တစ်ဘဝတည်းတောင် စိတ်ဝင်စားအောင်ရိုက်ကူးတဲ့ကိုရီးယားကားတွေက ဒီလောက်ကြည့်ကောင်းတာ။ နှစ်ဘဝ ဇာတ်လမ်းဆိုတော့ ဘယ်လိုတွေ စိတ်ဝင်စားအောင်လုပ်မလဲမသိ။
Mystery/Romance အမျိုးအစားဖြစ်တဲ့ ဒီကားမှာ
စုံထောက်ရယ်၊ စုံထောက်ရဲ့ချစ်သူနဲ့ စုံထောက်ရဲ့ ချစ်သူကိုမှ ချစ်မိသွားတဲ့ ကွင်းဆက်လူသတ်သမားရယ် သူတို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းပါ။
လွန်ခဲ့တဲ့ ၃၂ နှစ် ၁၉၈၀ ခုနှစ်တုန်းက မင်းသား Kong Ji-Cheol (Chang Ki-Yong) က ဆိုးသွမ်းလွန်းတဲ့ ဖခင်လိုဖြစ်မလာအောင် ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်ခဲ့သူတစ်ယောက်။ ဒီနေ့ခေတ်မှာတော့ ဆေးကျောင်းသား Cheon Jong-Beom (Chang Ki-Yong) အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ်။
၁၉၈၀ ခုနှစ်တုန်းက မင်းသမီး Jung Ha-Eun (Jin Se-Yun) က Old Future ဆိုတဲ့ စာအုပ်အဟောင်းဆိုင်ပိုင်ရှင်ပါ ။ ၁၉၈၀ ခုနှစ်တုန်းကတော့ နှလုံးရောဂါ ခံစားနေရသူဖြစ်ခဲ့ပေမယ့် ဒီနေ့ ခေတ်ကာလမှာတော့ ရှေးဟောင်းသုတေသန နည်းပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
၁၉၈၀ ခုနှစ်တုန်းက မင်းသား Cha Hyeong-Bin (Lee Soo-Hyuk) က စုံထောက်တစ်ယောက်ပါ။ ဒီနေ့ခေတ်ကာလမှာတော့ ပြစ်မှုတွေရဲ့ သက်သေတွေကို မျိုးရိုးဗီဇနဲ့မှယုံကြည်လက်ခံတတ်တဲ့ ခပ်မိုက်မိုက် အစိုးရရှေ့နေတစ်ဦး ဖြစ်လာခဲ့တဲ့နောက်မှာတော့…
၁၉၈၀ ခုနှစ်တွေတုန်းက သူတို့ဘယ်လိုတွေ ဆုံစည်းခဲ့သလဲ။
ဘယ်လိုအငြိုးတွေနဲ့ သေဆုံးသွားခဲ့လဲ။ ဒီနေ့ခေတ်မှာရော လျှို့ဝှက်ဆန်းကြယ်မှုတွေကြားက ဘယ်လို Romance တွေနဲ့သုံးပွင့်ဆိုင်ဖြစ်မလဲ။ နှစ်ဘဝစာ ရေစက်တွေက ဘယ်လိုများဆက်နွယ်နေမလဲ။
၃၂ နှစ်ကွာခြားသွားပြီး Character နှစ်မျိုးစီနဲ့ ခေတ်နှစ်ခေတ်ကို အပြိုင်မြင်တွေ့ခံစားရဦးမယ့် Born Again ဇာတ်လမ်းက အပိုင်း ၃၂ အထိ ရှိမှာဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့မှာ KBS2 ရုပ်သံလိုင်းကနေ တနင်္လာ အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာပါ။
#GoldChannelTrendReview
Translated by Winnie Ngoon and Phyo Thant