Memoirs of a Geisha (2005) မြန်မာစာတမ်းထိုး
IMDB (7.4)
ဒီတစ်ခါတင်ဆက်ပေးသွားမယ့်ဇာတ်ကားကတော့ Memoirs of Geisha ဆိုတဲ့ ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဂေးရှားမယ်ဆိုတာနဲ့ ဂျပန်ပြည်မှ အဆို အက တို့နဲ့ဖျောဖြေတင်ဆက်ပေးကြတဲ့မိန်းမပျိုလေးတွေဖြစ်တယ်ဆိုတာကိုတန်းသိကြမှာပါ။ ဒါပေမယ့် ဒီကားက ဂေးရှားအကြောင်းကိုအဓိကထားတင်ဆက်ထားပေမယ့်လို့ ဂျပန်ကရိုက်ကူးထားမဟုတ်ပါဘူး.. ဟောလီးဝုဒ် ဒါရိုက်တာ Rob Marshall ကရိုက်ကူးထားပြီးတော့ တရုတ်ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ Zhang ziyi, Gong li , နဲ့ Michelle yeoh တို့က ပါဝင်သရုပ်ဆောင်ပြီး English စကားပြောဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Rating အနေနဲ့တော့ 7.4 အထိရရှိထားပြီး box office အနေနဲ့လည်း 162 millions ရရှိထားတဲ့ကားလေးပါ..
ဇာတ်ညွန်းအနေနဲ့ပြောရရင်.. ချီယို ဆိုတဲ့ကောင်မလေးဟာဆိုရင် ဂျပန်နိုင်ငံရဲ့ပင်လယ်ကမ်းခြေဒေသ ငါးဖမ်းရွာလေးမှာနေတဲ့သုတစ်ယောက်ပါ။ သူမ ရဲ့အမေနာတာရှည်နေမကောင်းဖြစ်နေသူဆုံးပါးသွားတော့ အဖေဖြစ်သူဟာ အီချိရို တာနကစံဆီမှာ ချီယိုနဲ့ ချီယိုရဲ့အမဖြစ်သူ ဆစုတို့ကိုထည့်ပေးလိုက်ပါတယ်။ တာနကစံကတော့ ချီယိုရဲ့ မီးခိုးရောင်အရည်ရွှန်းလက်တဲ့မျက်လုံးကိုတွေ့ပြီး အိုကီရာဆိုတဲ့ဂေးရှားအိမ်မှာရောင်းစားလိုက်ပါတယ်။ ဒါပေမယ့် ဂေးရှားအိမ်ကအမေကြီးကတော့ ချီယိုတစ်ယောက်တည်းကိုသာရွေးပြီးတော့ ဆစုကိုတော့မရွေးခဲ့ပါဘူး။ အစ်မဖြစ်သူနဲ့ ခွဲရ ပြီး ချီယိုတစ်ယောက် အိုကီိရာမှာနေရင်း သူမနဲ့ရွယ်တူ ရွှေဖရုံဆိုတဲ့ကောင်မလေးနဲ့ ရင်းနှီးနေခဲ့တယ်။ချီယိုဟာ စည်းကမ်းကြီးပြီးလောဘတတ်တဲ့ အမေကြီးရယ် အိုကီရာဂေးရှားအိမ်ရဲ့အကျင့်ပုတ်တဲ့အလှဆုံးဂေးရှားမယ် ဟာစုမိုမိုတို့ရဲ့ တောက်တိုမယ်ရတွေလုပ်ပြီး ဂေးရှားလုပ်ဖို့ လေ့ကျင့်နေခဲ့ရပါတယ်။လအနည်းငယ်ကြာတဲ့အခါမှာတော့ ချီယိုဟာ အမဖြစ်သူကိုရှာတွေ့ပြီး ညီအစ်မ၂ယောက် ဇာတိကိုထွက်ပြေးဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ချီယိုထွက်ပြေးမယ့်ညမှာ အိုကီရာအိမ်ဟာ တံခါးတွေအကုန်ပိတ်ထားတာကြောင့် သူမဟာ ခေါင်မိုးပေါ်ကနေတတ်ပြီးခိုးထွက်ဖို့လုပ်ခဲ့ပေမယ့် ပြုတ်ကျပြီးတော့ လက်ကျိုးသွားခဲ့ပါတယ်။အိုကီရာကနေထွက်ပြေးဖို့လုပ်ခဲ့တာကြောင့် အမေကြီးဟာ ချီယိုအတွက်ဂေးရှာကျောင်းစရိတ်ကိုမပေးတော့ပါဘူး အဲ့အစား ချီယိုကို အိုကီရာမှာ သူမရဲ့အဖိုးအခမကြေမချင်း အစေခံလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ချီယိုဟာ ၂နှစ်လောက်အစေခံအဖြစ်အလုပ်လုပ်ပြီးတဲ့နောက်မှာတော့ သူမဟာ စမ်းချောင်းဘေးမှာထိုင်ငိုနေတုန်း ရုပ်ရည်ချောမောတဲ့ဥက္ကဌဆိုသူယောကျာင်္းတစ်ယောက်ဟာ သူမကိုနှစ်သိမ့်ခဲ့ပြိး အကြွေစေ့အနည်းငယ်ကိုပေးခဲ့ပါတယ်။ အဲ့ဒီနေ့ကစပြီး ချီယိုဟာ ဥက္ကဌဘေးမှာလှလှပပလေးရပ်ပြီးတွဲသွားနိုင်တဲ့ဂေးရှားမယ်တစ်ဦးဖြစ်ချင်လာခဲ့ပါတယ်။ ဥက္ကဌပေးတဲ့အကြွေစေ့ဟာ ဆန်ဖူဖူလုံလုံဝယ်နိုင်ဖို့လောက်ပေမယ့် ချီယိုဟာ ဘုရားကျောင်းဆီပြေးသွားပြီး ဂေးရှားတစ်ယောက်ဖြစ်လာဖို့အတွက်ပဲဆုတောင်းပြီးလှူ ခဲ့ပါတယ်။
ချီယိုရဲ့ဆုတောင်းတွေပြည့်လာတယ်ပဲပြောရမလား.. အဲ့ဒီနောက် နှစ်အနည်းငယ်ကြာတော့ မာမဲဟာဆိုတဲ့ဂေးရှားတစ်ယောက်ဟာ ချီယိုရဲ့ အလှအပကိုအသိအမှတ်ပြု ပြီး ဂေးရှားတစ်ယောက်ဖြစ်လာအောင်လုပ်ပေးဖို့ အိုကီရာကိုရောက်ရှိလာခဲ့ပါတယ်။ မာမဲဟာ ဟာချီယိုအတွက်ဂေးရှားကျောင်းစရိတ်ကို သူမထောက်ပံပေးပြီး သူမရဲ့ကျန်ရှိနေသေးတဲ့အစေခံစရိတ်တွေကိုပေးပြီး ချီယိုကို ဂေးရှားတစ်ယောက်ဖြစ်လာအောင်လို့ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်.။
အချိန်၂နှစ်ကြာသင်ကြားပြီးတဲ့နောက်မှာတော့ ချီယိုဟာ ဂေးရှားတစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေပြည့်စုံပြီး ပွဲဦးထွက်ဖို့ဖြစ်လာပါတယ်။ ဂေးရှားတစ်ယောင်အနေနဲ့ ပွဲဦးထွက်ပြီးတဲ့အခါမှာတော့ ချီယိုဟာ မာအီကိုနာမည် ဆာယူရီဆိုတဲ့နာမည်လှလှလေးရခဲ့ပါတယ်။ ချီယို ဂေးရှားဖြစ်ပြီးတဲ့နောက်မှာတော့ သူမငယ်ငယ်ကတွေ့ခဲ့တဲ့ ဥက္ကဌနဲ့ပြန်တွေ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမယ့် မာမဲစာကတော့ ချီယိုကို ဥက္ကဌ ဘေးမှာမနေခိုင်းပဲ နိုဘူဆိုတဲ့ ဂေးရှားတွေကိုစိတ်မဝင်စားတဲ့ သူဌေးဆီမှာသာသွားဖို့ပြောလာခဲ့ပါတယ်။ ချီယိုဟာ မာမဲဟာရဲ့စကားကိုမလွန်ဆန်နိုင်ပဲ သူမချစ်ရတဲ့ ဥက္ကဌ ရဲ့ စီးပွားရေးပါတနာတွေဖြစ်တဲ့ နိုဘုဘေးနားမှာနေရင်း ကြေးအမြင့်ဆုံးဂေးရှားမယ်တစ်ယောက်ဖြစ်လာဖို့ကြိုးစားလာခဲ့တဲ့အချိန်နောက်မှာတော့..
သူမရဲ့ဂေးရှားကြေးအမြင့်ဆုံးကို ဝယ်တဲ့သူက ဘယ်သူဖြစ်မလဲ..
သူမငယ်ငယ်ကတည်းကနေချစ်ခဲ့ရတဲ့ ဥက္ကဌနဲ့ ဆုံဆည်းရမလားအမေရိကန်နဲ့စစ်ဖြစ်ပြီးတဲ့နောက် ဂေးရှားတွေရဲ့ဘဝဟာ ဘယ်လိ်ုဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါအုံးနော်..
IMDB : 7.4
Genre : Drama /Romance
Quality : Bluray
Run Time : 2h 25min
Size : 1GB /420 MB
Translated by Mayra Lajawn
Reviewed by Mayra Lajawn
Encoded by Ar Ker Lin (14)