
The Killer’s Shopping List (살인자의 쇼핑목록)
လည်ပင်းရှည်အောင်စောင့်ခဲ့ရပါသော ဂွမ်ဂွမ်ရဲ့ကားသစ်လေးကို ကြည့်ရှုဖိုအချိန်ရောက်လာပါပြီ K-Drama ချစ်သူအပေါင်းတိုရေ။ စုံထောက်ဆန်ဆန်ကားမျိးကြိုက်တတ်ရင်တော့ မဖြစ်မနေကြည့်ရှုသင့်တယ်နော်။
Dae-Sung (Lee Kwang-Soo) ဟာ အင်မတန်ကောင်းတဲ့မှတ်ဉာဏ်ပိုင်ရှင်ဖြစ်ပေမဲ့ နည်းနည်းရှက်ကြောက်မဝံ့မရဲဖြစ်တတ်တဲ့စတိုင်မျိးပါ။ အစိုးရဝန်ထမ်းစာမေးပွဲကို သုံးနှစ်တိုင်တိုင်ကျရှုးထားပေမဲ့ အခုထိတော့လက်မလျော့သေးတဲ့ ဇွဲကြီးသူပါ။ သူ့ရဲ့မိခင်ဖြစ်သူပိုင်တဲ့ မြိုစွန်က MS Mart မှာ အချိန်ပိုင်းအလုပ်လုပ်ကိုင်ပြီး စာမေးပွဲဖြေဖို ကြိုးစားနေဆဲမောင်ရိုးသားလေးပေါ့။ သူ့ရဲ့ချစ်သူ A-Hee (Seol Hyun) ဟာလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး ယောက္ခမလောင်းနဲ့အပြိုင် ချစ်သူကို အရမ်းအားပေးတတ်တဲ့ကောင်မလေးပါ။
တစ်နေ့မှာတော့ MS Mart နားမှာရှိတဲ့အဆောက် အဦးမှာ လူသတ်မှုဖြစ်ပြီး အဲဒီအမှုကို A-Hee က ကိုင်တွယ်ရပါတယ်။ ချစ်သူနဲ့ ယောက္ခမလောင်းတိုရဲ့အကူအညီနဲ့ A-Hee တစ်ယောက် အမှုကိုဖြေရှင်းဖိုကြိုးစားပါတော့တယ်။ လူသတ်သမားချန်ထားခဲ့တဲ့တစ်ခုတည်းသောသက်သေကတော့ MS မှာ ဈေးလာဝယ်ခဲ့တဲ့ ပြေစာဖြတ်ပိုင်းပါ။
ကဲ ဒါဆိုရင်တော့ ဂွမ်ဂွမ်တစ်ယောက် ကောင်းမွန်လှတဲ့မှတ်ဉာဏ်ကိုအသုံးချပြီး လူသတ်သမားကို ရှာဖွေနိုင်မလား။ ပတ်ဝန်းကျင်က ဈေးဝယ်သူတိုင်းက တရားခံဖြစ်သွားနိုင်တဲ့အနေအထားမို ယုန်ထင်ကြောင်ထင်အလွဲတလှေကြီးနဲ့ ခွီဖိုစတင်လိုက်ရအောင်ပါ။ Mystery type ကိုမှ Comedy လောင်းထားလို အရမ်းကြီးလည်း မလောင်ပဲ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာဖြစ်နေမှာအမှန်ပါပဲ။ ဒါဆိုရင်တော့ ဒီအပိုင်း ၈ ပိုင်းပါတဲ့ ဇာတ်ကားလေးကို အပတ်စဉ် ကြာသာပတေး သောကြာတိုင်းမှာတင်ဆက်သွားမှာဖြစ်လို GC Drama နဲ့အတူအားပေးလိုက်ရအောင်ပါ။
Translated by Yin Cho,Faith, Athena & Phyo