13 Reasons Why (2017-2020)
=======================================
ကျွန်တော်တို့ အရမ်းကို Hype နေကြရတဲ့ 13 Reasons Why ရဲ့ နောက်ဆုံး Season ဖြစ်တဲ့ Season 4 ကတော့ ထွက်ရှိလို့လာပါပြီ။ ကိုယ့်ကိုယ်ကိုသတ်သေတာတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာတွေ သေနတ်တွေ လိင်တူစွဲလမ်းတာတွေ မူးယစ်ဆေးတွေနဲ့ စိတ်ကျန်းမာရေးတွေ ပါဝင်နေတဲ့ လေးနှစ်တာ Tv series တစ်ခုကတော့ အဆုံးသတ်သွားပါပြီ။
ဒီ Season ကတော့ ရှေ့က Season တွေနဲ့မတူပဲ အပိုင်း ၁၀ ပိုင်းသာပါဝင်တာဖြစ်ပါတယ်။ ရှေ့က အပိုင်း ၃၉ ပိုင်းမှာပြသခဲ့တဲ့အရှုပ်တော်ပုံတွေ အပြီးမှာတော့ Season 1 မှ Hannah Baker သေဆုံးပြီးနောက်ပိုင်း ပေါင်းမိခဲ့ကြတဲ့ Clay တို့ သူငယ်ချင်းတစ်အုပ်ကတော့ ဘယ်လိုတွေပြန်ဖြေရှင်းကြမလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦး။
S3 တုန်းက Bryce Walker အသတ်ခံရတဲ့ အမှုနဲ့ ပြီးသွားခဲ့တယ် အဲ့တုန်းက လူသတ်မှုမှာ Zach ၊ Alex နဲ့ Jessica တို့က ပါခဲ့ပေမယ့် သေသွားပြီ ဖြစ်တဲ့ Monty ရဲ့ နာမည်ကိုပဲ သုံးပြီး Monty သတ်တယ်ဆိုပြီး အမှုက ပြီးသွားခဲ့တယ်။ ဒါပေမယ့် Winston က Monty မဟုတ်ဘူးဆိုတာကို သိနေခဲ့တယ်၊ ဘာလို့လဲဆိုတော့ အမှုဖြစ်တဲ့ ညက သူတို့ နှစ်ယောက် တူတူရှိနေခဲ့လို့ အဲ့တော့ သူက အမှုမှန်ကို ပေါ်စေချင်တယ်၊ Winston က Liberty အထက်တန်းကျောင်းကို ပြောင်းလာတော့ သူက Diego လို့ခေါ်တဲ့ ဘောလုံးကစားသမားဆီကနေ အဲ့ Monty အမှုကို စုံစမ်းဖို့ အကူအညီရခဲ့တယ်၊။
အဲ့တစ်ချိန်တည်းမှာပဲ Clay က စိတ်ဝေဒနာ ခံစားနေရပြီး သူက သူတတ်နိုင်သလောက် လျှို့ဝှက်ချက် တွေကို ထိန်းဖို့ ကြိုးစားပါတယ်။ Winston နဲ့ Tyler က သူငယ်ချင်းဖြစ်ပြီး မကြာခင်မှာပဲ Winston နဲ့ Alex က ရည်းစားတွေ ဖြစ်သွားတယ်။ Winston နဲ့ Diego က လူသတ်တရားခံကို မဖော်ထုတ်နိုင်ခင်မှာပဲ Clay နဲ့ သူ့သူငယ်ချင်း တွေအတွက် အရာရာက ပိုပို ရှုပ်လာပါတယ်။
အဲ့တော့ ဒီ S4 လေးက တစ်ခြား Season တွေနဲ့ မတူပဲ ကြည့်တဲ့သူကို ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး စိတ်၀င်စားစရာတွေ ပြီးတော့ ဒီထဲက ဇာတ်ဆောင်တွေက အမြဲ အချိတ်ဆက်မိနေတာကို တွေ့ရမှာပဲ 13 Reasons Why ပရိတ်သတ်တွေ အနေနဲ့ကတော့ လုံး၀ အကြိုက်တွေ့မယ့် Season လေးပါပဲ …
Translated & Review by Aung Htoo Khaing , Win Thein Maung , Saw Lay
Encoded by MgKyaw
Quality – Web-DL
Size – 600MB
IMDB – 7.7
Genres – Drama, Mystery