
Sh**ting Stars(별똥별)
ကိုရီးယားရဲ့ အောင်မြင်တဲ့စတားတစ်ယောက်ဖြစ်ဖို့ နောက်ကွယ်ကဝန်ထမ်းတွေ အဘက်ဘက်ကနေ ဘယ်လိုပံ့ပိုးပေးရလဲဆိုတာကို GCverse တို့ခံစားရမယ့်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Oh Han-Byeol (Lee Sung-Kyung) ကတော့ စီမံခန့်ခွဲရေးအေဂျင်စီတစ်ခုရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းရည်တွေကတော့ အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်စွမ်းနဲ့ အများပြည်သူကို ဖြေရှင်းနိုင်စွမ်းအပြည့်ရှိတဲ့ စကားပြောစွမ်းရည်ပါ။
Gong Tae-Sung (Kim Young-Dae) ကတော့ Han-Byeol လုပ်နေတဲ့အေဂျင်စီရဲ့ ထိပ်တန်းစတားပါ။ သူကတော့ ကြင်နာတတ်ပြီး ယဉ်ကျေးလှပါတယ်ဆိုတဲ့ပုံရိပ်ကြောင့် ပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခင်အားပေးမှုကို ခံရသူပါ။ ဒါပေမဲ့ Tae-Sung ဆီမှာ စိတ်ဆတ်ခြင်းနှင့် အနိုင်ရလိုစိတ်ပြင်းပြမှုဆိုတဲ့ ပရိတ်သတ်တွေမသိတဲ့ ပုံရိပ်တွေရှိပါသေးတယ်။ အဲဒီစိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို Han-Byeol ကရှင်းရပါတယ်။
စတားတွေ ရှာသမျှပြဿနာကိုရှင်းရတဲ့ဝန်ထမ်းနဲ့ ဘောင်ထဲမှာအမြဲနေရလို့ ထွက်ပေါက်ရှာတတ်တဲ့ စတားတို့ရဲ့ဆက်ဆံရေးကတော့ ကြောင်နဲ့ကြွက်ပါပဲ။ ဖျော်ဖြေရေးလောကရဲ့ မမြင်နိုင်တဲ့အမှောင်ခြမ်းနဲ့ မတည့်အတူနေ မမြင်ချောင်းကြည့်ကြမယ့် စတားနဲ့ စတားကိုပံ့ပိုးသူတို့ရဲ့ကြားက ဆက်ဆံရေးတွေ ဘယ်လိုပြောင်းလဲလာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။
ကလေးတို့စိတ်ဝင်စားချစ်ခင်ရတဲ့စတားတွေ ဘယ်လိုရုန်းကန်ရလဲ၊ သူတို့ဘေးက ဝန်ထမ်းတွေ ဘယ်လိုကြိုးစားနေလဲဆိုတာကို မြင်တွေ့ရမယ့်အပြင် Sung-Kyung ရဲ့ Comeback ဒရာမာဖြစ်သလို Young-Dae ရဲ့ပထမဆုံး Main lead ကားမို့ အပတ်စဥ် စနေ၊ တနင်္ဂနွေတိုင်း GC Drama မှာ စောင့်မျှော်အားပေးကြပါဦး။
Translated by Yin Cho, June, Faith & Athena