
Mayor of Kingstown “ဥပဒေကို မချိုးဖောက်ပါဘူး၊ နည်းနည်းလေး ပုံစံပြောင်းလိုက်ရုံပါ”…တဲ့။
လက်၀ယ်ရရှိထားတဲ့ အာဏာကိုသုံးပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့ Mike McLusky ရဲ့ စကားတစ်ခွန်းပါ။ Kingstown ဆိုတဲ့ ထောင်အခြေစိုက်မြို့လေးမှာ McLusky မိသားစုဟာ ဩဇာအာဏာကြီးမားတဲ့သူတွေပေါ့။ သူတို့မိသားစုဟာ ရဲတွေ၊ ရာဇ၀တ်သားတွေ၊ ထောင်သားတွေ၊ ထောင်စောင့်တွေနဲ့ နိုင်ငံရေးသမားတွေကြားက လူမျိုးရေးခွဲခြားမှု၊ အကျင့်ပျက်ခြစားမှု၊ မညီမျှမှုတွေကို ကြိုးကိုင်ခြယ်လှယ်နေကြသူတွေ ဖြစ်ပါတယ်။
McLusky မိသားစုက ညီဖြစ်သူ Mike ဟာလည်း အကျဉ်းထောင်နဲ့ လူ့အဖွဲ့အစည်းကြားမှာ ပွဲစားဆန်ဆန် ဆက်သွယ်ပေးနေသူ ဖြစ်ပါတယ်။ လူဆိုးလား လူကောင်းလား ခွဲခြားရခက်တဲ့ လည်သလိုဖျံကျတတ်တဲ့သူတွေလို့ ဆိုရမှာပါပဲ။ မြို့တော်အတွင်းက အရှုပ်အထွေးပေါင်းစုံအပြင် ရန်သူမိတ်ဆွေမကွဲပြားတဲ့ လူ့သဘာ၀ကိုထင်ဟပ်ပြီး မထင်မှတ်တဲ့အပြောင်းအလဲတွေကိုစိတ်၀င်စားစရာ ရိုက်ကူးထားတဲ့ အမိုက်စားဇာတ်လမ်းတွဲတစ်ခုမို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
IMDb မှာ rating 7.5 ရရှိထားတဲ့ crime thriller ဇာတ်လမ်းတွဲလည်းဖြစ်ပြီး Marvel ဇာတ်လမ်းတွေထဲ Hawkeye သရုပ်ဆောင်မင်းသားကြီး Jeremy Renner ခေါင်းဆောင်ပါ၀င်ထားပါတယ်။ စုစုပေါင်းအပိုင်း ၁၀ ပိုင်းပါ၀င်မှာပါ။
Review by C’mon
Translated by C’mon & MaryChrist