
Idol : The Coup (아이돌 : 더 쿠데타)
~ အသက်ရှင်နေစဥ်အတွင်း အိပ်မက်တွေမက်တယ်။
လွှတ်ချလိုက်ပြီး လဲကျသွားရင်တောင် အိပ်မက်မက်ဦးမှာပဲ။
မင်းရဲ့အတောင်ပံတွေကို ဖြန့်လိုက်ပါ။
💫 သေချာလေး ရှုံးနိမ့်ဖို့အတွက်၊
💫 နောင်တမရှိ တခြားအိပ်မက်တွေ ဆက်မက်နိုင်ဖို့အတွက်။ ~
GC ပရိသတ်ကြီးအတွက် Idol တွေအကြောင်း ရိုက်ကူးထားတဲ့ စိတ်ခွန်အားပေးဇာတ်လမ်းတွဲလေးတစ်ပုဒ်ဖြစ်တဲ့ “Idol : The Coup” ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းလေးကတော့ နာမည်မရှိတဲ့ ကျရှုံးခါနီးအိုင်ဒေါလ်အဖွဲ့တစ်ဖွဲ့ရဲ့ နောက်ဆုံးပုံပြင်လေးအကြောင်းကို သရုပ်ဖော်ထားတာပါ။
ဇာတ်လမ်းအညွှန်း
Cotton Candy idol အဖွဲ့ဟာ အဖွဲ့မဖျက်ရလေအောင် သို့မဟုတ် အဖွဲ့ဖျက်လိုက်ရသည့်တိုင်အောင် တစ်ကြိမ်လေးပဲ အောင်မြင်မှုတစ်ခု (one time hit) ရဖို့လိုအပ်ခဲ့ပါတယ်။
အဖွဲ့ဟာ အေဂျင်စီနဲ့စာချုပ်ကုန်ဆုံးဖို့ လပိုင်းပဲလိုတော့တဲ့အချိန် သူတို့အိပ်မက်တွေ အမှန်တကယ်ဖြစ်မလာတော့ဘူးဆိုတာကို လက်ခံရပါတော့မယ်။
အဖွဲ့ဝင်တွေဟာ သူတို့အိပ်မက်ကို ဆက်မမက်ကြတော့ဘဲ လက်တွေ့ကျတဲ့ပြင်ပလောကကို ဝင်ခဲ့ကြတော့တယ်။
အရှုံးတွေကိုရင်ဆိုင်ကျော်လွှားရင်း ယခင်အိပ်မက်တွေကိုလက်လွှတ်ကာ ပန်းတိုင်သစ်ဆီသို့ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းခဲ့ကြတဲ့ လူငယ်တစ်စု။
❓တကယ်ပဲ Cotton Candy ရဲ့ အိပ်မက်သစ်တွေ အကောင်အထည်ပေါ်လာမှာလား။
ဒီဇာတ်လမ်းတွဲမှာ အဓိကပါဝင်သူ သုံးဦးအနေနဲ့
• ရုန်းကန်နေရတဲ့ Cotton Candy အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ ဂင်ဂျယ်နာ
• နာမည်ကျော် Kpop အဖွဲ့ MARS ရဲ့ အဖွဲ့ခေါင်းဆောင်နဲ့ အဓိကအဆိုရှင်ဖြစ်သူ ဆောဂျီဟန်း
• Cotton Candy နဲ့ MARS အဖွဲ့နှစ်ဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Starpeace Entertainment ရဲ့ကိုယ်စားလှယ်ဖြစ်သူ ချာဂျယ်ဟျော့တို့ကို တွေ့မြင်ရမှာပါ။
ဖျော်ဖြေရေးအေဂျင်စီတစ်ခုတည်းရဲ့ လက်အောက်က ဆန့်ကျင်ဘက်အိုင်ဒေါလ်အဖွဲ့နှစ်ဖွဲ့ဖြစ်ကြတဲ့
• ကျရှုံးသွားတဲ့အိပ်မက်တစ်ခုနဲ့အတူ ပြန်လည်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရတဲ့ Cotton Candy နဲ့
• ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ထိပ်တန်းအဖွဲ့ MARS …
ဒီနှစ်ဖွဲ့ရဲ့ခေါင်းဆောင်နှစ်ယောက်ဖြစ်ကြတဲ့ ဂင်ဂျယ်နာနဲ့ ဆောဂျီဟန်း …
• အဖွဲ့ကိုပြန်လည်မြှင့်တင်ဖို့ အချိန်ဇယားအပြည့်ဖြည့်ပြီးရုန်းကန်နေသူ ဂင်ဂျယ်နာနဲ့
• ပြည့်ကျပ်လှသော အချိန်ဇယားကြောင့် အနားယူဖို့လိုအပ်နေသူ ဆောဂျီဟန်း
❓ဆန့်ကျင်ဘက်ပြဿနာကိုယ်စီနဲ့ သူတို့နှစ်ဦးကြားက chemistry ကိုရော ဘယ်လိုတွေ့မြင်ရမှာလဲ။
Casting အနေနဲ့ကတော့
★ရုန်းကန်နေရတဲ့ Kpop အဖွဲ့ Cotton Candy အဖွဲ့ခေါင်းဆောင် ဂင်ဂျယ်နာအဖြစ် EXID အဖွဲ့ဝင် ➡️Hani (Ahn Hee Yeon)⬅️
★Cotton Candy နဲ့ MARS အဖွဲ့နှစ်ဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Starpeace Entertainment ရဲ့ကိုယ်စားလှယ် ချာဂျယ်ဟျော့အဖြစ် မကြာသေးမီက Lover of the red sky ဇာတ်လမ်းတွဲမှ မင်းသား ➡️Kwak Si Yang⬅️
★နာမည်ကျော် Kpop အဖွဲ့ MARS ရဲ့ အဖွဲ့ခေါင်းဆာင်နဲ့ အဓိကအဆိုရှင် ဆောဂျီဟန်းအဖြစ် သရုပ်ဆောင် အဆိုတော် ➡️Kim Min Kyu⬅️
Cotton Candy အဖွဲ့ဝင်များအနေနဲ့
★Candy Cotton ရဲ့ အဓိက အဆိုရှင် အယ်လ် အဖြစ် Cosmic Girls (WJSN) အဖွဲ့မှ ➡️Exy⬅️
★Main dancer and rapper မလေး ဟျွန်းဂျီအဖြစ် Laboum အဖွဲ့မှ ➡️Solbin⬅️
★Lead dancer and sub vocalist ချယ်အာအဖြစ် RedSquare အဖွဲ့ဝင် ➡️Kim Jiwon⬅️
★Sub vocalist စတယ်လာအဖြစ် 18 again ဇာတ်လမ်းတွဲမှ ဂျောင်ဒါဂျောင်းငယ်ဘဝအဖြစ်သရုပ်ဆောင်ခဲ့သူ မင်းသမီး ➡️Han So Eun⬅️
MARS အဖွဲ့ဝင်များအနေနဲ့
★ရေး”အဖြစ် မင်းသား ➡️Jo Joon Young⬅️
★ထယ်ယောင်းအဖြစ် အဆိုတော်သရုပ်ဆောင် ➡️Baek Seo Hoo⬅️
★ယူလ်အဖြစ် အဆိုတော်သရုပ်ဆောင် ➡️Hong Eun Ki⬅️
★ဒန်အဖြစ် အဆိုတော် ➡️Lee Eun Sang⬅️
တို့မှ ပါဝင်ထားပါတယ်။
သီချင်းတွေ သီဆိုရင်း၊ သံစဥ်တွေ တီးခတ်ရင်း သူတို့လူငယ်တစ်စု ပန်းတိုင်ကိုအရောက်တက်လှမ်းသွားပုံကိုတွေ့မြင်ရမယ့် စိတ်ခွန်အားပေးဇာတ်လမ်းတွဲလေး Idol : The Coup ဟာဆိုရင်တော့ အပတ်စဥ် တနင်္လာ အင်္ဂါနေ့တိုင်း JTBC ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပေးမှာဖြစ်ပြီး GC နဲ့အတူ စောင့်ကြည့်ပေးကြပါဦး GCverse လေးတို့ရေ။
Translated by Aye Thinzar Moe,Elsa,Anna & Snowflake<
waiting next episode😁
ကျေးဇူးတင်ပါတယ်