
ဘေလီနဲ့ လန်နီဆိုတဲ့ သိပ်ချစ်ကြတဲ့ညီအစ်မနှစ်ယောက်ရှိတယ်
သူတိုဟာ စားအတူ သွားအတူ အနာဂတ်planတွေလည်း အတူချရင်း
နှစ်ယောက်သားကြား ဘာလျှိဝှက်ချက်မှ မထားကြဘူးတဲ့ ညီမဖြစ်သူအတွက်ကတော့
အစ်မဖြစ်သူဟာ အရာရာပေါ့ သူ့ရဲ့စံ သူ့ရဲ့နမူနာ သူရဲ့အားကျရာပဲတဲ့ သူ့အတွက်တော့ အစ်မဖြစ်သူဟာ ပေါ့ပါးလွတ်လပ်ပြီး ပြီးပြည့်စုံသတဲ့
17နှစ်လုံးလုံး ငြိမ်းချမ်းခဲ့တဲ့ လန်နီရဲ့ဘဝဟာ တစ်ရက်မှာတော့ ဗြောင်းဆန်သွားရပါတယ် သူ့အစ်မဟာ
ရုတ်တကြီး နှလုံးဖောက်ပြီး လဲကျသေဆုံးသွားတယ် သူ့အမေတုန်းကလိုပဲ
သေတဲ့သူက သေသွားပေမယ့် ကျန်ခဲ့တဲ့လူမှာတော့ ရှေ့ဆက်ဘယ်လိုနေသွားရမယ်မသိဘူးဖြစ်နေတာပေါ့ သူပူဆွေးနေတာတွေကို အစ်မဖြစ်သူရဲ့ကောင်လေးက နားလည်ပေးတော့
အချင်းချင်းပိုရင်းနှီးလာကြတယ် တစ်ဖက်မှာလည်း သူစိတ်ဝင်စားမိနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ် သူ့အစ်မဘေလီရဲ့ကောင်လေးတိုဘီဆီကနေ ဘေလီရဲ့အငွေ့အသက်တွေရနေတော့ တိုဘီနားရှိနေရင် သူ့အစ်မနားနေရသလို ခံစားရတယ် ဒီလိုနဲ့ ခံစားချက်ချင်းမတူပေမဲ့လည်း ဟိုဘက်ဒီဘက် လွန်ဆွဲနေတာပေါ့
တိုဘီနားနေရင်း သူ့တိုညီအစ်မကြားမှာ လျှိဝှက်ချက်မရှိဘူးဆိုတာမဟုတ်မှန်း သိလာရတယ်
သူတိုအစီအစဉ်ဆွဲထားတဲ့ အနာဂတ်planဟာလည်း သူတစ်ယောက်တည်းကသာ မျှော်မှန်းထားတာမှန်း သိလိုက်ရတယ် ဒါ့အပြင် နောက်ဆုံးမှာ တိုဘီကလွဲလို သူတောင်မသိတဲ့
သူ့အစ်မရဲ့ရင်နာစရာ လျှိဝှက်ချက်ကြီးတစ်ခုကိုလည်း သိလိုက်ရတယ် တိုဘီကသာမပြောပြရင်
သူတစ်သက်လုံး မသိလိုက်ရမယ့် လျှိဝှက်ချက်မျိုး…
ကျွန်တော်တိုကရော ကိုယ့်ဘေးက တစ်စုံတစ်ယောက်ရဲ့ သေခြင်းကို
ဘယ်နည်းဘယ်ပုံနဲ့ လက်ခံကျော်ဖြတ်ကြမှာလဲ
လူတိုင်းမှာလျှိဝှက်ချက်ကိုယ်စီရှိပေမဲ့
သူလျှိဝှက်ထားတဲ့ထဲမှာ ကိုယ်ပါပါနေရင်ရော
စိတ်ဆိုးဒေါသထွက်မှာလား ဝမ်းနည်းမှာလား
Translated and review by Shint