
The Haunting of Bly Manor (2020)
==========================
ဟိုနေ့က တင်ဆက်ပေးလိုက်တဲ့ Monsterland လေးကို ကြည့်ရှုပြီးကြပြီလား။ Monsterland တုန်းက ရှင်းပြထားခဲ့တဲ့ Anthology ဆိုတာလေးကို မှတ်မိကြသေးရဲ့လား။ တကယ်လို့ Anthology အကြောင်းမသိသေးဘူးဆိုရင်တော့ Page ထဲက Monsterland Post လေးကို တစ်ချက်သွားဖတ်ပေးဖို့ အကြံပြုချင်ပါတယ်။
ဒီနေ့တင်ဆက်ပေးမဲ့ Series လေးကတော့ The Hunting Anthology Series ရဲ့ ဒုတိယမြောက် Series ဖြစ်တဲ့ The Hunting of Bly Manor ပဲဖြစ်ပါတယ်။ ပထမ Series ရဲ့ နာမည်ကတော့ The Hunting of Hill House ပဲဖြစ်ပါတယ်။ Anthology Series ဖြစ်တဲ့အတွက် Hill House မကြည့်ပဲ Bly Manor ကိုတန်းကြည့်လဲ အဆင်ပြေပါတယ်။
အရင်ဆုံး The Hunting အကြောင်းလေးကို တစ်ချက်ရှင်းပြပါ့မယ်။ အမေရိကန် Horror Films တွေမှာ နာမည်ကြီးတဲ့ Mike Flanagan ကို သိကြလား။ Mike ကို မသိဘူးဆိုရင်တောင် Oculus(2013) Ouija: Origin of Evil(2016) နဲ့ Doctor Sleep(2019) တို့လို့ နာမည်ကြီး Horror ကားတွေကို သိကြမှာပေါ့။ ဒီကားတွေကို သဘောကျတဲ့သူဆိုရင်တော့ Mike ရဲ့ လက်ရာကိုသိကြမယ်ထင်ပါတယ်။ Mike က The Hunting Series ကို ဖန်တီးတဲ့သူဖြစ်ပြီး 2018 ကထွက်ရှိခဲ့တဲ The Hunting of Hill House မှာ အောင်မြင်ပြီးတဲ့နောက် ဒီတစ်ခါမှာတော့ The Hunting of Bly Manor ကို ထပ်မံပြီးတင်ဆက်ပေးခဲ့ပါတယ်။ Bly Manor ကိုတော့ အမေရိကန်စာရေးဆရာ Henry James ရဲ့ The Turn of the Screw ကို မှီငြိမ်းပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
The Hunting of Bly Manor ကို October 9 ရက်နေ့မှာ Netflix ကနေ ထုတ်လွှင့်ခဲ့ပြီးတော့ အခုလက်ရှိမှာတော့ IMDb 9.3 နဲ့ RT 88% ကို ရရှိထားတာပဲ ဖြစ်ပါတယ်။ အပိုင်းအနေနဲ့ကတော့ ၉ပိုင်းပါပြီးတော့ တစ်ပိုင်းကို ပျမ်းမျှ ၁ နာရီဝန်းကျင်ရှိပါတယ်။
ဇာတ်လမ်းလေးကတော့ ပုံပြင်ပြောတဲ့ပုံစံနဲ့ နောက်ခံအသံနဲ့ ဇာတ်လမ်းကို ရှင်းပြလိုက် ဇာတ်ကောင်တွေက ကပြလိုက်အဲ့လိုပုံစံမျိုးလေးပါ။ လူတစ်ယောက်က သူ့ရဲ့တူနဲ့ တူမကို နယ်ကအိမ်လေးမှာ ထိန်းဖို့အတွက် ကလေးထိန်းတစ်ယောက်ကို ငှားလိုက်ပါတယ်။ အဲ့ဒီကလေးထိန်းလေးရဲ့ အကြောင်းကို ရှင်းပြနေတာမျိုးပေါ့။ ကလေးထိန်းက အဲ့ဒီအိမ်ကို ရောက်တဲ့အချိန်မှာတော့ ပုံမှန်မဟုတ်တာတွေကို စပြီးတော့ တွေ့ရပါတော့တယ်။ ပုံမှန်မဟုတ်တာတွေဆိုတာကတော့ Horror တို့ရဲ့ ထုံးစံအတွင်း ဝိဥာဥ်ပေါ့ဗျာ။ ဝိဥာဥ်နဲ့ ရင်ဆိုင်နေရတဲ့ ဒီကလေးထိန်းက ဒီအိမ်မှာ ဘယ်လိုအဖြစ်အပျက်တွေနဲ့ ကြုံရမလဲ။ ဒီအိမ်မှာရှိနေတဲ့ ဝိဥာဥ်ကရော ဘယ်ကဝိဥာဥ်လဲဆိုတာတွေကိုတော့ Mike ရဲ့ လက်ရာအတိုင်းပဲ အသည်းတစ်အေးအေးနဲ့ ကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ်။
Review by Aung Htoo Khaing
Translated by Phyoe Ei Zin Pez, Zin Min Thu, Maymie Kyaw
Encoded by MgKyaw
Quality – Web-DL
Size – 600MB / 180MB
IMDB – 8.1
Genres – Drama, Horror, Mystery