ယခုတင်ဆက်ပေးလိုက်တဲ့ စီးရီးအသစ်လေးကတောဲ့Infiniteအဖွဲ့ကLနဲ့Shin Hye Sunတို့ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးပဲဖြစ်ပါတယ်။
ဒီdramaလေးဟာ
ကောင်းကင်တမန်တော်နတ်သားလေးဒန်နဲ့
ဘဲလေးကချေသည်မလေးတို့အကြားအချစ်ဇာတ်လမ်းကိုပုံဖော်ထားတာပါ။
️LeeYeonSeoဟာ
လှပပြ်ီးတော့အရမ်းချမ်းသာတဲ့မိသားစုမျိုးနွယ်ရဲ့အမွေဆက်ခံရမယ့်မိန်းကလေးတစ်ဦးပါ။ သူမရဲ့အိမ်မက်ကတော့ ထူးချွန်တဲ့ဘဲလေးကချေသည်တစ်ဦးဖြစ်ဖို့ပါ။ ချမ်းသာပြီးပြီးပြည့်စုံမှုကိုပိုင်ဆိုင်ထားပေမယ့် YeonSeoဟာတစ်နေ့မှာတော့အက်စီးဒန့်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအက်စီးဒန့်ကြောင့် သူမရဲ့အမြင်အာရုံကိုလည်းဆုံးရှံးခဲ့ရသလို ဘဲလေးကချေသည်ဖြစ်လာဖို့ဆိုတဲ့သူမရဲ့အိမ်မက်ကိုလည်းလက်လွှတ်ခဲ့ရပါတယ်။ အမြင်အာရုံကိုဆုံးရှုံးခဲ့တဲ့နောက်ပိုင်းမှာ သူမရဲ့မာနနဲ့အခြားသူတွေအပေါ်သံသယများလာတာကြောင့် သူမဟာအချစ်ဆိုတာကိုလည်းလက်မခံတတ်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်မမျှော်လင့်ထားတဲ့အခွင့်အရေးတစ်ခုကြောင့်
အချစ်စစ်ကိုတွေ့ရှိခဲ့ပါတယ်။
Dan(ဒန်)ကတော့ ပြဿနာရှာတတ်တဲ့ကောင်းကင်တမန်တော်နတ်သားလေးပါ။ ဒန်ကောင်းကင်ဘုံကိုပြန်နိုင်ဖို့အမိန့်တစ်ခုရရှိခဲ့ပါတယ်။ အဲဒါကတော့YeonSeoဆိုတဲ့မိန်းကလေးကိုသူမရဲ့အချစ်စစ်ကိုရှာတွေ့နိုင်ဖို့ကူညီပေးရမှာပါ။နောက်ပိုင်းမှာတော့DanဟာYeonSeoနဲ့ချစ်ကြိုက်သွားခဲ့ပါတယ်။
ဒီစီးရီးလေးကို May 22မှစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်းမှာ KBS2 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
Review credit by Korean drama update news
Translated by Thida