ဒီတစ်ခါမှာတော့ပရိသတ်ကြီးကိုရင်တခုန်ခုန်
ကြမ်းကြမ်းရမ်းရမ်းနဲ့ကြည့်ရမယ့်
ဇာတ်ဆန်းဆန်းKorean Dramaကောင်းလေး
အသစ်ဆက်ဆက်ကိုတင်ဆက်ပေးလိုက်ပါတယ်…
ဒီDramaဟာနာမည်ကြီးDramaဖြစ်တဲ့”W”ကို
ရေးခဲ့တဲ့စာရေးဆရာကရေးသားထားတာပါ…
ဒါ့အပြင်နာမည်ကြီးမင်းသားချောHyun Bin,
မင်းသမီးချောPark Shin Hyeတို့ကအဓိကရုပ်ဆောင်
အနေနဲ့ပါဝင်ထားပြီးပျိုတိုင်းကြိုက်တဲ့EXOအဖွဲ့ဝင်
Chanyeolဟာလည်းSupporting Roleအနေနဲ့
ပါဝင်ထားပါတယ်…
ဒီကားလေးကဇာတ်လမ်းကလည်းသာမာန်ကားတွေနဲ့
မတူကွဲထွက်ပြီးအရမ်းထူးခြားပါတယ်…
ဇာတ်လမ်းလေးကတော့…
Yoo Jin Woo(Hyun Bin)ဟာ
ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့CEOပါ…
သူဟာအထူးသဖြင့်Sofeware Engineerပိုင်း၊
Gamingပိုင်းတို့မှာအထူးရင်းနှီးမြှုပ်နှံသူပါ…
အမြဲတမ်းအနိုင်လိုစိတ်ပြင်းပြပြီးသူများထက်သာချင်ပြီး
ထက်မြက်တဲ့ယောက်ျားကောင်းတစ်ယောက်ပေါ့….
တစ်နေ့သူ့ရဲ့သူငယ်ချင်းဟာသူ့ကိုသစ္စာဖောက်သွားပြီး
သူ့ကုမ္ပဏီရဲ့လျှို့ဝှက်ချက်တွေကိုအသုံးချပြီး
ကုမ္ပဏီအသစ်တည်ထောင်လိုက်ပါတော့တယ်…
ဒီလိုနဲ့သူငယ်ချင်းကနေရန်သူအဖြစ်ပြောင်းသွားပြီး
ပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ပါတော့တယ်…
ဒီလိုနဲ့Hyun Binဟာသူ့ကုမ္ပဏီအတွက်
Gameအသစ်တီထွင်နိုင်အောင်
Programmer Jung Se Joo(Park Chanyeol)ကို
ရှာဖွေဖို့Spain,Grandaမြို့ကိုရောက်လာခဲ့ပါတော့တယ်
အဲ့အချိန်Se Jooရဲ့အမဖြစ်သူGrandaမြို့က
တည်းခိုခန်းပိုင်ရှင်Jung He Joo(Park Shin Hye)နဲ့
တွေ့ကြပါတော့တယ်…
He Jooဟာဂစ်တာပညာရှင်ဖြစ်ပေမယ့်လည်း
အရင်းအနှီးမရှိတဲ့အတွက်သူ့မိဘတွေထားခဲ့တဲ့
Spainကတည်းခိုခန်းအဟောင်းကြီးကို
ထိန်းသိမ်းစောင့်ရှောက်ရင်းမောင်ဖြစ်သူSe Jooနဲ့
နေထိုင်ကြီးပြင်းခဲ့ရတာပါ…
Spainနိုင်ငံGrandaမြို့ဟာAlhambraဆိုတဲ့
နန်းတော်အတွက်နာမည်ကြီးတဲ့နေရာတစ်နေရာ
ဖြစ်ပါတယ်…
ဒီလိုနဲ့Jin Wooနဲ့He JooဟာSe Jooကို
လိုက်ရှာကြရင်းဒီAlhambraမြေမှာ
မဖြစ်နိုင်တဲ့ထူးခြားဆန်းကြယ်အရာတွေ
စတင်ဖြစ်ပျက်လာပါတော့တယ်…
ဒါ့အပြင်Se Jooတီထွင်ခဲ့တဲ့Gameဟာ
ဒီAlhambraမြေရဲ့ရာဇဝင်နဲ့တနည်းနည်း
ပတ်သတ်နေပြီးဇာတ်ကောင်တွေအသက်ဝင်လာသလို
ဖြစ်လာတဲ့အခါမှာတော့….?
အတိတ်ရာဇဝင်ထဲကမမြင်ရတဲ့အရာတွေဟာ
တစ်ဖန်ပြန်အသက်ဝင်လာတဲ့အခါ
ဘာတွေဆက်ဖြစ်ကြမလဲ??
သူတို့ဘယ်လိုအဆုံးသတ်ကြမလဲ?
ဒီAlhambraမြေမှာဘာတွေဖြစ်ခဲ့ကြတာလဲ??
ရင်ခုန်ခုန်နဲ့စိတ်ဝင်စားစွာစောင့်ကြည့်ရမယ့်
ဇာတ်ကားလေးပါနော်….
ဒီDramaကိုတော့December(1)ရက်နေ့ကစပြီး
TvNရုပ်သံလိုင်းကနေ
အပတ်စဉ်စနေ၊တနင်္ဂနွေနေ့တိုင်းည၉နာရီ(KST)တိုင်းမှာ
ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်…
Review by Thit Lwin
Translated by Phyo Thant, Winnie Ngoon