Wild Bloom

Wild Bloom

Nov. 27, 2022
Your rating: 0
6 1 vote

Seasons and episodes

1Season 1 Nov. 27, 2022

Synopsis

တရုတ်ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ GC Verse တို့ကိုမိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးရဲ့ အမည်ကို “နွေလယ်သာတဲ့ လေပြည်ညင်း” (Wild Bloom) လို့ပေးထားပြီး မိန်းကလေးစီးပွားရေးပညာရှင်အကြောင်း အဓိကရိုက်ကူးထားတာပဲ ဖြစ်ပါတယ်

ဇာတ်လမ်းလေးက တခြားဇာတ်လမ်းများနဲ့မတူ တမူကွဲပြားစွာ အဓိကဇာတ်ဆောင် မင်းသမီးရဲ့ အလတ်စားကုမ္ပဏီလေးတစ်ခု စတင်တည်ထောင်ပုံနဲ့ အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ကြရင်း အောင်မြင်မှုပန်းတိုင်သို့ လှမ်းချီသွားပုံကို အသည်းတယားယား ရင်တလှပ်လှပ်ဖြစ်အောင် ရိုက်ကူးပုံဖော်ပေးထားတဲ့ မိန်းကလေးအသားပေး ‌ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကို Faith Makes Great, Being a Hero စတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားများ၏ပဲ့ကိုင်ရှင် ဒါရိုက်တာ Fu Dongyu မှရိုက်ကူးထားပြီး တရုတ်ပြည်၏အကျော်ကြားဆုံး မင်းသမီးများထဲမှ တစ်လက်ဖြစ်သော Legend of Fei, Princess Agent, Story of Minglan ဇာတ်ကားများမှ ခေါင်းဆောင်မင်းသမီး Zhao Liying နှင့် Love Under the Moon, The Fight, Nobody Knows ဇာတ်ကားများထဲမှ မင်းသားချော Ou Hao တို့မှ အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ရိုက်ကူးထားတာ အခြားနာမည်ကျော် အနုပညာရှင်ပေါင်းများစွာမှလည်း ပါဝင်ကူညီအားဖြည့်ပေးထားပါတယ်

ဇာတ်လမ်းအညွှန်း

၁၉၉၀ပြည့်နှစ်တွေမှာ Xu BanXiaဟာ အမျိုးသားတွေ စိုးမိုးနေတဲ့ သံမဏိလုပ်ငန်းနယ်ပယ်ထဲကို အခက်အခဲများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း နာမည်တစ်ခုဖြင့် ရပ်တည်နိုင်အောင် ကြံ့ခိုင်သန်စွမ်းပြီး အမြော်အမြင်နဲ့ ပြည့်စုံသူတစ်ယောက်ပဲဖြစ်ပါတယ်။

သူ့ရဲ့မိခင်ဖြစ်သူဟာ Xu BanXiaကို မွေးဖွားပြီးနောက်ပိုင်းမှာ သေဆုံးခဲ့ရတဲ့အပြင် သူ့ရဲ့ဖခင်ဖြစ်သူဟာလည်း သူ့ကို ဂရုမစိုက်ပါဘူး။ ငယ်ဘဝမှာ ကြင်နာနွေးထွေးမှုမရရှိဘဲ ကြီးပြင်းလာခဲ့ရတဲ့Xu BanXiaဟာ မာနကြီးပြီး အကြောက်အလန့်လည်းမရှိပါဘူး။

လျင်မြန်စွာတိုးတက်ပြောင်းလဲလာတဲ့ တရုတ်နိုင်ငံစီးပွားရေးအခြေအနေကြားမှာ Xu BanXiaနဲ့ သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့  Xiao Qiနဲ့ Chen YuYuတို့သုံးယောက် အတူလက်တွဲပြီး အမျိုးသားတွေစိုးမိုးနေတဲ့သံမဏိလုပ်ငန်းနယ်ပယ်အတွင်းသို့ ခြေစုံပစ်ဝင်ရောက်လာခဲ့ပါတယ်။ လုပ်ငန်းစတင်ချိန်မှာတော့ သူတို့ဟာ သံမဏိအကြမ်းထည်တွေကိုသာ စတင်ရောင်းချရာမှ သံမဏိစက်ရုံတစ်ရုံနဲ့ ချိတ်ဆက်မိပြီး သံမဏိတင်ပို့ရောင်းချရေးကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။။

ထို‌ခေတ်အချိန်အခါတုန်းက သံမဏိလုပ်ငန်းကို ကြီးစိုးနေသူတွေဟာ အမျိုးသားတွေချည်းဖြစ်နေပါတယ်။ ဒါ့ကြောင့် Xu BanXiaဟာ သူ့ရဲ့စွန့်စားလိုစိတ်ကို လက်ကိုင်ထားပြီး မမျှော်လင့်ဘဲ ကြုံဆုံလာရသမျှ အခက်အခဲများကို မတွန့်မဆုတ်ရင်ဆိုင်ရင်း သူသာ နောက်ဆုံးမှာ အပြည်ပြည်ဆိုင်ရာ သံမဏိလုပ်ငန်းတင်ပို့ရေးကုမ္ပဏီကို ဘယ်လိုနည်းနဲ့ အောင်မြင်စွာ တည်ထောင်မလဲ သူကြုံတွေ့ရတဲ့ အခက်အခဲတွေကဘာလဲ ဒီလို ပင်ပန်းဆင်းရဲမှုကြားမှာ လူသားအချင်းချင်းကြားက စစ်မှန်တဲ့ စေတနာမေတ္တာတွေ စတဲ့ ရသစုံစွာသော ခံစားချက်အမျိုးမျိုးကို ခံစားချင်တယ်ဆိုရင်ဖြင့် “နွေလယ်သာတဲ့ လေပြည်ညင်း” (Wild Bloom) အမည်ရတဲ့ တရုတ်ရုပ်သံဇာတ်လမ်းတွဲလေးကို နိုဝင်ဘာ ၂၇ရက်မှ စတင်ပြီး Gc drama website နဲ့ telegram channelတို့တွင် စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။

Reviewed by April Chyu & Feyremme

Translated by GC Chinese Team

Encoded by WP

Wild Bloom
Original title 风吹半夏
First air date Nov. 27, 2022
Last air date Nov. 27, 2022
Seasons 1
Episodes 36

Similar titles

Adamas
The Matchmakers
Tale of the Nine Tailed
RACE
Game of Outlaws (2021) မြန်မာစာတမ်းထိုး
Unlock My Boss
Bad and Crazy
Miracle
Rookie Cops
Love Class
The Empire Of Law
Dr. Romantic