The Haunting of Bly Manor (2020)

The Haunting of Bly Manor (2020)

Oct. 09, 2020
Your rating: 0
10 3 votes

Seasons and episodes

1Season 1 Oct. 09, 2020

Creator

Cast

Victoria Pedretti isDani Clayton
Dani Clayton
Henry Thomas isHenry Wingrave
Henry Wingrave
T'Nia Miller isHannah Grose
Hannah Grose
Rahul Kohli isOwen Sharma
Owen Sharma
Tahirah Sharif isRebecca Jessel
Rebecca Jessel
Amelie Bea Smith isFlora Wingrave
Flora Wingrave
Alex Essoe isCharlotte Wingrave
Charlotte Wingrave

Video trailer

Synopsis

The Haunting of Bly Manor (2020)
==========================
ဟို​နေ့က တင်ဆက်​ပေးလိုက်တဲ့ Monsterland ​လေးကို ကြည့်ရှုပြီးကြပြီလား။ Monsterland တုန်းက ရှင်းပြထားခဲ့တဲ့ Anthology ဆိုတာ​လေးကို မှတ်မိကြ​သေးရဲ့လား။ တကယ်လို့ Anthology အ​ကြောင်းမသိ​သေးဘူးဆိုရင်​တော့ Page ထဲက Monsterland Post ​လေးကို တစ်ချက်သွားဖတ်​ပေးဖို့ အကြံပြုချင်ပါတယ်။

ဒီ​နေ့တင်ဆက်​ပေးမဲ့ Series ​လေးက​တော့ The Hunting Anthology Series ရဲ့ ဒုတိယ​မြောက် Series ဖြစ်တဲ့ The Hunting of Bly Manor ပဲဖြစ်ပါတယ်။ ပထမ Series ရဲ့ နာမည်က​တော့ The Hunting of Hill House ပဲဖြစ်ပါတယ်။ Anthology Series ဖြစ်တဲ့အတွက် ​Hill House မကြည့်ပဲ Bly Manor ကိုတန်းကြည့်လဲ အဆင်​ပြေပါတယ်။

အရင်ဆုံး The Hunting အ​ကြောင်း​လေးကို တစ်ချက်ရှင်းပြပါ့မယ်။ အ​မေရိကန် Horror Films ​တွေမှာ နာမည်ကြီးတဲ့ Mike Flanagan ကို သိကြလား။ Mike ကို မသိဘူးဆိုရင်​တောင် Oculus(2013) Ouija: Origin of Evil(2016) နဲ့ Doctor Sleep(2019) တို့လို့ နာမည်ကြီး Horror ကား​တွေကို သိကြမှာ​ပေါ့။ ဒီကား​တွေကို သ​ဘောကျတဲ့သူဆိုရင်​တော့ Mike ရဲ့ လက်ရာကိုသိကြမယ်ထင်ပါတယ်။ Mike က The Hunting Series ကို ဖန်တီးတဲ့သူဖြစ်ပြီး 2018 ကထွက်ရှိခဲ့တဲ The Hunting of Hill House မှာ ​အောင်မြင်ပြီးတဲ့​နောက် ဒီတစ်ခါမှာ​တော့ The Hunting of Bly Manor ကို ထပ်မံပြီးတင်ဆက်​ပေးခဲ့ပါတယ်။ Bly Manor ကို​တော့ အ​မေရိကန်စာ​​ရေးဆရာ Henry James ရဲ့ The Turn of the Screw ကို မှီငြိမ်းပြီး​တော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

The Hunting of Bly Manor ကို October 9 ရက်​နေ့မှာ Netflix က​နေ ထုတ်လွှင့်ခဲ့ပြီး​တော့ အခုလက်ရှိမှာ​တော့ IMDb 9.3 နဲ့ RT 88% ကို ရရှိထားတာပဲ ဖြစ်ပါတယ်။ အပိုင်းအ​နေနဲ့က​တော့ ၉ပိုင်းပါပြီး​တော့ တစ်ပိုင်းကို ပျမ်းမျှ ၁ နာရီဝန်းကျင်ရှိပါတယ်။

ဇာတ်လမ်း​လေးက​တော့ ပုံပြင်​ပြောတဲ့ပုံစံနဲ့ ​နောက်ခံအသံနဲ့ ဇာတ်လမ်းကို ရှင်းပြလိုက် ဇာတ်​ကောင်​တွေက ကပြလိုက်အဲ့လိုပုံစံမျိုး​​လေးပါ။ လူတစ်​ယောက်က သူ့ရဲ့တူ​နဲ့ တူမကို နယ်ကအိမ်​လေးမှာ ထိန်းဖို့အတွက် က​လေးထိန်းတစ်​ယောက်ကို ငှားလိုက်ပါတယ်။ အဲ့ဒီက​လေးထိန်း​လေးရဲ့ အ​ကြောင်းကို ရှင်းပြ​နေတာမျိုး​ပေါ့။ က​လေးထိန်းက အဲ့ဒီအိမ်ကို ​ရောက်တဲ့အချိန်မှာ​တော့ ပုံမှန်မဟုတ်တာ​တွေကို စပြီး​တော့ ​တွေ့ရပါ​တော့တယ်။ ပုံမှန်မဟုတ်တာ​​တွေဆိုတာက​တော့ Horror တို့ရဲ့ ထုံးစံအတွင်း ဝိဥာဥ်​ပေါ့ဗျာ။ ဝိဥာဥ်​နဲ့ ရင်ဆိုင်​နေရတဲ့ ဒီက​လေးထိန်းက ဒီအိမ်မှာ ဘယ်လိုအဖြစ်အပျက်​တွေနဲ့ ကြုံရမလဲ။ ဒီအိမ်မှာရှိ​နေတဲ့ ဝိဥာဥ်က​​ရော ဘယ်ကဝိဥာဥ်လဲဆိုတာ​တွေကို​တော့ Mike ရဲ့ လက်ရာ​အတိုင်းပဲ အသည်းတစ်​အေး​အေးနဲ့ ကြည့်လို့ရ​အောင် တင်ဆက်​ပေးလိုက်ရပါတယ်။

Review by Aung Htoo Khaing
Translated by Phyoe Ei Zin Pez, Zin Min Thu, Maymie Kyaw
Encoded by MgKyaw
Quality – Web-DL
Size – 600MB / 180MB
IMDB – 8.1
Genres – Drama, Horror, Mystery

The Haunting of Bly Manor (2020)
The Haunting of Bly Manor (2020)
The Haunting of Bly Manor (2020)
The Haunting of Bly Manor (2020)
The Haunting of Bly Manor (2020)
Original title The Haunting of Bly Manor
TMDb Rating 7.3 34 votes
First air date Oct. 09, 2020
Last air date Oct. 09, 2020
Seasons 1
Episodes 9
Average Duration 54 minutes

Similar titles

Dexter: New Blood (2021)
Jun And Jun
IDOL: The Coup
The Road: The Tragedy of One
Boar Hunt
River Where the Moon Rises
The English Game (2020)
Big Dragon
The Midnight Studio
Theodosia
Secret Crush On You
Cupid’s Last Wish