What's happening?

Video Sources 3954 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
The King’s Daughter

The King’s Daughter

What on Earth can hold more power than a king?Jan. 21, 2022Australia94 Min.PG
Your rating: 0
10 1 vote

Synopsis

ရေသူမကိုနှစ်သက်တဲ့ GCပရိသတ်တွေအတွက် ရေသူမကားလေးတစ်ကားကို ရှာဖွေလို့တင်ဆက်လိုက်ပေးလိုက်ပြီမလို့ အခုပဲဘာကားလေးလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါ။

ဘုန်းတန်ခိုးအာဏာကြီးမားပြီး တိုက်ပွဲတိုင်းမှာ တိုက်ခိုက်အောင်မြင်တဲ့ ပြင်သစ်နိုင်ငံရဲ့အရှင်သခင် လူဝီဘုရင် ၁၄ မှာ ဘယ်သူမှသိပ်မသိကြတဲ့ Marie Josephဆိုတဲ့ သမီးတော်တစ်ပါးရှိပါတယ်။ ဒီသမီးတော်လေးကို လျှို့ဝှက်စွာကြီးပြင်းစေတာကြောင့် ကာယကံရှင်ဖြစ်သူ Marie Josephကိုယ်တိုင်တောင် သူ့ရဲ့အဖေဟာ ဘုရင်ဖြစ်မှန်း မသိရှာပါဘူး။ တစ်နေ့မှာ စစ်ပွဲကိုအောင်နိုင်ပြီးပြန်လာတဲ့ လူဝီဘုရင်တစ်ယောက် အောင်ပွဲခံနေစဉ်မှာပဲ အနီးကပါရန်သူရဲ့ လျှပ်တပြက်လုပ်ကြံမှုကြောင့် သေမင်းနဲ့လက်တကမ်းအလိုကို ရောက်သွားတဲ့အခါ နေမင်းဘုရင်လို့တောင် တင်စားခေါ်ဝေါ်ရလောက်အောင် ဘုန်းတန်ခိုးကြီးတဲ့ သူ့ရဲ့အောင်နိုင်မှုတွေထဲမှာ သေခြင်းတရားမပါတာကို သူသတိထားမိသွားပြီး ထာဝရရှင်သန်ခြင်းနည်းလမ်းကို လိုက်လံရှာဖွေပါတော့တယ်။ ဒါကိုဖြေရှင်းဖို့နည်းလမ်းအဖြစ် ရေသူမကိုအသုံးချဖို့ ‌နန်းတော်ထဲက ဆရာဝန်ကတိုက်တွန်းတဲ့အခါ ဘုရင်ကြီးတစ်ယောက် ရေသူမကိုအပူတပြင်းရှာဖွေဖို့ ပင်လယ်ကျွမ်းကျင်သူ ကပ္ပတိန်Yvesကို စေလွှတ်လိုက်ပြီး နေကြတ်မယ့်နေ့မှာ ယဇ်ပူဇော်ဖို့ စီမံပါတော့တယ်။ ဒါကို ဘုရင့်ရဲ့အရင်းနှီးဆုံးအတိုင်ပင်ခံလည်းဖြစ် နန်းတော်ထဲကဘုန်းတော်ကြီးလည်းဖြစ်တဲ့ ဖာသာPereကတော့ မနှစ်မြို့ပါဘူး။ ဒါကြောင့် ဘုရင့်ရဲ့သမီးတော်ဖြစ်တဲ့ Marie Josephကို ယဇ်ပူဇော်ပွဲအခမ်းအနားတက်ရောက်ဖို့ စေလွှတ်လိုက်တဲ့အခါ…

ပူဇော်ပွဲတက်ရောက်ဖို့ ဆင့်ခေါ်ခံရသူဖြစ်ပေမယ့် ရေသူမနဲ့ဆက်သွယ်စကားပြောနိုင်သူဖြစ်ပြီး ရေသူမနဲ့မိတ်ဆွေဖြစ်သွားတဲ့ မိဘမေတ္တာငတ်မွတ်နေသူMarie Joseph၊ သမီးဖြစ်သူကို ချစ်မြတ်နိုးပေမယ့် နိုင်ငံနဲ့ထာဝရရှင်သန်ခြင်းက အလေးသာနေတဲ့ ဘုရင်ကြီး၊ ပင်လယ်ကိုချစ်မြတ်နိုးတဲ့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်Yves၊ ဘုရင်နဲ့ပတ်သတ်မှုရှိတဲ့Marie Josephကို စိတ်ဝင်စားပြီး အပိုင်ကြံချင်နေတဲ့ ပြင်သစ်မှာအချမ်းသာဆုံးကုန်သည်ကြီးရဲ့သားဖြစ်သူ မြို့စားငယ်Lintillac ဒီလူ ၄ ယောက်ရဲ့တွေ့ဆုံမှုဟာ ဘယ်လိုအခြေအနေတွေကို ဖန်တီးလာမလဲ။ Marie Josephကရော ရေသူမကို ကယ်တင်နိုင်မလား။ တစ်ကိုယ်ကောင်ဆန်ပြီး အတ္တကြီးတဲ့လူဝီဘုရင်ကရော ဒီကိစ္စကနေ အမြင်မှန်ရသွားနိုင်မလားဆိုတာကို ဒီ The King’s Daughterဆိုတဲ့ ရုပ်ရှင်ကောင်းလေးမှာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ နာမည်ကျော်မင်းသမီး Kaya Scodelarioနဲ့ ဂျိမ်းစ်ဘွန်းကားနဲ့နာမည်ကြီးလာတဲ့ Pierce Brosnanတို့အပြင် ရုပ်ရှင်လောကမှာ အတော်အတန်ကြာပျောက်ကွယ်နေတဲ့တရုတ်မင်းသမီးFan Bing Bingလေးလည်း ပါဝင်တာမလို့ ကြည့်ရှုသူအတွက် စိတ်ကျေနပ်မှုရစေမှာပါ။
Review & Translated by Mary Christ

The King’s Daughter
The King’s Daughter
The King’s Daughter
The King’s Daughter
The King’s Daughter
The King’s Daughter
Original title The King's Daughter
IMDb Rating 6.4 75 votes
TMDb Rating 7.7 149 votes

Director

Cast

Pierce Brosnan isKing Louis XIV
King Louis XIV
Kaya Scodelario isMarie-Josephe D'Alember
Marie-Josephe D'Alember
Benjamin Walker isYves De La Croix
Yves De La Croix
William Hurt isPere La Chaise
Pere La Chaise
Pablo Schreiber isDr. Labarthe
Dr. Labarthe
Ben Lloyd-Hughes isJean-Michel Lintillac
Jean-Michel Lintillac

Similar titles

Green Street Hooligans 2 (2009)
Adopt a Highway (2019)
Brazen
Doctor Who: Resolution (2019) မြန်မာစာတမ်းထိုး
Abducted
Rustom
Sputnik 2020)
The Social Network
Curiosa (2019)
The Possession of Hannah Grace
Fantasy of the Girls (2016)
I Origins