
Hometown Cha Cha Cha
ဒီတစ်ခါတော့ ပင်လယ်ကမ်းခြေရွာလေးမှာအခြေတည်ရိုက်ကူးထားတဲ့ ပါးချိုင့်လေးနှစ်ယောက်ရဲ့ Romance ဇာတ်ကားလေးပါ။ Mr.Hong ဆိုတဲ့ movie ကို ပြန်လည်ရိုက်ကူးထားတာပါ။
Yoon Hye-Jin (Shin Min-A) ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးမထင်မှတ်ထားတဲ့အပြောင်းအလဲလေးတွေကြောင့် ပင်လယ်ကမ်းခြေရွာလေးကိုပြောင်းရွေ့လာရပါတယ်။ အဲဒီရွာမှာပဲ Hong Du-Sik (Kim Sun-Ho) လို့ခေါ်တဲ့ နောက်ပါးချိုင့်လေးနဲ့တွေ့တယ်ပေါ့ရှင်။
Hong Du-Sik ကို ရွာကလူတွေက လူကြီးတစ်ယောက်ကဲ့သို့အလေးပေးဆက်ဆံသလို ဘယ်သူအကူအညီတောင်းတောင်းလုပ်ပေးတတ်သူမလို့ မမတစ်ယောက် သိချင်စိတ်တွေဖြစ်ပေါ်လာရပါတော့တယ်။
အလုပ်မရှိပေမဲ့ တစ်ရွာလုံးမှာအလုပ်အများဆုံးပါးချိုင့်လေးနဲ့ သူ့ကိုဘယ်လိုလူလဲဆိုပြီးသိချင်စိတ်ဖြစ်နေတဲ့ ပါးချိုင့်မမတို့ရဲ့ ဟာသအချစ်ဇာတ်လမ်းလေးကို Gold Channel မှာစောင့်မျှော်အားပေးကြပါဦး။
Korea Movie Ramake တွေက movie နဲ့မတူတဲ့ရသကိုပေးတတ်တာမလို့ လက်မလွှတ်သင့်တဲ့ကားကောင်းလေးပါပဲနော်။
Translated by Athena,Faith,Hnin Aye Nyein and Youn Kyi Phyu
Good