Juvenile Delinquency

Juvenile Delinquency

Mar. 25, 2022
Your rating: 0
5 1 vote

Seasons and episodes

1Season 1 Mar. 25, 2022

Creator

Creator

Cast

Won Ji-an isKyung Da Jung
Kyung Da Jung
Yoon Chan-young isGong Yoon Tak
Gong Yoon Tak
Yoon Hyun-soo isGong Yoon Jae
Gong Yoon Jae
Han Se-jin isKim Gook Hee
Kim Gook Hee
Yang Seo-Hyun isHong Ae Ran
Hong Ae Ran

Video trailer

Synopsis

Juvenile delinquency

ပြစ်မှုကျူးလွန်သူတွေဆိုတာ ပတ်ဝန်းကျင်ရဲ့ အနိမ့်ကျခံအဖြစ်နဲ့ သတ်မှတ်ခံရသူတွေပါ။ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့နောက်ဆက်တွဲကြောင့် အပြစ်ဒဏ်ကို ခံယူကြရတဲ့အခါ ဝေဖန်မှုတွေကိုပါ ဆက်တိုက်မျှဝေယူကြရပါတယ်။ ဒါပေမယ့် ဒီလိုပြစ်မှုကျူးလွန်မိကြသူတို့ရဲ့ အကြောင်းပြချက်တွေကို ဝေဖန်အပြစ်တင်ကြတဲ့ လူ့အသိုင်းအဝိုင်းကဆိုသူတွေ မေးမိကြရဲ့လား။ ဒါမှမဟုတ် အရေးမကြီးဘူးလို့ သတ်မှတ်ပြီးသားမလို့လား။

တကယ်ဆို တစ်ဖက်သားနာကျင်ထိခိုက်အောင် ပြုမိသူတွေမှာ ဘယ်အချိန်ကစခဲ့လဲ၊ ဘာအကြောင်းပြချက်ကြောင့်လဲ၊ ကိုယ်တိုင်ရွေးချယ်မှုလား၊ ရွေးချယ်စရာပဲမရှိခဲ့တာလား၊ မှားနေမှန်းရော သိကြရဲ့လား။ ဒီလိုအရာတွေအတွက် ပြစ်မှုကျူးလွန်ပြီးမှ ဝေဖန်ကြသူတွေ ဒီလိုမဖြစ်ခင်ကြိုပြီး နှစ်သိမ့်အားပေးကူညီကြခဲ့ရင်ရော ရလဒ်တွေပြောင်းလဲလာနိုင်မလား။

ဒီလိုအကြောင်းပြချက်တွေနဲ့ ဆယ်ကျော်သက်အရွယ်တည်းက မိသားစုရဲ့ အသုံးချခံ မူးယစ်ဆေးသယ်ဆောင်ပေးသူအဖြစ် လုပ်ကိုင်ကျွမ်းဝင်နေခဲ့တဲ့ ၁၈ နှစ်အရွယ် Kyung Da-Jung။ မိဘကိုယ်တိုင်က လမ်းခင်းပေးခဲ့တဲ့လမ်းမှားကိုလျှောက်ရင်း သူမှားနေမှန်းရောသိခဲ့ရဲ့လား။ တစ်နေ့ မူးယစ်ဆေးသွားပို့ရင်း အမှားအယွင်းဖြစ်သွားတဲ့အခါ အကျိုးဆက်တွေကို မရင်ဆိုင်နိုင်လို့နယ်မြို့လေးတစ်မြို့ကို ထွက်ပြေးလာခဲ့တဲ့သူမ။ အဲ့ဒီနေရာလေးက သာမန်ဘဝနဲ့ ရုန်းကန်နေရတဲ့ Gong Yoon-Tak နဲ့ဆုံတွေ့ခဲ့တဲ့ဲ့ခါ

Gong Yoon-Tak ဟာ ပုံမှန်ရိုးရိုးရှင်းရှင်းဘဝနဲ့ အဖေရယ် ညီနှစ်ယောက်ရယ်အတွက် အိမ်ထောင်ဦးစီးတာဝန်ကို ထမ်းဆောင်နေသူပါ။ Kyung Da-Jung ကလဲ ကံအားလျော်စွာ ဒီနေရာမှာ ဘိန်းစိုက်ခင်းတွေတွေ့ခဲ့ချိန်မှာတော့ မိဘကိုယ်တိုင်ရဲ့ လမ်းမှား၊ တစ်ချိန်လုံးကျွမ်းဝင်လာတဲ့ အတတ်မှားတွေကို အသုံးချပြီး ပိုက်ဆံရှာဖို့ကြိုးစားရင်း Gong Yoon-Tak ကိုပါဆွဲသွင်းမိတဲ့အခါ။

ဆယ်ကျော်သက်အရွယ် ပညာရေးနောက်ကလိုက် တက်ကြွနေရမယ့်အချိန် ဝမ်းစာနောက်ကိုမှ လမ်းမှားကလျှောက်မိကြတဲ့သူတို့ နောက်ဆက်တွဲအနာဂတ်မှာ ဒီလမ်းမှားအတိုင်းပဲလား၊ ခလုတ်မထိဆူးမငြိဘဲ ဆက်လျှောက်နိုင်ကြပါ့မလား။ ဒီလူငယ်တွေကို လမ်းပြပေးနိုင်မယ့်သူပေါ်လာနိုင်မလား၊ သံယောဇဉ်တွေကပဲ အရာအားလုံးကိုကုစားပေးသွားနိုင်မလား၊

ဘဝတွေရဲ့အစက လူတိုင်းမတူနိုင်ပေမယ့် အဆုံးသတ်လှဖို့ ကြိုးစားနိုင်ကြမလားဆိုတာ ဒီ Juvenile delinquency ကားလေးမှာ တင်ဆက်ပြသပုံတွေကို ကြည့်ရှုရင်း ခံစားသက်ဝင် အတွေးနယ်ချဲ့နိုင်ဖို့ gold channel drama မှတင်ဆက်ပေးလိုက်ရပါတယ်။

Reviewed by Phyo Translated by Snowflake,Phyo,Elsa,Anna

Juvenile Delinquency
Juvenile Delinquency
Original title 소년비행
First air date Mar. 25, 2022
Last air date Mar. 25, 2022
Seasons 1
Episodes 10
Average Duration 35 minutes

Similar titles

All of Her
Semantic Error
Cupid’s Last Wish
Tracer
46 Days (2021)
Master of My Own
Side Story of Fox Volant
Joseon Attorney: A Morality
Immortal Samsara (2022) မြန်မာစာတမ်းထိုး
Back From the Brink
My Journey To You
Heartstopper