
Today’s Webtoon (오늘의 웹툰)
“အနာဂတ်ဆိုတာ ဘယ်တော့မှ မှန်းဆလိုမရဘူး”
အားလုံး ကြားဖူးနေကျ စကားစုလေးတစ်ခုပါပဲ။ တစ်သက်လုံး ဒီအလုပ်တစ်ခုကိုပဲလုပ်နိုင်မယ်လို တစ်ထစ်ချယုံကြည်လာခဲ့ပြီးမှ အခြေအနေတစ်ရပ်ကြောင့် ဘဝတစ်ဆစ်ချိး ပြောင်းလဲသွားတဲ့အခါ လမ်းပျောက်တယ်ဆိုတဲ့ ခံစားချက်ဖြစ်ပေါ်လာပါတယ်။
ယခု Gold channel မှ တင်ဆက်ပေးမယ့် Today’s Webtoon ဇာတ်လမ်းလေးဟာဆိုရင်တော့ Japanese manga series Jūhan Shuttai ကို အခြေခံရိုက်ကူးထားတဲ့ coming-of-age (အဓိကဇာတ်ဆောင်၏ ငယ်ဘဝမှ လူကြီးဘဝအထိ ရင့်ကျက်ပြောင်းလဲမှုကိုအသားပေးရိုက်ကူးထားသော) ဇာတ်လမ်းအမျိးအစား ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
On Ma Eum (Kim Se Jeong) ဟာ နိုင်ငံတော်ဂျူဒိုအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘဝတစ်ခုလုံးဟာ ဂျူဒိုကစားခြင်းကိုသာ ဗဟိုချက်ပြုလည်ပတ်နေခဲ့ရာကနေ တစ်နေ့မှာတော့ ကစားပွဲတစ်ခု ကစားရင်း ခြေကျင်းဝတ်အရွတ်ပြဲသွားပြီး အားကစားသမားဘဝ အဆုံးသတ်သွားပါလေရဲ့။
ဂျူဒိုမှတစ်ပါး တခြားကိုးကွယ်ရာမရှိ အားကစားသာလျှင်ဘဝလို ခံယူထားတဲ့ On Ma Eum အတွက် အားကစားနဲ့ မသက်ဆိုင်တဲ့ အိပ်မက်သစ်တစ်ခုကို ရှာဖွေဖိုအချိန်ကျရောက်လာခဲ့ပါလေတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ webtoon တိုက်တစ်ခုရဲ့ အယ်ဒီတာဌာနမှာ အလုပ်ရသွားခဲ့တဲ့အခါမှာတော့။…..
အားကစားသမား Ma Eum အတွက် တခြားနယ်ပယ်တစ်ခုမှာ အလုပ်လုပ်ရတာဟာ စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေခဲ့ပါတယ်။ ကျောက်ခဲရေညှစ်ရသလောက်တော့ မခက်ခဲပေမဲ့ ဒီနယ်ပယ်မှာကျင့်သားရဖို အတိုင်းအတာတစ်ခုအထိတော့ ရုန်းကန်ရတာပေါ့။ ရုန်းရင်းကန်ရင်း လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြတဲ့ Goo Jun Yeong နဲ့ Seok Jin Hyung တိုနဲ့လည်း ရင်းနှီးမှု bond လေးတွေ ဖြစ်ပေါ်လာပါသေးတယ် :3။ ဒီလိုကနေ Ma Eum ဟာ အိပ်မက်သစ်ကို ရှာဖွေပြီး ပျော်ရွှင်မှုကို တစ်ဖန်လက်ကမ်းကြိုဆိုနိုင်ဦးမှာလား။ …
အားလုံးရဲ့ အချစ်တော် Business proposal မင်းသမီးလေး Kim Se Jeong နဲ့ The King’s Affection မှ အစ်ကိုတော်ဟုသိကြသူ မင်းသား Nam Yoon Su တို အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Today’s Webtoon ဒရာမာလေးကိုတော့ အပတ်စဉ် သောကြာ စနေနေ့တိုင်း GC မှ ဘာသာပြန်တင်ဆက်ပေးမှာမို အတူစောင့်ကြည့်ကြပါဦးစိုလား ချစ်ရတဲ့ GCverses လေးတိုရေ♥️
Reviewed by Elsa
Translated by Phyo, Chu, Ji Hye & Elsa