What's happening?

Video Sources 5999 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
The Policeman’s Lineage

The Policeman’s Lineage

Jan. 05, 2022119 Min.
Your rating: 0
8 1 vote

Synopsis

The Policeman’s Lineage (2022)

==============================

Our Beloved Summer အပြီး ချွဲအွန်းလေးကို လွမ်းနေဆဲဆိုတဲ့သူတွေအတွက်
မင်းသား Choi Woo Shik ပါ၀င်ထားတဲ့ ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်

ဇာတ်လမ်းနာမည် ‘ ရဲမျိုးရိုး ‘ ဆိုတဲ့အတိုင်းပဲ အဘိုးဖြစ်သူ ချွဲအူယောင်း ၊ အဖေဖြစ်သူ ချွဲဒုန်ဆူ နဲ့ ချွဲမင်ဂျယ်ဆိုတဲ့ သူတို့ မျိုးဆက်သုံးဆက်လုံးဟာ ရဲ၀န်ထမ်း လုပ်လာကြတာပဲ ဖြစ်ပါတယ် ၊ ချွဲမင်ဂျယ်ဟာ အဖေ မရှိတော့သူဖြစ်ပြီး ဆင်ဂယ်ရဲလေး
တစ်ဦးပဲ ဖြစ်ပါတယ် ၊ သူဟာ အမှုလိုက်ရဲအဖြစ် တာ၀န်ထမ်းဆောင်နေရင်း
တစ်နေ့မှာတော့ သူ့အထက်လူကြီးက သူ့ကို တာ၀န်တစ်ခု ပေးလိုက်ပါတော့တယ် ၊
သူတို့လိုပဲ နောက်ထပ် ရာထူးကြီးရဲတစ်ယောက်အကြောင်း စုံစမ်းခိုင်းတဲ့ တာ၀န်ပါ ၊
ပတ်ဂန်ယွန်းလို့ ခေါ်တဲ့သူပဲ ဖြစ်ပါတယ် ၊ သူ့ကို ရဲဌာနတွေမှာ မသိတဲ့သူဟာ မရှိသလောက်ပါပဲ ၊ သူဟာ နာမည်ကြီး ရဲတစ်ယောက် ဖြစ်ပေမယ့် တရားခံ ဖမ်းဆီးမိဖို့ဆိုရင် မသမာတဲ့ ဥပဒေဘောင်ပြင်ဘက်က နည်းလမ်းတွေကိုပါ သုံးတယ်လို့
နာမည်ထွက်နေတဲ့အတွက် ချွဲမင်ဂျယ်ကို စုံစမ်းခိုင်းတာပေါ့

ချွဲမင်ဂျယ်က အစမှာတော့ ငြင်းပေမယ့် ချွဲမင်ဂျယ်ရဲ့အဖေ ချွဲဒုန်ဆူ တာ၀န်ထမ်းဆောင်ရင်း သေခဲ့ရတဲ့ကိစ္စမှာ လူမသိသေးတဲ့ ကိစ္စရှိတယ် ဒီစုံစမ်းရေးတာ၀န်ကို လက်ခံပြီး ပြီးမြောက်ပြီဆိုမှ သူ့အဖေအကြောင်း ပြောပြမယ်လို့ အထက်လူကြီးက ပြောလိုက်ပါတယ် ၊ အဲဒါကြောင့်ပဲ သူ့အဖေသေခဲ့ရတဲ့ အကြောင်းရင်းကို သိချင်တာကြောင့် ဒီရဲကြီးရဲ့ မသမာမှုတွေကို စုံစမ်းရမယ့် တာ၀န်ကို လက်ခံလိုက်ပါတယ် ၊ သူ့ကို အဲဒီရဲ ပတ်ဂန်ယွန်းရဲ့ ဌာနကို ပြောင်းရွှေ့ပေးလိုက်ပြီး သူ့‌လက်အောက်မှာ အလုပ်စ၀င်တော့တာပေါ့

ပတ်ဂန်ယွန်းရဲ့ လက်အောက်မှာ လုပ်ပြီး တကယ်ပဲ ပတ်ဂန်ယွန်းဟာ အကျင့်ပျက်ခြစားနေတဲ့ ရဲတစ်ဦး ဖြစ်မလား ၊ သူလျှိုလုပ်ပြီး တိတ်တဆိတ် စုံစမ်းနေတဲ့
ချွဲမင်ဂျယ်ကရော တာ၀န်ကို အောင်မြင်အောင် လုပ်နိုင်မလား ၊ သူ့ရဲ့ သူလျှိုရုပ်လုံးပဲ ပေါ်သွားမလား‌ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ

Translated by C’mon, Mary Christ, Monn & Sunny

Review by Sunny

The Policeman’s Lineage
The Policeman’s Lineage
The Policeman’s Lineage
The Policeman’s Lineage
The Policeman’s Lineage
Original title 경관의피
TMDb Rating 6 4 votes

Similar titles

Holmes & Watson (2018) မြန်မာစာတမ်းထိုး
Safe (2019)
Scream VI
Rebecca
Intruder (2020)
Detective Conan: The Fist of Blue Sapphire 2019
Case 39
Alien: Covenant
Confess, Fletch
The Wailing (2016)
A Cure for Wellness
Malignant (2021)