
The Boss Baby (2017)
=========================
ဒီဘော့စ်ဘေဘီကားလေးကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင် တင်မ်ဆိုတဲ့ကောင်လေးက မိဘတွေရဲ့ဂရုစိုက်မှုတွေကို အလုံးစုံရနေတဲ့ ကလေးတစ်ယောက်ပေါ့။ သူရဲ့မိဘတွေက ဘယ်လောက်ပဲ အလုပ်များများ သူ့အတွက်အချိန်ကိုတော့ သေချာလေးဖယ်ထားပေးကြတယ်။ သူနဲ့အတူဆော့ပေးတယ် အိပ်ယာဝင်ခါနီးရင်လည်း ပုံပြင်ပြောပြတယ် သီချင်းဆိုပြတယ် ဒီလိုမျိုး သူတစ်ယောက်တည်း
မိဘတွေရဲ့အချစ်တွေရော အချိန်တွေရောကို အပိုင်ရနေတာပေါ့။
ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိဘတွေရဲ့အချစ်တွေရော အချိန်တွေရောကိုလုယူမယ့် ကလေးလေးတစ်ယောက် သူတို့မိသားစုထဲကို ရောက်လာပါတော့တယ်။ အဲဒီကလေးလေးကတော့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်လေးဖြစ်တဲ့ ဘော့စ်ဘေဘီလေးပေါ့။ အဲဒီဘော့စ်ဘေဘီလေးက တင်မ်ရဲ့ညီဖြစ်သူအနေနဲ့ သူတို့မိသားစုထဲကို ဝင်လာပြီးတဲ့နောက်မှာတော့ သူ့မိဘတွေက တင်မ့်အတွက် အချိန်မပေးနိုင်ကြတော့ပါဘူး။
အားလုံးလည်းသိတဲ့အတိုင်း ကလေးတစ်ယောက်ကိုထိန်းရတယ်ဆိုတာ အချိန်တွေရောလူတွေရော အားစိုက်ထုတ်ရတဲ့အလုပ်တစ်ခုပဲလေ။ အဲဒီတော့ ဒီကလေးလေးအပေါ်မှာပဲ မိဘတွေကအာရုံစိုက်နေတော့ တင်မ်တစ်ယောက် ဘော့စ်ဘေဘီလေးကို မနာလိုဖြစ်လာပါတော့တယ်။ နောက်ပိုင်းမှာ ဘော့စ်ဘေဘီလေးက ဒီမိသားစုထဲကို မစ်ရှင်တစ်ခုကြောင့် ရောက်လာတယ်ဆိုတာ တင်မ်တစ်ယောက် သိသွားပါရော။ အဲဒီနောက်မှာတော့ ဘော့စ်ဘေဘီလေးရဲ့ အကြံအစည်တွေကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။
တင်မ်တစ်ယောက် ဘော့စ်ဘေဘီလေးရဲ့ အကြံအစည်တွေကို ဖော်ထုတ်နိုင်မှာလား..
ဘော့စ်ဘေဘီလေးရဲ့ မစ်ရှင်ကကော ဘာလဲ..
နောက်ပိုင်းမှာ သူတို့နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ.. ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်
Translated and Review by Winter
* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework
Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11
=======================
Good