I Haven’t Done My Best Yet!

I Haven’t Done My Best Yet!

Feb. 18, 2022
Your rating: 0
10 1 vote

Seasons and episodes

1Season 1 Feb. 18, 2022

Creator

Creator

Cast

Park Hae-jun isNam Geum-pil
Nam Geum-pil
Kim Gab-soo isNam Dong-jin
Nam Dong-jin
Park Ji-young isBong Yeon-ja
Bong Yeon-ja
Lee Seung-joon isEom In-chan
Eom In-chan
Kim Do-wan isHan Joo-hyeok
Han Joo-hyeok
Choi Hee-jin isHo-yoon's mother
Ho-yoon's mother

Synopsis

I Haven’t Done My Best Yet ! (아직 최선을 다하지 않았을 뿐)

ဒီတစ်ခေါက် GC မှ တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းတွဲကတော့ The World of Married ထဲက မင်းသား Park Hae-Joon ပါဝင်သရုပ်ဆောင်ထားတဲ့ I Haven’t Done My Best Yet ဆိုတဲ့ဒရမ်မာလေးပါ။ အဆိုပါဒရာမာဟာ ၂၀၁၃က ထွက်ရှိခဲ့တဲ့ ဂျပန်ဇာတ်ကား “Ore Wa Mada Honki Dashitenai Dake” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။

အသက်၄၀ကျော် နမ်ဂွန်းဖီး(Park Hae Joon)ဟာ ဖခင်နဲ့ သမီးဖြစ်သူနဲ့အတူ နေထိုင်ပါတယ်။ တစ်နေ့မှာ သူဟာ ဆိုင်းမဆင့် ဗုံမဆင့် အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့မိသားစုရဲ့ ဝေဖန်မှုကို ခံခဲ့ရပေမဲ့ ဂရုမစိုက်ခဲ့ပါဘူး။ အရက်သောက်ချင်တဲ့အခါတိုင်း သူငယ်ချင်းဖြစ်သူဆီက ကပ်သောက်ပါတယ်။

တစ်ချိန်မှာ နမ်ဂွန်းဖီးဟာ အလုပ်လက်မဲ့လို့ ထင်ခဲ့တဲ့ အမျိုးသားအိမ်နီးနားချင်းတစ်ဦးကို သတိပြုမိခဲ့ပေမဲ့ အမှန်တကယ်တော့ ထိုအမျိုးသားဟာ အွန်လိုင်းကာတွန်းရေးသားပြီး ငွေများစွာရနေသူဖြစ်နေပါတယ်။ ဒီလိုနဲ့ နမ်ဂွန်းဖီးဟာလည်း ကာတွန်းရေးသားသူတစ်ဦးဖြစ်လာပါတော့တယ်။

နမ်ဒုံဂျင်း(Kim Gab Soo)ဟာ ဂွန်းဖီးရဲ့ဖခင်ဖြစ်ပြီး ဆံပင်ညှပ်ဆိုင်ဖွင့်ထားပါတယ်။ သားဖြစ်သူက ရုတ်တရက် ပြောင်းလဲသွားပြီး အလုပ်ထွက်လိုက်ကြောင့် စိုးရိမ်ပူပန်နေပါတယ်။

နမ်ဆန်းအာ(Park Jung Yeon)ဟာ ဂွန်းဖီးရဲ့တစ်ဦးတည်းသမီးဖြစ်ပြီး အထက်တန်းနောက်ဆုံးနှစ် ကျောင်းသူဖြစ်ပါတယ်။ သူမဟာ စာတော်ပြီး စံပြကျောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

၄၄နှစ်အရွယ် အလုပ်လက်မဲ့က Webtoon စာရေးဆရာဆိုတဲ့ အိပ်မက်မက်ပြီး ကိုယ်ပိုင်အရှိန်နဲ့ ‘ဘဝသစ်’တစ်ခု စတင်ဖို့ စိန်ခေါ်ထားတဲ့ ပျော်ရွှင်ဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ကို GC Team နဲ့အတူ ရယ်မောခံစားကြည့်ကြရအောင်နော်။

Translated by Ji Hye & Rain Yoon

I Haven’t Done My Best Yet!
Original title 아직 최선을 다하지 않았을 뿐
First air date Feb. 18, 2022
Last air date Mar. 11, 2022
Seasons 1
Episodes 8
Average Duration 62 minutes

Similar titles

Foundation (2021)
The Sopranos (1999)
My Liberation Notes
A Journey to Love
Live Your Own Life
Daily Dose of Sunshine
Happy Merry Ending
Vagabond
Midnight Mass (2021)
Messiah
Queen In Hyun’s Man
The Way You Shine