
သေမင်းနဲ့ ထူးခြားတဲ့စွမ်းရည်ပိုင်ရှင်ဆရာဝန်မလေးကြားက အချစ်ဇာတ်လမ်း။ Kok-Du (Kim Jung-Hyun) ဟာ နတ်ဘုရားရဲ့အမျက်သင့်မှုကြောင့် သေမင်းအဖြစ်သို့ ကူးပြောင်းပြီး ပြစ်ဒဏ်ခံနေရတဲ့သူပါ။ ရက်စက်ပြီး အေးစက်တဲ့သေမင်းတစ်ယောက်အဖြစ်နဲ့ ဝိညာဥ်တွေကို နောက်ဘဝဆီပို့ဆောင်ပေးရသူပါ။ ၉၉ နှစ်ပြည့်တိုင်း လူ့လောကဆီဆင်းလာပြီး သူနဲ့ဆင်တူတဲ့လူဆီ ဝင်စားလေ့ရှိပါတယ်။ သေသင့်တဲ့သူတွေကို အဆုံးသတ်ပေးတဲ့သေမင်းဟာ ဒီဘဝမှာ Do Jin-Woo ဘဝနဲ့ Han Gye-Jeol (Lim Soo-Hyang) ကို တွေ့ဆုံရပါတော့တယ်။ Han Gye-Jeol ကတော့ အဆင့်နိမ့်ဆေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ဆရာဝန်ပါ။ မိခင်ဆုံးပြီးကတည်းက သူ့မှာကျန်တာဆိုလို့ မောင်လေးပဲရှိပါတယ်။ ဂရုစိုက်သူမရှိတဲ့သူ့ဘဝထဲ Jin-Woo ရောက်လာပြီး သူ့ဘက်ကရပ်တည်ပေးချိန်မှာတော့ ဘဝကြီးက ပြောင်းလဲလာပါတော့တယ်။ သူတို့နှစ်ဦးကြားက လျှို့ဝှက်ဆန်းကြတယ်တဲ့နှောင်ကြိုးက ဘာဖြစ်မလဲ…Kokdu တစ်ယောက် သူ့ရဲ့တာဝန်ကို ပြီးဆုံးအောင်ဆောင်ရွက်နိုင်ပြီး နတ်ဘုရားရဲ့အမျက်ကိုဖြေနိုင်မလားဆိုတာ GC Drama မှာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။
Review by Athena
Translated by Winnie Ngoon and Phyo Thant