက်ကြသော GC Verse လေးတို့အတွက် ဒီတစ်ခါ GC Chinese Team မှ သယ်ဆောင်လာပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့သော ဆရာကြီးကျင်းယုံရေးသားထားပြီး ဇာတ်ကားရိုက်ကူးရာမှာ အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားတဲ့ နှင်းတောင်သူရဲကောင်းဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတဲ့ Side Story Of Fox Volant ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
ဒီဇာတ်ကားလေးတွင် Noble Aspiration , The Glory of Tang Dynasty , Summer’s Desire ဇာတ်ကားထဲမှ မင်းသားချောလေးတစ်ဖြစ်လဲ လက်ရှိပြသနေဆဲဇာတ်ကား Discovery Of Romance ဇာတ်ကားထဲမှ အမျိုးသားဇာတ်ဆောင် Qin Junjie နှင့် The Eternal Love S1,2,3 , You are My Destiny, Handsome Siblings, The Day of Becoming You အစရှိသဖြင့် နာမည်ကျော်ဇာတ်လမ်းတွဲများထဲမှ မင်းသမီးလေး Liang Jie၊ Master Devil Don’t Kiss Me, Put Your Head on My Shoulder, The Moons Brighten For You, Miss Crow with Mr Lizard ဇာတ်ကားများထဲမှ အမျိုးသမီးဇာတ်ဆောင်တစ်ဦးဖြစ်သူ Fair Xing (Xing Fei) တို့မှ အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်
ဒါ့အပြင် နာမည်ကြီးဇာတ်ပို့တစ်ဦးဖြစ်သော နဂါးနိုင်ဓား(2019)တွင် ရန်ရှောင်းနေရာမှသရုပ်ဆောင်ခဲ့သူ၊ Dating in the Kitchen ဇာတ်ကား၏ အမျိုးသားဇာတ်လိုက်ဖြစ်သော Lin Yu Shen နှင့်တကွ The Prince of Qin, Li Shimin , The Young Warriors, Three Kingdoms ဇာတ်ကားတို့မှ အဓိကသရုပ်ဆောင်ဖြစ်သော နာမည်ကျော်ထိုင်ဝမ်သရုပ်ဆောင် Peter Ho (He Run Dong) တို့အပြင် တခြားအနုပညာရှင်ပေါင်း များစွာမှလည်း ပါဝင်အားဖြည့်ပေးထားသောကြောင့် လက်မလွှတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း
ချင်ခေတ် ချင်းလုံဧကရာဇ်အုပ်ချုပ်စဉ်ကာလအတွင်းက ဟူဖေး လို့အမည်ရတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့ဖခင်ကို သတ်ခဲ့တဲ့ရန်သူတော်ကို လက်စားချေဖို့အတွက် အန္တရာယ်တွေ ရောပြွမ်းနေပြီး ရှုပ်ထွေးလှတဲ့ သိုင်းလောကထဲ ရန်သူတော်ကိုလက်စားချေရေးအတွက် ခရီးရှည်ထွက်ခဲ့ပါတယ်။ ရဲစွမ်းသတ္တိရှိပေမယ့် မဆင်မခြင်ပြုမူတတ်တဲ့ လူငယ်လေးအဖြစ်ကနေ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်လိုစိတ်ရှိတဲ့ သူ့ခေတ်သူ့အခါရဲ့သူရဲကောင်းဖြစ်လာပြီး မှတ်ကျောက်တင်ခံခဲ့ရပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်
လက်စားချေခရီးရှည်အတွင်းမှာ လူငယ်လေး ဟူဖေးဟာ ဖုန့်ထျန်းနန်ကိုသူ့ရဲ့မတရားမှုတွေအတွက် မထီမဲ့မြင်ပြုရင်း ဖုန့်ထျန်းနန်ရဲ့ ရင်နှစ်သည်းချာသမီးလေးတစ်ဖြစ်လဲ ထျန်းရှန်းဂိုဏ်းရဲ့ သူရဲကောင်းမလေး ယွမ်ဇီယီးနဲ့ ချစ်ကြိုးသွယ်ကာ လွမ်းဆွတ်ဖွယ်ချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပေါ်ပေါက်လာခဲ့ပါတယ်။
ဟူဖေးဟာ မြောင်ရန်ဖုန့်ကို ရှာတွေ့တဲ့အချိန်မှာတော့ မြောင်ရန်ဖုန့်ဟာ ထျန်ကွေးနုန်ရဲ့ အဆိပ်ခတ်ခံရပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးလိုက်ရချိန်ဖြစ်ပါတယ်။ သူတစ်ပါးရဲ့အားနည်းချက်ကို အခွင့်ကောင်းမယူလိုတဲ့ဟူဖေးတစ်ယောက် ရန်သူတော် မြောင်ရန်ဖုန့်အတွက် အဆိပ်ဖြေဆေးရှာဖို့ ဆေးဘုရင်တောင်ကြားဆီ ခရီးနှင်ခဲ့ပါတယ်။ ဆေးဘုရင်တောင်ကြားမှာ အဆိပ်ဖြေဆေးရှာရင်း အဆိပ်သခင်ဆေးဘုရင်ရဲ့ တပည့်မလေး ချိန်လင်စုနဲ့ တွေ့ဆုံခဲ့ပြီး မြောင်ရန်ဖုန့်ရဲ့မျက်စိတွေကို ကုသပေးဖို့ သဘောတူခဲ့ပါတယ်။
အမှန်တရားကို ရှာတွေ့ဖို့ နီးစပ်လာလေ သူ့ရဲ့အဖေကို သတ်ခဲ့သူက တခြားသူတစ်ယာက်ဖြစ်တယ်ဆိုတာကို သဘောပေါက်လာတဲ့ ဟူဖေးတစ်ယောက် မြောင်ရန်ဖုန့်ကို ပိုပိုပြီး လေးစားလာခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ဟူဖေးတစ်ယောက် စစ်သူကြီး ဖူခန်းအန်း ဦးဆောင်ကျင်းပတဲ့ ကျင်းဟူ(သိုင်းလောက)ခေါင်းဆောင် ရွေးချယ်ပွဲကို တက်ရောက်ခွင့်ရရှိခဲ့ရာကနေ ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လိုအကြောင်းအရင်းတွေကများ ဟူဖေးကို သူရဲကောင်းတစ်ယောက် ဖြစ်လာစေတဲ့အထိ ရင့်ကျက်သွားစေတာလဲ။
ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နဲ့အတူ စွန့်စားခန်းထွက်နေရသလိုမျိုး အမှန်တရားအတွက် ဘေးအန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ကြည့်ရှုခံစားရနိုင်မဲ့ ဇာတ်လမ်းတွဲလေးတစ်ပုဒ်ကို Gold Channel မှာ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့ညတွေမှာ မြန်မာဘာသာပြန်ဖြင့် ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးဖို့ မမေ့ကြနဲ့နော်
Reviewed by April Chyu and Feyremme
Translated by GC Chinese Team 2
Encoded by Lwin Naung
Love You Seven Times တရုတ်ကား တင်ပေးပါလား?
13 14တင်ပါဦဆရာတို့ရေ