
River Where the Moon rises(달이 뜨는 강)
Pyeong Gang(Kim So-Hyun) ဟာ ဂိုဂူလျောရဲ့ မင်းသမီး တစ်ပါးအနေနဲ့ မွေးဖွားလာခဲ့ပေမယ့် စစ်သူကြီးတစ်ယောက်လို ပျိုးထောင်ခံခဲ့ရသူပါ။ ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တွေနဲ့ အဆုံးမရှိတဲ့ ရည်မှန်းချက်တွေ ပိုင်ဆိုင်ထားပါတယ်။ ဂိုဂူလျောရဲ့ ပထမဆုံး ဘုရင်မဖြစ်ဖို့အထိ ရည်ရွယ်ချက်ကြီးမားတဲ့ သူမဟာ ရည်မှန်းချက်ကလွဲရင် ကျန်တဲ့အရာတွေကို အရေးမပါတဲ့ကိစ္စတွေအဖြစ်သတ်မှတ်မယ့်သူမျိုးပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမထိန်းချုပ်နိုင်စွမ်းမရှိတဲ့အရာကို On Dal (Ji Soo)ဆိုတဲ့ ကောင်လေးနဲ့ တွေ့တဲ့အချိန်မှာ ရင်ဆိုင်လာရပါတော့တယ်။
On Dal ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး သူ့ဘေးမှာ သူတွေနဲ့ သဟဇာတဖြစ်အောင် နေချင်သူပါ။ သူ့ရဲ့ ပုံစံက ရည်မှန်းချက်ကြီးမားတဲ့ မင်းသမီးတစ်ပါးရဲ့ ပုံစံနဲ့ လုံးဝဆန့်ကျင်ဖက်ပါပဲ။ ဒါပေမယ့် သူချစ်ရတဲ့ မိန်းကလေးအတွက် သူ့ရဲ့စံပုံစံတွေကို ချိုးဖျက်ပြီး ချစ်ရသူကို ကာကွယ်ဖို့ အခက်အခဲတွေကို ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလိုနဲ့ မင်းသမီး Pyeong Gang တစ်ယောက် သူမရဲ့ ရည်မှန်းချက်တွေအတွက် ချစ်ရသူကို ချနင်းပြီး ရှေ့ဆက်မလား။ ဒါမှမဟုတ် ချစ်ရသူကိုပဲ ရွေးချယ်မလားဆိုတာကို စောင့်ကြည့်ရမှာပါ။
နိုင်ငံ့အရေးတွေကြားက လွမ်းမောဖွယ် အချစ်ဇာတ်လမ်း..အမျိုးသမီးဇာတ်ဆောင်က ထူးခြားစွာနဲ့ စစ်သူရဲကောင်းနေရာက ပါဝင်သရုပ်ဆောင်မှာဖြစ်လို့ ဆန်းသစ်တဲ့ ဇာတ်လမ်းဖြစ်မှာ အမှန်ပါပဲ။ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း တကယ့်ကို ဝါရင့်သရုပ်ဆောင်တွေပဲမလို့ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါပဲ။
အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တွေမှာ KBS ရုပ်သံလိုင်းမှ ထုတ်လွှင့်မှာ ဖြစ်ပြီး GC Drama ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်အားပေးကြပါဦး။
Translated by Faith,Hnin Aye Nyein,Youn Kyi Phyu and YM