
Beyond Evil
ဒီတစ်ခေါက် GCပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ “Beyond Evil”လို့အမည်ရတဲ့
Thriller ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်
တိတ်တဆိတ်ရှိလှတဲ့မြို့လေးဟာ လူသတ်သမားကြောင့် ထိတ်လန့်မှုတွေ ကြုံနေရပြီး ကွင်းဆက်လူသတ်မှုတွေဖြစ်ပေါ်နေရတဲ့အတွက် အဓိကဇာတ်ဆောင်နှစ်ဦးက တရားခံကိုရှာဖွေဖော်ထုတ်သွားမယ့်အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်
Lee Dong Shikအဖြစ် မင်းသားကြီး Shin Ha Kyunက တစ်ချိန်ကအောင်မြင်ခဲ့တဲ့စုံထောက်တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ် သူဟာ ရာထူးချခံလိုက်ရပြီး နယ်မြို့လေးက”Manyang”ရဲစခန်းမှာအောက်ခြေသိမ်း အဆင့်နိမ့်တဲ့အလုပ်တွေလုပ်ရင်း အေးဆေးစွာ ဘဝကို ဖြတ်သန်းနေသူလဲဖြစ်ပါတယ်
စုံထောက် Han Joo Wonအဖြစ် Yeo Jin Gooက
သရုပ်ဆောင်ထားပါတယ် နယ်မြို့လေးမှာတာဝန်ကျတဲ့အတွက်ပြောင်းရွှေ့လာခဲ့တဲ့ Joo Wonဟာ
ထူးခြားတဲ့အရည်အချင်းရှိတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး သူ့အဖေဟာလဲ “National Police Agency”ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်လာနိုင်တဲ့သူပါ ။သူ့ရဲ့အသိုင်းဝိုင်းကလဲကြီးပြီးတော့သူ့မှာဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုလဲရှိနေပါတယ်။
နယ်မြို့လေးမှာ ကြောက်လန့်ဖွယ်လူသတ်မှုတွေဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ Dong Shikနဲ့ Jun Wooတို့နှစ်ယောက်ပူးပေါင်းပြီး တရားခံကို
စုံစမ်းရှာဖွေမှုလုပ်တာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
အပိုင်း(၁၆)ပိုင်းပါဝင်ပြီးတော့JTBCရုပ်သံလိုင်းမှ အပတ်စဉ် သောကြာနေ့နှင့်စနေနေ့တိုင်းထုတ်လွှင့်သွားမှာဖြစ်လို့ GCပရိသတ်ကြီးလဲ စောင့်မျှော်အားပေးကြပါအုံးနော်~~~
Translated by Hnin Aye Nyein,Youn Kyi Phyu,Thae and Snowflake