
Figli (2020)
==========
ယခုတစ် ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Figli ဆိုတဲ့ ကားလေးပါ Italy ကရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ Imdb ကတော့ 6.1 အထိရရှိထားပါတယ်။ ဇာတ်လမ်းလေးကတော့ အိမ်ထောင်ရေးအကြောင်းကိုရိုက်ကူးပြထားတာပါ။ သားသမီးဖက်ကိုရော မိဘဖက်ကိုပါ မျှတအောင် ဆွဲပြီးတော့ရိုက်ကူးပေးထားတဲ့ကားလေးပါ။ မိဘတွေလည်း ပထမကလေးလာရင် ဘယ်လိုတွေခံစားရတယ်။ ကလေးတွေကရော သူတို့ဖက်မှာဘယ်လိုတွေခံစားရတယ် ဆိုတာကိုပေါ့။
ဇာတ်လမ်းလေးကတော့ ဆာရာနဲ့ နီကိုး ဆိုတဲ့ အိမ်ထောင်ကျပြီးသား အတွဲလေးတစ်တွဲရှိပါတယ်။ ဆာရာကလည်း အလုပ်နဲ့ နီကိုး ကလည်းအလုပ်နဲ့ပါ။ သူတို့ရဲ့သမီးဥိးလေးတစ်ယောက် အန်နာဆိုတဲ့သူတော့ရှိပါတယ်။ ဒါပေမယ့်လည်းသူတို့တွေက ဒုတိယကလေးတစ်ယောက်ကို အရမ်းလိုချင်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲယူခဲ့ကြတယ်ပေါ့။ အဲ့ဒီဒုတိယကလေးတစ်ယောက်ရောက်လာတဲ့အချိန်ကစပြီးတော့ ဆာရာ နဲ့ နီကိုးက မတည့်ကြတော့ပါဘူး။ ဘာလို့လည်းဆိုတော့ နစ်ယောက်လုံးက အလုပ်နဲ့ပြီးတော့ ကလေးတစ်ယောက်ကိုလည်း ထိန်းရသေး။ နောက်တစ်ယောက်ပါထပ်ပြီးတော့ရောက်လာပြန်တဲ့အတွက်ပါ။ ဒီလိုနဲ့ပဲ သူတို့တွေရန်ဖြစ်နေကြတော့ ဒုတိယကလေးလေးကို ဆာရာ့အမေဆီမှာ သွားပြီးတော့ ခဏအပ်ထားဖို့ ပြင်ဆင်ကြပါတော့တယ်။ ဘယ်လိုမှအဆင်မပြေခဲ့တဲ့အဆုံးမှာတော့ သူတို့တွေလက်လျော့ပြီး အိမ်ကိုသာပြန်လာခဲ့ပါတယ်။
နောက်တစ်ရက်ကျတော့ နီကိုးက သူ့အဖေနဲ့ တွေ့စရာရှိတယ်ဆိုပြီးတော့ ကလေးကို သူ့အဖေလက်ထဲအပ်ဖို့ကြိုးစားပြန်ပါတယ်။ မရပါဘူး အဆင်မပြေခဲ့ဘူး။ ဒီလိုနဲ့သူတို့တွေ ကြံရာမရတဲ့အဆုံး ကလေးထိန်းပါငှားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့တွေနစ်ယောက်က ရန်ဖြစ်နေကြတုန်းပါ။ သူတို့တွေရန်ဘယ်လောက်ထိဖြစ်နိုင်မလဲ အန်နာက ရော သူတို့တွေရန်ဖြစ်တာကြောင့်ကလေးတစ်ယောက်စိတ်ထဲ ဘယ်လိုခံစားရမလဲဆိုတာ သေချာရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။
Translated and Review by KyawHtet WinThein
Encoded by Noah
Quality – Webrip
Size – 1GB / 370MB
IMDB – 6.1
Genres – Comedy
Run Time – 1 Hr 37 mins