
The Last empress ကားထဲက မင်းကြီး ရှင်ဆောင်ရော့နဲ့ Doctor John ကားထဲက ဆရာဝန်မချောလေး လီဆယ်ယောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Kairos ဇာတ်ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
ဘဝမှာအောင်မြင်ဖို့အတွက်သာ ကြိုးပမ်းနေတဲ့မင်းသား ဂင်ဆောဂျင်ဟာ သူရဲ့ကြိုးစားအားထုတ်မှုကြောင့်သူ့ကုမ္ပဏီမှာ အသက်အငယ်ဆုံး အလုပ်အမှုဆောင်ဖြစ်လာပါတယ်။
ဇနီးချောလေးဖြစ်သူ တယောပညာရှင် ဂန်ဟွန်းချယ်နဲ့သမီးတစ်ယောက်ရှိပြီး သူဘဝဟာပြီးပြည့်စုံနေခဲ့ပါတယ်။
သာယာနေတဲ့သူရဲ့ဘဝတစ်ခုလုံးဟာ သမီးဖြစ်သူပြန်ပေးဆွဲခံရတဲ့အချိန်မှာ အကုန်ရပ်တန့်သွားခဲ့ပါတယ် ဆောက်တည်ရာမရဖြစ်နေပြီး အတိတ်ကိုပြောင်းလဲဖို့အတွက် သမီးဖြစ်သူပြန်ပေးဆွဲခံရတဲ့အချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့တစ်လလောက်မှာ အတိတ်ကာလက မင်းသမီးဂန်အယ်ရီကို ဆက်သွယ်မိတဲ့အခါ….
မင်းသမီးဂန်အယ်ရီက စာလေ့လာရင်းတစ်ဖက်နဲ့ မိခင်ဖြစ်သူ ခွဲစိတ်ဖို့အတွက် အချိန်ပိုင်းအလုပ်လုပ်ရင်း ပိုက်ဆံရှာဖွေနေသူပါ တစ်နေ့မှာ မိခင်ဖြစ်သူပျောက်ဆုံးသွားပြီး ဆောက်တည်မရဖြစ်နေတဲ့အချိန် အနာဂတ်က ဂင်ဆောဂျင်နဲ့ဆက်သွယ်မိသွားတဲ့အခါ…..
မင်းသားကကော သူ့သမီးဖြစ်သူကို ကယ်တင်နိုင်မှာလား
မင်းသမီးကကော ပျောက်ဆုံးနေတဲ့မိခင်ဖြစ်သူကိုပြန်ရှာတွေ့မှာလား
သူတို့နှစ်ယောက်သားဘယ်လိုတွေအတူတူကြိုးစားကြမလဲဆိုတာကို…. အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တိုင်းပြသသွားမယ့် Kairosဆိုတဲ့ dramaလေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်
Translated by Khin Maddy,Dalla Myo and Shwe Pyae
Penthouse K Drama လေး တင်ပေးပါနော်