
Sunbae, Don’t Put on That Lipstick (선배, 그 립스틱 바르지 마요)
အခုတခါ GC ပရိသတ်တွေကြည့်ရမယ့် ဒရမ်မာလေးကတော့ ”ဆန်းဘဲ့ ” လို့ တဖွဖွခေါ်ပြီး စီနီယာမမကို သဲသဲလှုပ် ဇွတ်ချစ်ပြမယ့် မောင်လေးနဲ့ အချစ်ခံရမယ့်မမတို့အကြောင်း ဇာတ်ကားလေးဖြစ်ပါတယ်။
ပါဝင်သရုပ်ဆောင်မယ့် မောင်လေးကတော့ အခြားသူမဟုတ် Extraordinary youထဲက ဟာရူလေး ဖြစ်တဲ့ SF9က ရိုဝန်းဖြစ်ပြီး
စီနီယာမမကတော့ Melt me softlyထဲက ရေခဲမမ ဝမ်ဂျင်အာတို့ပါ။
စီနီယာမမနဲ့ ဂျူနီယာမောင်လေးကြား ရိုမန့်ဆန်တဲ့အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားပုံလေးကတော့
ယွန်းဆုန်းအာ (ဝမ်ဂျင်အာ)ဟာ အလှကုန်ပစ္စည်း Brandတစ်ခုရဲ့ ရောင်းဝယ်သူအဖြစ် အလုပ်လုပ်ပြီး တနေ့ကိုယ်ပိုင် Brandတစ်ခုထုတ်လုပ်နိုင်ရမယ်ဆိုတဲ့ အိမ်မက်နဲ့အတူ အလုပ်အပေါ်အရမ်းစိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပါတယ်။
ချယ်ဟွန်ဆွန်း (ရိုဝန်)ကတော့ ယွန်းဆုန်းအာနဲ့အတူ ရောင်းဝယ်သူအဖြစ် အလုပ်လုပ်တဲ့အခါ ရင့်ကျက်လှတဲ့ စီနီယာမမအောက် ကျရှုံးသွားပြီး ချစ်ခွင့်ရဖို့ကြိုးစားတဲ့အခါ…
စီနီယာမမဟာ အသက်ငယ်ငယ်ချာတိတ်လေးတွေကို လက်တွဲဖော်ချစ်သူအဖြစ် ခံစားလို့ မရတဲ့အတွက် ငြင်းဆန်ဖို့လုပ်ရင်းက စီနီယာမမနဲ့မောင်လေးတို့ရဲ့ ရင်ခုန်စရာ ရိုမန့်တစ်ဇာတ်လမ်းလေးအကြောင်း အပိုင်း၁၆ပိုင်းနဲ့ ကြည့်ရှုရမှာဖြစ်ပြီး…
ဒီဇာတ်ကားလေးကို GC pageကနေ တနလာၤနဲ့အဂါၤနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့
မောင်လေးတွေကိုဘဲတော်ရရင် မမတွေဘယ်လိုခံစား စံစားရမယ်ဆိုတာကို ဘဲမရှိလည်းနေ ရှိလည်းနေ ဘာနေနေ မမနေရာကနေဝင်ခံစားကြည့်ဖို့ အကြံပေးရင်း ကြည့်လိုက်ကြရအောင်ပါနော်
Translated by Ay Thinzar Moe,Hay Marn and Yin Cho