
အကြောင်းအမျိုးမျိုးကြောင့် stressတွေများနေမယ့် GC verseတိုအတွက် IMDb7.6ရထားတဲ့ Healing and relaxing movieလေးတစ်ခုတင်ဆက်ပေးလိုက်ပါပြီနော်။ တက္ကသိုလ်ကျောင်းသားဘဝကိုအခြေတည်ဇာတ်အိမ်ဖွဲပြီး romance and comedyကိုရောစပ်ရိုက်ကူးထားတဲ့ ဒီDonဆိုတဲ့ဇာတ်ကားလေးက ပရိသတ်တိုဆီကို ဘယ်လိုရသမျိုးစုံ ဆောင်ယူလာမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါစို။
Donဆိုတာကတော့ ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ပါ။ ဒီDonဆိုတဲ့နာမည်ကိုရခဲ့သူကတော့ တခြားလူမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ချာကရာဗာသီပါပဲ။ ချာကရာဗာသီရဲ့ ငယ်ဘဝကိုပြန်ကြည့်မယ်ဆိုရင်လည်း သူဟာ Typical asian familyကနေ ပေါက်ဖွားလာသူတစ်ယောက်ပါ။ ဒီတော့ ကျောင်းနေပျော်၍ စာနေတော်ရမည်တို၊ အမှတ် ၈၀ မကျော်ရင်ဆော်ခံရမယ်တိုက သူ့အတွက်တော့ နားမဆန့်အောင်ကြားနေကြပါပဲ။ ဒါပေမဲ့ ချာကရာဗာသီက ဟိတ်ဆိုတိတ်တတ်တဲ့ကလေးငယ်တစ်ယောက် မဟုတ်တဲ့အတွက် ကျောင်းမှာမျိုးစုံဗရုတ်ကျလို ဇိုးဘွဲခံထားရသူလေးပေါ့။ ဒါပေမဲ့ အထက်တန်းပြီးချိန် တက္ကသိုလ်ရွေးချယ်မှုမှာ အနုပညာကျောင်းတက်ချင်တဲ့ချာကရာဗာသီနဲ့ အင်ယာမှအင်ယာဖေဖေတို အားပြိုင်ကြတာပေါ့။ ဒါပေမဲ့ Asian familyထုံးစံအတိုင်း ချာကရာဗာသီတစ်ယောက် အရေးနိမ့်ပြီး BECဆိုတဲ့အင်ယာကျောင်းကို မအူမလည်နဲ့ရောက်သွားပါတယ်။ ကောလိပ်ရောက်တော့လည်း နောက်ဆုံးတန်းမှာလုထိုင်သူပီပီ ဆက်ပြီးဆိုးမြဲပေမြဲချာကရာဗာသီနဲ့ ကောလိပ်က စာအုပ်ကြီးပါမောက္ခဘွန်မီနာသန်တိုတွေ့ကြတဲ့အခါ ဘယ်လိုတွေ တစ်ယောက်နဲ့တစ်ယောက် ပညာပြကြမလဲ။ ဒွန်ဆိုတဲ့နာမည်ကိုရော သူဘယ်လိုရလာလဲ။ ကျောင်းတုန်းကအဆက်ဟောင်းလေး အန်ဂါယာကနီကပါ ကျောင်းကိုရောက်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဆရာတိုင်းကို ပညာအမျိုးမျိုးပြလာတဲ့ဒွန်တစ်ယောက် အန်ဂါယာကနီဆီကျမှ ကျရှုးရလေမလားဆိုတာကတော့…
College Romance and comedyပီပီ ကျောင်းဝန်းထဲမှာပဲ အခြေတည်ရိုက်ကူးထားတာမလို ကျောင်းတော်ကြီးကို ပြန်လည်လွမ်းဆွတ်မိစေမယ့်ရုပ်ရှင်တစ်ခုပါပဲ။ အကယ်၍သင်ဟာ ဗရုတ်ကျတတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ဆိုရင်တော့ ဒီဇာတ်ကားလေးက သင့်ရဲ့ငယ်ဘဝအမှတ်တရတွေကို မျက်ဝါးထင်ထင် ပြန်မြင်ယောင်စေမှာပါ။
Reviewed by Marychrist
Translated by MaryChrist, C’mon, Immortal MP & Hnin Su