Undercover

Undercover

Apr. 23, 2021
Your rating: 0
8.6 11 votes

Seasons and episodes

1Season 1 Apr. 23, 2021

Creator

Creator

Cast

Ji Jin-hee isHan Jung Hyun [Present
Han Jung Hyun [Present
Kim Hyun-joo isChoi Yeon Soo [Present
Choi Yeon Soo [Present
Yeon Woo-jin isHan Jung Hyun [Young
Han Jung Hyun [Young
Han Sun-hwa isChoi Yeon Soo [Young
Choi Yeon Soo [Young
Heo Joon-ho isIm Hyeong Rak
Im Hyeong Rak
Jeong Man-sik isDo Yeong-geol
Do Yeong-geol
Han Go-eun isGo Yoon Joo
Go Yoon Joo
Son Jong-hak isYoo Sang Dong
Yoo Sang Dong
Song Young-gyu isKwak Moon Heum
Kwak Moon Heum
Park Geun-hyung isLee Man Ho
Lee Man Ho

Video trailer

Synopsis

Undercover(언더커버)

ဒီတစ်ခါမှာတော့ Beyond Evil အစားလာမယ့် Undercoverဆိုတဲ့ လျှို့ဝှက်စုံထောက် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်လမ်းလေးကတော့ ကိုယ့်ရဲ့ဖြစ်တည်မှု အစစ်အမှန်ကို ဖုံးကွယ်ထားပြီး လျှို့ဝှက်အေးဂျင့်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Han Jung Hyun (Ji Jin Hee)နဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်းအကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဌာနရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် ပြည်သူ့ရှေ့နေမလေး Choi Yeon Soo (Kim Hyun Joo) တို့ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးမှာ လူတွေရဲ့ ဖုံးကွယ်ထားတဲ့ နောက်ခံဇာတ်ကြောင်းတွေနဲ့အတူ စစ်မှန်တဲ့အာဏာဆိုတာ ဘာလဲဆိုတဲ့ အကြောင်းကို ထင်ထင်ရှားရှား မီးမောင်းထိုးပြထားပြီး အမှားအမှန်ဆိုတာ ဘာလဲဆိုတဲ့ အတွေးအခေါ်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

သူ့ရဲ့အချက်အလက် အစစ်အမှန်တွေကို အချိန်အကြာကြီးဖုံးကွယ်ထားပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ အမျိုးသားထောက်လှမ်းရေးဌာနရဲ့ လျှို့ဝှက်အေးဂျင့်အဖြစ် ထိပ်တန်းလျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေတဲ့ Hyun Jung Hyun အဖြစ် မင်းသားကြီး(Ji Jin Hee)က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူဟာ သူ့ရဲ့ ထူးခြားသာလွန်တဲ့ လျင်မြန်သွက်လက်မှုနဲ့ ရဲရင့်မှုကြောင့် လူသိများပြီး ထိပ်တန်းလျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်းမှာပဲ ရှေ့နေမလေး Choi Yeon Sooနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ဖုံးကွယ်ထားတဲ့ဘဝဟာ သူ့အမျိုးသမီးက နိုင်ငံ့ဝန်ထမ်းအကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဌာနရဲ့ ခေါင်းဆောင် ဖြစ်ဖို့အတွက် လျာထားခြင်းခံလိုက်ရချိန်မှာတော့ အကုန်ပေါ်သွားခဲ့ပါတယ်။

အမှန်တရားနဲ့ တရားမျှတမှုအတွက် ရှင်သန်နေတဲ့ လူ့အခွင့်အရေးပြည်သူ့ရှေ့နေ Choi Yeon Soo အဖြစ် မင်းသမီးကြီး (Kim Hyun Joo)က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမဘဝ တစ်လျှောက်လုံးရင်းနှီးမြုပ်နှံထားတဲ့ ယုံကြည်ချက်တွေနဲ့ တရားမျှတတဲ့ ဆောင်ရွက်ချက်တွေကြောင့် သူမဟာ နိုင်ငံ့ဝန်ထမ်းအကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဌာနရဲ့ ခေါင်းဆောင်ရာထူးကို လျာထားခြင်းခံရပါတယ်။

သူမရဲ့ရာထူးအသစ်ဟာ ထိန့်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့သူမခင်ပွန်းရဲ့အမှန်တရားကို ရင်ဆိုင်ဖို့ တွန်းအားပေးလာတဲ့အခါ အချစ်နဲ့ တရားမျှတမှုကြား သူမဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကို JTBC ရုပ်သံလိုင်းမှ အပတ်စဉ်သောကြာနေ့နဲ့ စနေနေ့တွေမှာ ထုတ်လွှင့်ပြသပေးသွားမှာဖြစ်လို့ GC ပရိတ်သတ်ကြီးကလည်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

Translated by Aye Thizar Moe,Hnin Aye Nyein and Thae

Undercover
Original title 언더커버
TMDb Rating 10 1 votes
First air date Apr. 23, 2021
Last air date Apr. 23, 2021
Seasons 1
Episodes 16
Average Duration 70 minutes

Similar titles

WandaVision
Dark Hole
Vincenzo
Doom Patrol (2019 –
Awaken
The Falcon and the Winter Soldier (2021 – )
The Beauty Inside
Manner of Death (2020)
Graceful Friends
Three Kingdoms (2010) ????????????????
Live On
The Frog Prince (2021)

(11) comments

  • Victor KhaiMay 11, 2021Reply

    အပိုင်း၆မင်မင်တို့

  • 렌서우May 10, 2021Reply

    အပိုင်း ၆မရသေးဘူးလား မင်မင်🥺🥺🥺

  • thazinApril 27, 2021Reply

    pls ep

  • MSSApril 26, 2021Reply

    ကြာပြီ‌နော် မရသေးဖူး

  • VICTOR KHAIApril 25, 2021Reply

    ကျနော်လည်းမျော်နေတာ ကြာပြီ 😓😭😭

  • Ei terApril 25, 2021Reply

    တင်ပေးပါတော့😔

  • A NyoApril 25, 2021Reply

    စာဖိုင် မထွက်သေးတာပါ ထွက်တာနဲံ တင်ပေးမှာပါ

  • Nga Loe Ma Min Aung HlaingApril 24, 2021Reply

    Where episode 1?

  • SSApril 24, 2021Reply

    ကြည့်ချင်လို့စောင့်နေတာကြာပြီ မရသေးဖူးလား

  • Aung Bo ThweApril 24, 2021Reply

    အပိုင်း ၁ မရသေးဘူးလား မင်မင်

    • MKSApril 24, 2021Reply

      မေးလိုက်တော့

Leave a comment

Name *
Add a display name
Email *
Your email address will not be published
Website