What's happening?

Video Sources 5835 Views Report Error

  • Watch traileryoutube.com
Gabriel’s Inferno

Gabriel’s Inferno

May. 29, 2020USAPG
Your rating: 0
7 1 vote

Synopsis

Gabriels.Inferno.2020

“အချစ်က အပြစ်မရှိဘူး၊ ချစ်တာ အပြစ်မဟုတ်ဘူး ” ဆိုပေမယ့် တခါတလေမှာ ပတ်၀န်းကျင်၊ အချိန်၊ နေရာ ပေါ်လိုက်ပြီး အပြစ်‌ေလး‌ေတွဖြစ်တတ်ပါတယ်။

သတိပေးစရာ တစ်ခုရှိပါတယ်။ 18+ ပြည့်ပြီးမှ ကြည့်ကြပါလို့။ အမှောင်လောက အသုံးအနှုန်းတွေ နည်းနည်းပါးပါး ပါနေလို့ပါ။

ဒီဇာတ်လမ်းကတော့ ပါမောက္ခ တစ်‌ဦးနဲ့ မာစတာ ကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဆရာနဲ့ ကျောင်းသူ ချစ်သူစုံတွဲဖြစ်တာဟာ ကျောင်း၊ တက္ကသိုလ်ရဲ့ စည်းကမ်းအရ ကန့်သတ်ထားတာမို့ သိုသိုသိပ်သိပ်လေး နေခဲ့ရတဲ့ သူတို့နှစ်ဦး။

ဒီဇာတ်လမ်းကို ကြည့်ပြီးတော့ မာစတာကျောင်းသူဘ၀ရဲ့ ရင်ခုန်စရာ ခံစားချက်ကိုလည်း တွေ့မြင်ရမယ့်အပြင် အလွမ်းအဆွေးလေးလည်း ခံစားရမှာပါ။

ဇာတ်လမ်းအကျဉ်းကတော့- အမ်မာဆန်က တိုရွန်တိုတက္ကသိုလ်မှ သွားဘက်ဆိုင်ရာမှာ ထူးချွန်ထက်မြက်တဲ့ ပါမောက္ခဖြစ်ပါတယ်။

သူက အနေအေးပြီး များစွာသော လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားသူတစ်ယောက်ဖြစ်ပါတယ်။

ဂျူလီယန် မစ်ချယ်ကတော့ ငယ်စဉ်ကလေးဘဝကတည်းက လျစ်လျူရှုမှုနှင့်အလွဲသုံးစားမှုကိုကျော်လွှားနိုင်ရန် ရုန်းကန်နေရတဲ့ သနားကြင်နာတတ်တဲ့ မာစတာ ကျောင်းသူလေး ဖြစ်ပါတယ်။

တိုရွန်တိုတက္ကသိုလ်ကို တက်ရောက်တဲ့အခါမှာ သူမအတိတ်မှာ ဆုံဖူးတဲ့ ယောက်ျားတစ်ယောက်နဲ့ ပြန်တွေ့ရတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာအချစ်ဇာတ်လမ်းတွေဖြစ်လာမလဲ။

သူတို့ရဲ့ အချစ်ခရီးကကော ဖြောင့်ဖြူးနိုင်ပါ့မလား။

Drama, Romance ဇာတ်လမ်းမျိုးကို ကြိုက်တဲ့သူတွေအတွက်ကတော့ လွှတ်မလွတ်သင့်တဲ့ကားပါ။

မိုးအေးအေးမှာ ကော်ဖီလေးသောက်ရင်း ကြည့်လိုက်ရင် ကျေနပ်မှု‌ေတွ အပြည့်အ၀ရ‌ေစမယ့် ကားကောင်းလို့ ညွှန်းလိုက်ပါရစေ။

Translated and Review By Sai Pan Hmwe
Encoded By A Nyo
Quality-Webdl
Genre-Romance
Size-450/900 mb
Imdb-6.1

Original title Gabriel's Inferno
IMDb Rating 6.2 858 votes
TMDb Rating 7.6 28 votes

Director

Tosca Musk
Director

Cast

Similar titles

A California Christmas: City Lights
Radhe Shyam
P.S. I Love You
The Matchmaker’s Playbook 2018
Summerland (2020)
Tuhog
Cat Funeral
Moulin Rouge!
Aiuta: My Promise to Nakuhito
Ninnu Kori
Shotgun Wedding
The Switch