Bridgerton

Bridgerton

Dec. 25, 2020
Your rating: 0
8 1 vote

Seasons and episodes

1Season 1 Dec. 25, 2020
  • There are still no episodes this season
2Season 2 Mar. 25, 2022

Creator

Cast

Simone Ashley isKate Sharma / Lady Kate Bridgerton
Kate Sharma / Lady Kate Bridgerton
Jonathan Bailey isLord Anthony Bridgerton
Lord Anthony Bridgerton
Charithra Chandran isEdwina Sharma
Edwina Sharma
Nicola Coughlan isPenelope Featherington
Penelope Featherington
Julie Andrews isLady Whistledown (voice)
Lady Whistledown (voice)

Video trailer

Synopsis

Bridgerton season 2 (2022)

‌ဘရစ်ဂျာတန်မိသားစုက အဆင်လေးတွေကိုဆက်ငမ်းမယ့်သူတွေအတွက် season 2 ထွက်လာပါပြီ။

Season 1 တုန်းက ဘရစ်ဂျာတန်မိသားစုရဲ့ သမီးကြီး ဒပ်ဖနေးနဲ့ ဟေစတင်းမြို့စားလေး ဆိုင်မွန်တို့ရဲ့ ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးကို အဓိကဖော်ပြသွားပါတယ်။ အခု သူတို့နှစ်ဦးညားပြီးတဲ့နောက်မှာ ကျန်တဲ့ ဘရစ်ဂျာတန်မောင်နှမတစ်စုရဲ့ အချစ်ဇာတ်လမ်းတွေက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို season 2 မှာ ကြည့်ကြရမှာပါနော်။

ချစ်တဲ့သူနဲ့ပေါင်းဖက်လို့မဖြစ်နိုင်တဲ့ဘ၀မှာ မိသားစုအတွက် သင့်လျော်တဲ့အိမ်ထောင်ဖက်ကို လိုက်ရှာမယ့် အန်တိုနီ၊ အသည်းကွဲလို့ ခရီးထွက်နေတဲ့ ကောလင်း၊ ကပွဲရာသီမှာ မဖြစ်မနေပွဲထွက်ရတော့မယ့် အယ်လဝီ၊ ကောလင်းကို တစ်ဖက်သတ်ချစ်နေရှာတဲ့ ပင်နီလုတ်ပီလေးတို့ ရှေ့ဆက်ဘာတွေဖြစ်လာမလဲ။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုင်မွန်နဲ့ဒက်ဖနေးတို့အတွဲကရော ချစ်မြဲအတိုင်းချစ်နေကြဦးမှာလား။ တစ်နယ်လုံးတင်မက ဘုရင်မကြီးကိုယ်တိုင် စိတ်၀က်တစားရှိနေတဲ့ လျှို့ဝှက်စာရေးဆရာမ လေဒီ၀စ်ဆဲလ်ဒေါင်းကရော ဘယ်သူဖြစ်နေမလဲ… ဆိုတာတွေကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။

Season 1 တုန်းက ပြောခဲ့သလိုပါပဲ၊ ခေတ်တစ်ခေတ်ရဲ့ လူနေမှုစရိုက်ကို ထင်ဟပ်ထားပြီး လူ့သဘာ၀၊ အချစ်၊ အလွမ်း၊ မိသားစု မောင်နှမမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တို့နဲ့ ရသစုံ၊ အရောင်အသွေးစုံလင်တဲ့ ဇာတ်လမ်းမျိုးပါ။

အဲဒါကြောင့် စိတ်ညစ်စရာတွေကို ခဏမေ့ပြီး လေးနက်တဲ့ရသစုံအချစ်ဇာတ်လမ်းမျိုးမှ ကြည့်ချင်သူတွေအတွက် ညွှန်းပေးချင်ပါတယ်။ Netflix ကထွက်တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး rating လည်းကောင်းတာမို့ လက်မလွတ်တမ်း ကြည့်သင့်ပါတယ်‌‌။ season တစ်ခုမှာ ၈ ပိုင်း ပါ၀င်ပြီး season 1 လည်းတင်ပေးထားပြီးသားမို့ဆက်ဆက်ကြည့်လိုက်ကြပါနော်။

Review by C’mon

(18+ ဆန်ဆန် ဇာတ်၀င်ခန်းအနည်းငယ်ပါ၀င်ပါတယ်။)
Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link > https://play.google.com/store/apps/details

Bridgerton
Bridgerton
Bridgerton
Bridgerton
Bridgerton
Bridgerton
Original title Bridgerton
TMDb Rating 8.2 1,408 votes
First air date Dec. 25, 2020
Last air date Dec. 25, 2020
Seasons 2
Episodes 16
Average Duration 60 minutes

Similar titles

Light Chaser Rescue
High Class
New Recruit
Move to Heaven
The Stranded (2019)
Boar Hunt
The Good Bad Mother
I Love You
What Zabb Man
Love for Love’s Sake
Juvenile Delinquency
Pam & Tommy