
Rebecca (2020)
Netflix ကနေ ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ Rebecca ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး Romantic Thriller ဝတ္ထုကို အသက်သွင်းထားတာမို့ နာမည်ကိုကြားဖူးနေမှာဖြစ်သလို ဇာတ်လမ်းကလည်း တကယ်ကို ကောင်းမွန်လှပါတယ်။
မစ္စတာဒီဝင်းတားဟာ ချစ်ရသူ ရဘက်ကာဒီဝင်းတား သေဆုံးပြီးနောက် ကြေကွဲနေတဲ့ မုဆိုးဖိုလေးဟု အမျိုးသမီးတွေကြားမှာ ရေပန်းစားပါတယ်။ ရဘက်ကာရဲ့ သေဆုံးမှုဟာ ထူးဆန်းပြီး ရုတ်တရက်နိုင်လွန်းလို့ လူကုံထံအမျိုးသမီးတွေကြား ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။
ဒီလိုနဲ့ မစ္စတာဒီဝင်းတားဘဝထဲဝင်လာတာက အရိုးခံ သာမာန်မိန်းမပျိုလေး။ မစ္စတာဒီဝင်းတားရဲ့ အသည်းနှလုံးကို အရယူပြီး မန်ဒါလေဆိုတဲ့ စံအိမ်ကြီးထဲကို အိမ်ကြီးရှင်သခင်မလေးအဖြစ်ဝင်လာခဲ့တဲ့ ဒုတိယမြောက် မစ္စဒီဝင်းတားဟာ မတူညီတဲ့ အဆင့်အတန်းနှစ်ခုကြားက ကွာခြားမှုတွေကို စတင်ရိုက်ခံတာခံရပါတော့တယ်။
စံအိမ်ကြီးက အိမ်တော်ထိန်း အစေခံ မိသားစုဝင်တွေ အပြင် ချစ်လွန်းလို့ ကောက်ကောက်ပါအောင် လိုက်လာခဲ့တဲ့ ခင်ပွန်းတို့ကပါ အရင်အိမ်ကြီးရှင်သခင်မ ရဘက်ကာအကြောင်း သူ့ကို ပွင့်ပွင့်လင်းလင်း မပြောသောကြောင့် ရဘက်ကာရဲ့ အငွေ့အသက်နဲ့ လွှမ်းမိုးနေတဲ့ မန်ဒါလေစံအိမ်ကြီးကလည်း သူမအတွက် စိတ်ချောက်ချားစရာဖြစ်လာခဲ့ပါတယ်။
သူ့ဖက်မှာ ဘယ်သူမှမရှိတာမို့ မန်ဒါလေစံအိမ်ဟာ လျှို့ဝှက်သော တိတ်ဆိတ်သော ပဟေဠိတွေနဲ့ ပြည့်နေသော နေရာ..ချစ်ရတဲ့ခင်ပွန်းကလည်း လျှို့ဝှက်ချက်တွေအပြည့်နဲ့ ယောက်ျား..သူမကို အိမ်ရဲ့ သခင်မအသစ်ပါဟု နည်းနည်းမှ လက်မခံတဲ့ အိမ်တော်ထိန်းတို့ရဲ့နောက်ကွယ်မှာ ရဘက်ကာဆိုတဲ့ အမျိုးသမီးရဲ့ဘယ်လိုအကြောင်းတွေရှိနေမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။
Translated and Review by YM & Faith
Encoded By A Nyo
Quality-Webrip
Genre-Drama, Mystery, Romance
Size-300/900 mb
Imdb-6.0
link လေးပြန်ပြင်ပေးပါအုန်း🙏