
Narco-Saints (2022)
ဘတ်ဂျက် 35 billion won!! South American Suriname မှာဇာတ်အိမ်တည်ပြီး ကိုရီးယား box office top 10 ထဲက Ha Jung-woo, Hwang Jung min, Park HAE Soo, Jo woo Jin, Too Yeon seok အစရှိတဲ့ သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့ မင်းသားတွေနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ Thriller / Crime / Drama ဇာတ်ကြမ်း Narco-Saints °
မထွက်ခင်တည်းက နာမည်ကြီးပြီးသား Netflix ရဲ့ စက်တင်ဘာ ၉ရက်နေ့မှာထွက်ရှိမယ့် ဒီကားမှာတော့ အပိုင်း၆ပိုင်း တစ်ပြိုင်တည်းထွက်ရှိမှာမလို တစ်ဝကြီးကြည့်နိုင်ဦးမှာပါ။ Drama တော့ကြိုက်ပါရဲ့ Thriller လေးလဲပါမှဆို ကြည့်ဖြစ်အောင်ကြည့်ဖိုတိုက်တွန်းချင်တဲ့အပြင် Casts တွေကလဲနာမည်ကြားလိုက်ရုံနဲ့တင် Thriller , action ပိုင်းနာမည်ကြီးသူတွေကြီးစုထားလေတော့ ကြည့်ရကျိုးနပ်စေလောက်မယ့်ကားလေး။
Official trailer အရတော့ Local business man Kang in Gu(Ha Jung woo) ကတော့ မလှည့်တတ် မပတ်တတ်နဲ့ အကွက်ထဲဝင်ထောင်ထဲရောက်သွားရာက စထားပါတယ်။ Choi Chang Ho (Park HAE Soo) ကတော့ Suriname ရဲ့ဘိန်းဘုရင်ကြီးကိုဖမ်းဖို စပိုင်လာဌားတဲ့သူ၊ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ Kang in Gu တစ်ယောက် ဘာဖြစ်ဖြစ်မထူးဘူးဆိုပြီးလက်ခံလိုက်ရာကဇာတ်လမ်းစထားပြီး ဘိန်းဘုရင်ကြီး Suriname ရဲ့အရှင်သခင်လိုဖြစ်နေတဲ့ priestအယောင်ဆောင် Jeon Yo Hwan(Hwang Jung min) ဆီမှာ အရောင်းအဝယ်သမားဟန်ဆောင်ချဉ်းကပ်ရင်း ရှုပ်ရင်း ပတ်ရင်း လည်ရင်း အချင်းချင်းသံသယတွေပွားလာမလား မစ်ရှင်တွေအောင်မြင်ပါ့မလားနဲ့ စက်တင်ဘာ ၉ရက်မှာ GC drama က တင်ဆက်ပေးမှာမလိုစောင့်ကြည့်လိုက်ရအောင်။
Reviewed by Phyo
ကြည့်ချင်တယ်