
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ SuJuက Oppa Lee Dong Haeနဲ့ Fight For My Way ထဲကဒုတိယမင်းသမီး Song Ha Yoon ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Oh Young Shim နဲ့ Wang Kyung Tae တို့ဟာ ငယ်ငယ်ကတည်းကသိခဲ့ကြပြီးတော့ Kyung Tae က Young Shim ကိုတစ်ဖက်သတ်ချစ်နေခဲ့ပြီး Young Shim သိအောင်မျိုးစုံပြသခဲ့ပေမယ့် Young Shim ကတော့ Kyung Tae အပေါ်ခံစားချက်မရှိခဲ့ပါဘူး။ Kyung Tae တစ်ယောက် အမေရိကကိုပြောင်းသွားပြီးနောက်ပိုင်း နှစ်ယောက်သားအဆက်အသွယ်ပြတ်သွားခဲ့ပါတော့တယ်။
အသက်၃၀ အရွယ် Single ဖြစ်နေဆဲ Oh Young Shim ဟာဆိုရင် Variety Show တစ်ခုရဲ့ PD အနေနဲ့လုပ်ကိုင်လာတာ ၈နှစ်တိုင်ခဲ့ပါပြီ။ သူမရဲ့အစီအစဥ်ကိုကြည့်ပြီးတော့ လူတွေကိုရယ်မောစေချင်ပေမယ့် လူသိနည်းတဲ့အတွက် သူမရဲ့အစီအစဥ်က အမြဲဖျက်သိမ်းခံရပြီးတော့ သူမရဲ့အလုပ်ကအခုချိန်မှာ စိုးရိမ်ရတဲ့အနေအထားကိုရောက်ရှိလို့နေပါတယ်။
အန္တရာယ်ရှိနေတဲ့သူမရဲ့အလုပ်ကိုကယ်တင်ဖို့ အစမ်းလွှင့်မယ့် Love Entertainment Show တစ်ခုမှာ PD လုပ်ဖို့အခွင့်အရေးရလာပါတယ်။ အစမ်းလွှင့်မယ့်Showအတွက် နာမည်ကြီးစွန့်ဦးစီးပွားရေးသမား Mark Wang ကို Guest အနေနဲ့ဖိတ်ခဲ့ပေမယ့် Mark Wang က Kyung Tae ဖြစ်နေတာကိုသိလိုက်ရတဲ့အချိန် ရှော့ခ်အရမ်းရသွားတဲ့ Young Shim တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို Oh! Young Shim(오! 영심이) ဆိုတဲ့ Drama လေးမှာ Mon&Tue တိုင်း GC နဲ့အတူတူခံစားကြည့်ရှုလိုက်ကြရအောင်နော်