
L.U.C.A.: The Beginning (루카: 더 비기닝)
GC ပရိသတ်ကြီးကို ဒီတခေါက် မိတ်ဆက်ပေးးချင်တာကတော့ ရိုမန်တစ်တွေတွေ အချစ်တွေ အလွမ်းတွေထဲက ရုန်းထွက်ပြီး ဖိုက်တာလိုကြည့်ကြရမယ့် အကြမ်းစားအရမ်းစားကျတဲ့ လျှို့ဝှက်သည်းဖို သိပ္ပံအက်ရှင်ဒရမ်မာတစ်ကားကိုပါ။
ထူးခြားစွမ်းအားတွေနဲ့ တိုက်ပွဲတွေကြားက ဇာတ်လိုက်မင်းသားနဲ့ ဦးဆောင်နိုင်စွမ်းရှိတဲ့ ဇာတ်လိုက်အမျိုးသမီးတို့်ရဲ့ တွဲဖက်မှုနဲ့အတူ ဇာတ်ကားကို ပုံဖော်ထားတဲ့ ဒီကားမှာ
ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ ဟားဗတ်တက္ကသိုလ်ဇာတ်ကားထဲကနေ ခုချိန်ထိ အထာကျခဲ့ အထာကျနေဆဲ အာဂျူ ရှီး ကင်ရယ်ဝန်နဲ့ National Strong Female leadလို့ တင်စားလို့ရတဲ့ ရက်ရက်စက်စက်လှတဲ့ မမလီဒါဟေးတို့ပဲဖြစ်ပါတယ်
ဇာတ်လမ်းကို ပုံဖော်ထားပုံကတော့
ဂျီအို( ကင်ရယ်ဂန်)မှာထူးခြားစွမ်းအားတစ်ခုနဲ့လျှို့ဝှက်ချက်တစ်ခု ရှိနေပြီး သူ့ကိုယ်သူ ဘယ်သူမှန်းမသိ ဖြစ်နေတဲ့သူတစ်ယောက်…
ဒီလိုနဲ့ဂျီအိုဟာ သူ့ဘေးနားကမရေမတွက်နိုင်တဲ့ မေးခွန်းတွေရဲ့အဖြေကိုရှာဖို့ ကြိုးစားနေချိန်မှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့လူတွေရဲ့ လိုက်ဖမ်းခြင်းကိုခံလိုက်ရပါတယ်။
ဂူရွမ်(လီဒါဟေး) ကတော့ ခပ်မိုက်မိုက် စုံထောက်တစ်ယောက်ဖြစ်ပြီး ငယ်ငယ်တည်းက မိဘတွေပျောက်ဆုံးသွားခဲ့သူတစ်ယောက်…
သူမဟာ အစီအစဉ်တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘာမှပြောင်းလဲမသွားခဲ့ဘူး
ဒါပေမယ့် မိဘတွေရဲ့ပျောက်ဆုံးမှုအကြောင်းအရင်း အမှန်တရားကို လိုက်ရှာဖွေရင်းက ဂျီအိုနဲ့တွေ့ဆုံခဲ့ပြီးနောက်မှာတော့ သူမဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်။
ဒီလိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေနဲ့ ဇာတ်ကောင်တွေကို ပံ့ပိုးပေးမယ့် ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေလည်း ပါဝင်ကြသေးတာမို့ အရမ်းကြည့်ရမိုက်နေမှာ အသေအချာပါ။
ဒါကြောင့် TVNကနေ 12ပိုင်းတိတိပြသပေးမယ့် ဒီကားလေးကို GC pageကနေ တင်ဆက်ပေးသွားဦးမှာမလို့ တနလာင်္နေ့နဲ့ အဂါင်္နေ့တိုင်း စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အားလုံးပဲ ဖိုက်တာလို ကြည့်လိုက်ကြရအောင်နော်။
Translated by Hay Man,Loon,Phyoe and Yin Cho