
He’s expecting (2022)
မိန်းမဖြစ်သူက ဂုဏ်ယူတဲ့အပြုံးလေးနဲ့ မီးဖွားပြီးကာစယောက်ျားကို ချွေးလေးသုတ်ပြီး ပင်ပန်းသွားပြီလို ပြောနေတာကို စိတ်ကူးယဉ်ကြည့်ကြပါစို။
စိတ်ကူးနဲ့တင် အခုတော့ခံစားတတ်ပြီမလားဆိုပြီး ကြိတ်ပြုံးမိကြမယ့်ပုံစံလေးပေါ့။
ဒီလို စိတ်ကူးယဉ်မြင်ကွင်းမျိုးကို Netflix ရဲ့ He’s expecting က ချပြလိုက်ပါပြီ။
Star တွေဖြစ်တဲ့ Takumi Saitoh , Juri Ueno တိုက Hiyama နဲ့ Aki အဖြစ် ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီ comedy drama serie လေး။
ဇာတ်လမ်းဇာတ်ကွက်ရော ၊ လူသိများတဲ့ အကျော်အမော်တွေနဲ့ပါ ရိုက်ကူးထားတာမလို netizens တွေက Twitter မှာပါ ဝိုင်းပြီး support ထားကြတဲ့ အပိုင်း၈ပိုင်းပါဝင်တဲ့ စီးရီးလေးပါ။
ဇာတ်လမ်းကတော့ စီးရီးနာမည်အတိုင်းပဲ ယောကျာ်းတွေ ကိုယ်ဝန်ဆောင်ကြလေသတည်းပေါ့။လိင်ပြောင်းလဲထားခြင်းမရှိဘဲ ယောက်ျားစစ်စစ်တွေ ကိုယ်ဝန်ဆောင်ကြတဲ့ ဖြစ်စဉ်က ရှားပေမယ့် Hiyama တိုခေတ်မှာတော့ တစ်စတစ်စ ရှိလာပါပြီ။
Hiyama အနေနဲ့ကတော့ ဘဝကိုလွတ်လပ်စွာနေမယ်။အလုပ်ကိုကြိုးစားမယ်။အောင်မြင်လာမယ်။ ဒီ flow အတိုင်းပဲ သွားနေတတ်တဲ့သူ။
ကိုယ်ဝန်ဆောင်၊ ကလေးမွေး၊ ကလေးပျိုးထောင်ရတာကိုတောင် အလုပ်မှာ အနှောင့်အယှက်ဖြစ်လို ဘဝရဲ့ နောက်ဆုံးနံပါတ်မှာထားပြီး ဘေးချိတ်ထားသူပေါ့။
လုံးဝ လုံးဝ ကလေးမယူပါဆိုတဲ့ လူထဲကလူ။
ဒီလိုနဲ့ တကယ်တမ်း မတော်တဆဥုံဖွဆိုပြီး ကိုယ်ဝန်ရှိလာတော့ ချစ်စရာကလေးက သူ့ကိုယ်မှာလာပြီး သန္ဓေတည်ပါတော့တယ်။Aki နဲ့ရတဲ့ကလေးလေး။
အစကတော့ သူနားမလည်နိုင်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ ဘဝ။ ကိုယ်ဝန်လွယ်ထားရချိန် ခံစားချက်တွေက သူ့အတွက် မသိသာတဲ့အရာတွေအနေနဲ့ ရှိချိန်မှာ သူကိုယ်တိုင်ခံစားလာရတဲ့အခါ။
တကယ်တမ်းကျ ကိုယ်ဝန်ဆောင်လာရတော့ အပြစ်တင် လက်ညှိးထိုးတတ်တာတွေ၊ စောင်းမြောင်းပြောဆိုတာတွေ၊ ဗိုက်တစ်လုံးနဲ့ အလုပ်ခွင်မှာ ဘယ်လိုအနှိမ်ခံရမှာတွေ၊ လက်တွေ့ခံစားဖူးလေသတည်းပေါ့။
ဒါဆိုရင်ရော ပြောင်းလဲမှုတွေကရော၊ ခန္ဓာကိုယ်ပြောင်းလဲမှု၊ ကိုယ်ဝန်ဆောင်စဉ်ခံစားရတာတွေကို ငါတော့နားမလည်နိုင်ပါဘူးဆိုတဲ့ ယောက်ျားကြီးကိုယ်ထဲ ဖြစ်ပြခံစားပြခိုင်းတာကို တစ်ဝကြီးကြည့်ရှုရဦးမှာပါ။
Hiyama က အမြဲပြောလေ့ရှိတယ်။
“ဘဝဆိုတာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ဆီးကြိုနေတာတဲ့”
သူ့ဘဝရဲ့ မမျှော်လင့်ထားတဲ့ ကိုယ်ဝန်ကိုရော ဘယ်လိုမျိုး ရင်ဆိုင်မလဲဆိုတာ ကြည့်ရှုနိုင်ဖိုအတွက် GC မှတင်ဆက်ပေးလိုက်ရပါတယ်။
Translated By Keith,Egg,Phyo,Sarah&MaryChrist
Reviewed by Phyo